အရည်တစ်မျိုးမျိုးတွင်ရှိနေသော အမှုန်အမွှားများကို ဖယ်ရှားလိုလျှင်လည်းကောင်း၊ သို့မဟုတ် စီးဆင်းနေသောလေထဲတွင် ပါရှိနေသော အမှုန်အမွှားများကို ဖယ်ရှားလိုလျှင်လည်းကောင်း အသုံးပြုသည့် စက္ကူအမျိုးအစားကို စက္ကူစစ်ဟုခေါ်သည်။
အဆိုပါစက္ကူစစ်များကို လက်တွေ့စမ်းသပ်ခန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် မော်တော် ယာဉ်များတွင် အသုံးပြုကြသည်။ ၄င်းတို့အထဲမှ မော်တော်ယာဉ်လောကနှင့်အတူ ယန္တရားလောကတွင် အသုံးပြုသော စက္ကူအခြေခံထုတ်လုပ်ထားသည့် စက္ကူစစ်များမှာ လေစစ် (Air Cleaner)၊ လောင်စာဆီစစ် (Fuel Filter)၊ အင်ဂျင်ဝိုင်ဆီစစ် (Engine Oil Filter)၊ ထရမ်မစ်ရှင်းဆီစစ် (Transmissionn Oil Filter) နှင့် ဟိုက်ဒရောလစ်ဆီစစ် (Hydraulic Oil Filter) တို့ ဖြစ်ကြပါသည်။
စက္ကူစစ်အမျိုးအစားသည် သက်ဆိုင်ရာ စစ်ရမည့်အရည်အမျိုးအစား(လေအပါအ၀င်)နှင့် လိုက်လျောညီထွေရှိရမည်ဖြစ်ပြီး အမှုန်အမွှားစစ်ထုတ်ပေးနိုင်ရမည် ဖြစ်သည့်အတွက် ရိုးရိုးသာမာန် စက္ကူအမျိုးအစားမဟုတ်တာတော့ သေချာပါတယ်။
စက္ကူစစ်တစ်ခု၏ လိုအပ်သော အရည်အသွေးများမှာ အရည်နှင့်အချိန်ကြာရှည်စွာ ထိတွေ့သော်လည်း မပျက်စီးခြင်း၊ ဆီအ ရည်စီးထွက်နိုင်သော သေးငယ်သည့်အပေါက်ငယ်လေးများ ပါရှိခြင်း၊ အချိန်တိုအတွင်း အရည်ပမာဏများများ စစ်ထုတ်ပေး နိုင်ခြင်းနှင့် တည်ဆောက်ပုံ ကြံ့ခိုင်မှုရှိခြင်းတို့ ဖြစ်ကြသည်။
အရည်နှင့်အချိန်ကြာရှည်စွာ ထိတွေ့သော်လည်း မပျက်စီးခြင်းစေရန်အတွက် စက္ကူစစ်၏ စက္ကူအမျိုးအစား(အသား)သည် သက်ဆိုင်ရာအရည်အမျိုးအစားနှင့် အရည်အသွေးကိုက်ညီသည့် ကုန်ကြမ်းများနှင့်ထုတ်လုပ်ကြသည်။ သစ်မာများ၊ သစ်ပွ များ၊ ကောက်ပဲသီးနှံပင်တို့မှရရှိသော လျှော်မျှင်များနှင့် တွင်းထွက် လျှော်မျှင်များသည် အဆိုပါဆီစစ် စက္ကူထုတ်လုပ်ရန် အတွက် အဓိကကုန်ကြမ်းများဖြစ်သည်။
ဆီအရည်စီးထွက်နိုင်သော သေးငယ်သည့်အပေါက်ငယ်လေးများ ပါရှိစေရန်အတွက် အထက်ဖော်ပြပါကုန်ကြမ်းများကို အဆင့်ပေါင်းများစွာ၊ နည်းပညာပေါင်းများစွာဖြင့် ထုတ်လုပ်ရပါသည်။ အဆိုအပေါက်လေးများ၏ အရွယ်အစားကို မိုက်ခရွန် (Micron)နှင့်ဖော်ပြကြပြီး ၄င်းကိုစစ်ပေးနိုင်မှု(Filtration)ဟု ခေါ်ကြသည်။ ယနေ့မျက်မှောက်ကာလတွင် လောင်စာဆီစစ် တစ်ခု၏ စစ်ပေးနိုင်မှုသည် ၂ မိုက်ခရွန်ထိ ထုတ်လုပ်လာကြသည်။ (လူ၏ဆံချည်မျှင် အချင်းအရွယ်အစားသည် ၄၀ မှ ၅၀ မိုက်ခရွန်ထိရှိသည်။)
အချိန်တိုအတွင်း အရည်ပမာဏများများ စစ်ထုတ်ပေးနိုင်ရန်အတွက် စက္ကူမျက်နှာပြင်ဧရိယာများဖို့ လိုပါသည်။ ဆိုလိုတာက တော့ ဆီစစ်အတွင်းပါရှိတဲ့ စက္ကူကို အရွယ်အစားကြီးကြီးအသုံးပြုပြီး ယပ်တောင်ခေါက်သလိုမျိုး ခေါက်၍ ထည့်သွင်းတပ် ဆင်ထားပါသည်။ ထို့ကြောင့် စက္ကူအခေါက်အရေအတွက် များများပါရှိဖို့ လိုပါသည်။
တည်ဆောက်ပုံ ကြံ့ခိုင်မှုရှိရန်မှာ စက္ကူစစ်တည်ဆောက်မှုပုံစံ အမျိုးအစားနှင့် တည်ဆောက်ရာတွင်အသုံးပြုသော ပစ္စည်း များဖြစ်ကြသည့် ကိုယ်ထည်၏ သတ္ထုအမျိုးအစား၊ အတွင်းအူတိုင်၏ သတ္ထုအမျိုးအစား၊ မျက်နှာပြင်မှာပါရှိသည့် ရာဘာဆီး ကွင်း၊ ကော်နှင့်ဆက်စပ်ပစ္စည်းများသည်လည်း များစွာအရေးကြီးပါသည်။
ကိုယ်ထည်၏ သတ္ထုအမျိုးအစားနှင့်ပတ်သက်လျှင် သံချေးမတက်ခြင်း၊ တပ်ဆင်မည့်အရစ်အရည်အသွေး ကောင်းမွန်ခြင်း တို့နှင့် ပြည့်စုံရမည်။ ကိုယ်ထည်၏ပုံစံသည် ကြံ့ခိုင်ရမည်။
အတွင်းအူတိုင်၏ သတ္ထုအမျိုးအစားနှင့်ပတ်သက်လျှင် သံချေးမတက်ခြင်း၊ အလွယ်တကူပုံပျက်မသွားခြင်းတို့နှင့် ပြည့်စုံရ မည်။ အတွင်းအူတိုင်၏ ပုံစံသည် ဆီစီးရာတွင် အနှောင့်အယှက်ကင်းရမည်။ များများ စီးနိုင်ရမည်။
မျက်နှာပြင်မှာပါရှိသည့် ရာဘာဆီးကွင်းနှင့်ပတ်သက်လျှင် ဆီ၏ဖိအားနှင့်အပူချိန်ကြောင့် အရည်အသွေးကျဆင်းခြင်း မရှိ စေရ။ စက္ကူစစ်တည်ဆောက်ရာတွင် အသုံးပြုသောကော်သည် ဆီယိုစိမ်ံခြင်း၊ ဓါတ်ပြောင်းလဲစေခြင်း၊ ကွဲအက်ခြင်း၊ ကျိုးပဲ့ ခြင်းနှင့် ပွင့်ထွက်ခြင်းတို့ မဖြစ်စေရ။
အချို့သော ဆီစစ်များတွင် ၄င်းအတွင်း၌ ဆီစစ်စက္ကူပိတ်ခဲ့ပါက ဆီများ လမ်းလွှဲစီးသွားလို့ရအောင် စပရင်နှင့်လမ်းလွှဲဗား များ တပ်ဆင်ထုတ်လုပ်ထားပါသည်။ အဆိုပါဆက်စပ်ပစ္စည်းများသည်လည်း အရည်အသွေးကောင်းမွန်ဖို့ လိုပါသည်။
အထက်ဖော်ပြပါ အရည်အသွေးများနှင့် ပြည့်စုံသော Filter ဆီစစ်မျိုးစုံကို ကျွန်တော်တို့ ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချလျှက်ရှိပါ သည်။
(သက်ဆိုင်ရာ Filter ပုံများရှိလျှင် အစားထိုးခြင်း၊ ထပ်ထည့်ခြင်းများ ပြုလုပ်ပေးပါရန်)
0 Comments