𝗦𝘁𝗮𝗿𝘁𝗲𝗿 𝗠𝗼𝘁𝗼𝗿 ဆိုသည်မှာ Engine တစ်လုံးကို စက်နှိုးရန် ဘတ္ထရီမှ လျှပ်စစ်ဓာတ်အားကိုအသုံးပြု၍ စတင်လှည့်ပတ်မောင်းနှင်ပေးသည့် လျှပ်စစ်မော်တာဖြစ်ပါသည်။ Starter Motor ကို Engine Block ၏ Flywheel Casing တွင် တပ်ဆင်ထားပါသည်။ စက်မောင်းနှင်သူ (Operator) မှ သော့အုံ (Ignition Switch)ကို လှည့်၍ စက်နှိုးလိုက်သည်နှင့် Starter Motor သည် Engine Flywheel ကို အမြန်နှုန်းဖြင့် လှည့်ပါသည်။ ထိုလည်ပတ်မှုကြောင့် Engine သည် သူ၏ လုပ်ဆောင်ချက်များအတိုင်း စတင်လည်ပတ်၍ စက်နိုးပါသည်။ Starter Motor ကောင်းမွန်စွာအလုပ်လုပ်စေရန် လျှပ်စစ်ဓာတ်အားကို ဘတ္ထရီမှ ထောက်ပံ့ပါသည်။ ဘတ္ထရီ အားမရှိလျှင်သော်လည်းကောင်း အားနည်းလျှင်သော်လည်းကောင်း Starter Motor သည် အင်ဂျင်ကိုလှည့်မွှေ့နိုင်ရန် လုံလောက်မှုမရှိသောကြောင့် အင်ဂျင်မနိုးနိုင်ပါ။

Starter Motor တစ်လုံးတွင် 𝗔𝗿𝗺𝗮𝘁𝘂𝗿𝗲, 𝗙𝗶𝗲𝗹𝗱 𝗖𝗼𝗶𝗹𝘀, 𝗖𝗼𝗺𝗺𝘂𝘁𝗮𝘁𝗼𝗿, 𝗕𝗿𝘂𝘀𝗵𝗲𝘀, 𝗦𝗼𝗹𝗲𝗻𝗼𝗶𝗱, 𝗟𝗲𝘃𝗲𝗿 𝗙𝗼𝗿𝗸, 𝗣𝗶𝗻𝗶𝗼𝗻 စသည့် အစိတ်အပိုင်းများပါရှိသည်။

🔺𝗔𝗿𝗺𝗮𝘁𝘂𝗿𝗲
Armature သည် Starter Motor ၏ အူတိုင်တွင် လည်ပတ်သော လျှပ်စစ်သံလိုက် အစိတ်အပိုင်းဖြစ်ပါသည်။ ထို့ကြောင့် Rotor ဟုလည်းခေါ်ကြပါသည်။

🔺𝗙𝗶𝗲𝗹𝗱 𝗖𝗼𝗶𝗹𝘀
Field Coils ဆိုသည်မှာ Housing တွင် screw များဖြင့်တပ်ဆင်ထားသော Coil များ ဖြစ်ပါသည်။ ၎င်း Coil များသည် Battery မှလာသော လျှပ်စစ်စွမ်းအင်ကို လျှပ်စစ်သံလိုက်အဖြစ်ပြောင်းလဲ၍ Armature ပတ်ပတ်လည်တွင် လျှပ်စစ်သံလိုက်စက်ကွင်းကို ဖြစ်ပေါ်စေပြီး Armature ကိုလည်ပတ်စေပါသည်။

🔺𝗖𝗼𝗺𝗺𝘂𝘁𝗮𝘁𝗼𝗿
Commutator ဆိုသည်မှာ Armature ၏ အူတိုင်နောက်ဘက်တွင်ရှိသော ကြေးပြားမျာဖြင့်ဖွဲ့စည်းထားသော အစိတ်အပိုင်းဖြစ်ပါသည်။ Commutator သည် Rotor တွင် ကွိုင်ပတ်ထားသောကြေးနန်းကြိုးများအတွင် စီးဆင်းနေသော လျှပ်စီးကြောင်း (Current) စီးဆင်းမှုကို ဦးတည်ရာတူညီစေရန် လုပ်ဆောင်ပေးပါသည်။

🔺𝗕𝗿𝘂𝘀𝗵𝗲𝘀
Brush များသည်ကာဗွန် (သို့မဟုတ်) ဂရက်ဖိုက် ဖြင့်ပြုလုပ်ထားပါသည်။ Brush များသည် Starter Motor ၏နောက်ဘက်တွင် Brushes Holder ဖြင့်တပ်ဆင်ထားပါသည်။ Armature, Commutator များလည်သည့်အခါ Commutator သို့လျှပ်စီးကြောင်းပြတ်တောက်မသွားစေရန် လည်ပတ်နေသော Commutator မျက်နှာပြင်ပေါ်သို့ ထောက်၍ တပ်ဆင်ထားပါသည်။ Brush များသည် Armature လည်သည့် အချိန်တိုင်း ပွတ်တိုက်နေသဖြင့် ပွန်းစား၍ တိုသွားသည့်အခါ အသစ်လဲလှယ်ရန်လိုအပ်ပါသည်။

🔺𝗦𝗼𝗹𝗲𝗻𝗼𝗶𝗱 𝗮𝗻𝗱 𝗟𝗲𝘃𝗲𝗿 𝗙𝗼𝗿𝗸
Solenoid သည် အင်ဂျင်စက်နှိုးသည့်အခါတွင် Starter Motor ၏ Pinion နှင့် အင်ဂျင်၏ Flywheel မှ Gear သွားများကို ချိတ်ဆက်ပေးရန် အဓိကလုပ်ဆောင်ပေးသော အစိတ်အပိုင်းဖြစ်ပါသည်။ ဘတ္ထရီမှ လျှပ်စစ်ရောက်လာသည့်အခါ Solenoid အတွင်းရှိ Coil များသည် လျှပ်စစ်သံလိုက်စက်ကွင်းကို ဖြစ်ပေါ်စေပြီး Plunger ကို အတွင်းသို့ဆွဲငင်၍အလျှားလိုက်ရွေ့လျားစေပါသည်။ ထိုအခါ Plunger သည် ရှေ့တိုးနောက်ဆုတ်လုပ်၍ Starter Motor ၏ Pinion ကို Flywheel မှ Gear သွားများသို့ ချိတ်ဆက်ခြင်း ဖယ်ခွာခြင်းကိုလုပ်ဆောင်ပေးပါသည်။ ထို Plunger နှင့် Pinion ကို Lever Fork ဖြင့်ချိတ်ဆက်ထားသဖြင့် Pinion သည် Plunger နောက်ဆုတ်သည့်အခါ အရှေ့သို့ထွက်လာပြီး Flywheel သို့သွားရောက်ချိတ်ဆက်၍ အင်ဂျင်ကို စတင်လည်ပတ်စေပါသည်။

🔺𝗣𝗶𝗻𝗶𝗼𝗻
Pinion သည် Starter Motor ၏ အရှေ့ပိုင်းတွင် ရှိ၍ Armature (Rotor) နှင့် တဆက်တည်းဖြစ်သည့်အတွက် Armature လည်သည်နှင့် Pinion မှတဆင့် အင်ဂျင်ကို စတင်လည်ပတ်စေပါသည်။

Starter Motor ၏ အစိတ်အပိုင်းများသည် သော့လှည့်သည်နှင့် တနည်းအားဖြင့် ဘတ္ထရီမှ လျှပ်စစ်ရောက်လာသည်နှင့် Rotor လည်ပတ်ခြင်း၊ Pinion ကိုတွန်းထုတ်၍ Flyweel နှင့်ချိတ်ဆက်ခြင်း စသည့်တာဝန်များကို တပြိုင်နက်တည်း လုပ်ဆောင်ပါသည်။ ထို့ကြောင့် သော့လွှတ်လိုက်သည်နှင့် Rotor မလည်တော့ပဲ Pinion သည်လည်း Flyweel နှင့် ချိတ်ဆက်မှုမရှိတော့ပါ။ ထို့ကြောင့် အင်ဂျင်နိုးသည်နှင့် သော့ကိုလွှတ်လိုက်သည့်အခါ အင်ဂျင်သည် Starter Motor နှင့် ချိတ်ဆက်မှုရှိမနေတော့ပဲ အလွတ်လည်ပတ်ပါသည်။ ထိုကဲ့သို့အဆင့်ဆင့် လုပ်ဆောင်၍ အင်ဂျင်ကိုစက်နိုးစေပြီး အင်ဂျင်နိုးသည့်အခါတွင်လည်း အင်ဂျင်လည်ပတ်မှုကြောင့် Starter Motor ကိုထိခိုက်ခြင်းမရှိစေရန် ကာကွယ်ပြီးဖြစ်ပါသည်။

တန် ၂၀၊ တန် ၃၀ Excavator စက်များအတွက် အရည်အသွေးမြင့် 𝗦𝘁𝗮𝗿𝘁𝗲𝗿 𝗠𝗼𝘁𝗼𝗿 များကို 𝐑𝐞𝐚𝐥 𝐏𝐨𝐰𝐞𝐫 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨.,𝐋𝐭𝐝 တွင် ဝယ်ယူရရှိနိုင်ပါပြီ

Categories: PostSocial