ယခင်အပါတ်တွင် အင်ဂျင်၏ လေလိုင်းစနစ်များအကြောင်း ဆွေးနွေးခဲ့ရာ ယခုတစ်ပါတ်တွင် အင်ဂျင်တွင်ပါဝင်သောဆီလိုင်းစနစ် များအကြောင်းကို တင်ပြသွားပါမည်။ အင်ဂျင် တစ်လုံးစတင်လည်ပါတ်ရန် လောင်စာဆီသည် အလွန်အရေးကြီးဆုံးသော မရှိမဖြစ် အရာတစ်ခုပင်ဖြစ် ပါသည်။ အရေးပါလှသော ဒီဇယ်ဆီများကို စနစ်တကျ ပေါက်ကွဲလောင်ကျွမ်းပြီး အင်ဂျင်တစ်လုံး စွမ်းအားပြည့် လုပ်ဆောင်နိုင်ရန် လောင်စာဆီ အရည်သွေးကောင်းပြီး သန့်ရှင်းမှု့မှာ အရေးပါလှပြီး ဆီလိုင်းစနစ်တစ်ခုလုံးရှိ အပိုပစ္စည်းများအားလုံး စီစဉ်တစ်ကျ မှန်ကန်စွာလုပ်ဆောင်ချက်များသည် အရေးအကြီးဆုံးဖြစ်ကြပါသည်။ လောင်စာဆီများ၏ အရည်အသွေးများကြောင့် အင်ဂျင်တစ်လုံး၏ စွမ်းဆောင်ရည်ကျဆင်းနိုင်သကဲ့သို့ ဆီလိုင်းရှိပစ္စည်းများ ချို့ယွင်းချက်ရှိခဲ့လျှင်လည်း အင်ဂျင်တစ်လုံး ကောင်းမွန်စွာ လည်ပါတ်နိုင်မည်မဟုတ်ပါ။ အင်ဂျင်တစ်လုံး၏ ဆီလိုင်းစနစ်တွင် အဓိကကျသော အစိတ်အပိုင်းများမှာ Fuel Tank, Fuel Line, Fuel Filters, Read more…