Tooth

မြေတူးစက်တစ်စီး၏ မြေကြီးတူးနိုင်သောစွမ်းရည်သည် ၄င်းတွင် တပ်ဆင်ထားသော ဂေါ်ခွက်အရွယ်အစားနှင့် ပုံစံအမျိုးအစားပေါ်တွင် တိုက်ရိုက် ပတ်သက် ဆက်စပ်လျှက်ရှိသည်။ ထိုသို့ဆိုလျှင် ဂေါ်ခွက်တွင် တပ်ဆင် အသုံးပြုသော ဂေါ်စွယ်၏ အရွယ်အစားနှင့် ပုံစံအမျိုးအစားသည်လည်း အရေးပါသည့်အချက်အဖြစ် ထည့်သွင်း စဉ်းစားရပေမည် ဖြစ်သည်။ ၄င်းအပြင် မြေကြီးတူးနိုင်မှုစွမ်းရည်ပြည့်မီသော်လည်း ဂေါ်စွယ်အသုံးခံနိုင်မှုဆိုသော သက်တမ်းပြည့်အသုံးပြုနိုင်ပါမှ စီးပွားရေးအရ တွက်ချေကိုက်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဂေါ်စွယ်တစ်ခု၏ အရည်အသွေးများမှာ – ၁။ ပွန်းစားမှုဒဏ်ခံနိုင်ခြင်း (ဝါ) သက်တမ်းပြည့် ကြာရှည်စွာ အသုံးပြုနိုင်ခြင်း၊ ၂။ တူးရမည့်မြေအမျိုးအစား အမျိုးမျိုးအတွင်း လွယ်ကူစွာ ထိုးဖောက် တူးဆွနိုင်ခြင်း၊ ၃။ ထိုးဖောက် တူးဆွရာတွင် ဆောင့်အားဒဏ် ခံနိုင်ရည် ရှိခြင်း၊ တို့ဖြစ်ပါသည်။ Read more…

Paper Filter စက္ကူစစ်အကြောင်း

အရည်တစ်မျိုးမျိုးတွင်ရှိနေသော အမှုန်အမွှားများကို ဖယ်ရှားလိုလျှင်လည်းကောင်း၊ သို့မဟုတ် စီးဆင်းနေသောလေထဲတွင် ပါရှိနေသော အမှုန်အမွှားများကို ဖယ်ရှားလိုလျှင်လည်းကောင်း အသုံးပြုသည့် စက္ကူအမျိုးအစားကို စက္ကူစစ်ဟုခေါ်သည်။ အဆိုပါစက္ကူစစ်များကို လက်တွေ့စမ်းသပ်ခန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် မော်တော် ယာဉ်များတွင် အသုံးပြုကြသည်။ ၄င်းတို့အထဲမှ မော်တော်ယာဉ်လောကနှင့်အတူ ယန္တရားလောကတွင် အသုံးပြုသော စက္ကူအခြေခံထုတ်လုပ်ထားသည့် စက္ကူစစ်များမှာ လေစစ် (Air Cleaner)၊ လောင်စာဆီစစ် (Fuel Filter)၊ အင်ဂျင်ဝိုင်ဆီစစ် (Engine Oil Filter)၊ ထရမ်မစ်ရှင်းဆီစစ် (Transmissionn Oil Filter) နှင့် ဟိုက်ဒရောလစ်ဆီစစ် (Hydraulic Oil Filter) တို့ ဖြစ်ကြပါသည်။ စက္ကူစစ်အမျိုးအစားသည် သက်ဆိုင်ရာ စစ်ရမည့်အရည်အမျိုးအစား(လေအပါအ၀င်)နှင့် လိုက်လျောညီထွေရှိရမည်ဖြစ်ပြီး အမှုန်အမွှားစစ်ထုတ်ပေးနိုင်ရမည် Read more…