𝗛𝘆𝗱𝗿𝗮𝘂𝗹𝗶𝗰 ပိုက်ပေါက်ခြင်း (သို့မဟုတ်) ယိုစိမ့်မှု ဖြစ်ပါက ဘာလုပ်သင့်လဲ?
1. စက်ကိုချက်ချင်းရပ်ပါ။ Hydraulic Excavator ကြီးများမှာ အချိန်ကာလကြာလာသည်နှင့်အမျှ Hydraulic Seal များ မကောင်းသောကြောင့်လည်းကောင်း အယိုအစိမ့် ဖြစ်လာနိုင်ပါတယ်။ Hydraulic ယိုစိမ့်မှုများကြောင့် Hydraulic ဆီ ဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ်။ Hydraulic ပိုက်ပေါက်ခဲ့ပါက Hydraulic ဆီဆုံးရှုံးမှု ကို ဖြစ်စေရုံမကပဲ အနီးရှိလူကိုလည်း ထိခိုက်မှုများ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းလုပ်နေစဉ် Hydraulic ပိုက်များပေါက်သွားပါက စက်ကို ချက်ချင်းရပ်ပါ။ 2. ယိုစိမ့်မှုနေရာကို ရှာဖွေပါ။ နေ့စဉ် Walk Around Check စစ်ဆေးခြင်းနှင့်အတူ ဆီယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးပေးပါက ပိုကောင်းပါတယ်။ အလုပ်ပြီး၍ စက်ရပ်နားချိန်တွင် ဆီစွန်းနေသည့် အစိတ်အပိုင်းများ ရှိ/မရှိ Read more…









