ယခင်အပါတ်တွင် အင်ဂျင်၏ လေလိုင်းစနစ်များအကြောင်း ဆွေးနွေးခဲ့ရာ ယခုတစ်ပါတ်တွင် အင်ဂျင်တွင်ပါဝင်သောဆီလိုင်းစနစ် များအကြောင်းကို တင်ပြသွားပါမည်။ အင်ဂျင် တစ်လုံးစတင်လည်ပါတ်ရန် လောင်စာဆီသည် အလွန်အရေးကြီးဆုံးသော မရှိမဖြစ် အရာတစ်ခုပင်ဖြစ် ပါသည်။ အရေးပါလှသော ဒီဇယ်ဆီများကို စနစ်တကျ ပေါက်ကွဲလောင်ကျွမ်းပြီး အင်ဂျင်တစ်လုံး စွမ်းအားပြည့် လုပ်ဆောင်နိုင်ရန် လောင်စာဆီ အရည်သွေးကောင်းပြီး သန့်ရှင်းမှု့မှာ အရေးပါလှပြီး ဆီလိုင်းစနစ်တစ်ခုလုံးရှိ အပိုပစ္စည်းများအားလုံး စီစဉ်တစ်ကျ မှန်ကန်စွာလုပ်ဆောင်ချက်များသည် အရေးအကြီးဆုံးဖြစ်ကြပါသည်။ လောင်စာဆီများ၏ အရည်အသွေးများကြောင့် အင်ဂျင်တစ်လုံး၏ စွမ်းဆောင်ရည်ကျဆင်းနိုင်သကဲ့သို့ ဆီလိုင်းရှိပစ္စည်းများ ချို့ယွင်းချက်ရှိခဲ့လျှင်လည်း အင်ဂျင်တစ်လုံး ကောင်းမွန်စွာ လည်ပါတ်နိုင်မည်မဟုတ်ပါ။ အင်ဂျင်တစ်လုံး၏ ဆီလိုင်းစနစ်တွင် အဓိကကျသော အစိတ်အပိုင်းများမှာ Fuel Tank, Fuel Line, Fuel Filters, Fuel Priming Pump, Fuel Priming Pump, Fuel Transfer Pump, Fuel Injection Pump (Supply Pump, IAP Pump) နှင့် Injector စသည်တို့ဖြစ်ပါသည်။ အောက်တွင် ထိုအရာတို့၏လုပ်ဆောင်ချက်များနှင့် အင်ဂျင်တစ် လုံး၏ ဖြစ်တတ်သော ပြဿနာနှင့် ပြုပြင်ရန်လိုအပ်ပုံများကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။
Fuel Tank မှာ စက်တစ်စီးအချိန်အတိုင်းအတာတစ်ခုအထိ လည်ပါတ်နိုင်ရန်အတွက် လိုအပ်သော လောင်စာဆိများကို သိုလှောင်ထားပါသည်။ ဆီတိုင်ကီမှဆီများ သည်စက်ရပ်နားထားချိန်တွင် အငွေ့ပျံပြီး ဆီတိုင်ကီအပေါ်နံရံများတွင် ငွေ့ရည်ဖွဲ့ပြီး ရေ ချွေးအဖြစ် ဆီတိုင်ကီအောက်ခြေတွင် စုနေတတ်ကြပါသည်။ ဆီတိုင်ကီအောက် ချက်ပေါက်မှ ရေဖောက်ချပေးရပါသည် ထိုသို့မဖောက်ချပါက ဆီဖစ်တာများ မြန်မြန်ပိတ်လွယ်ပြီး ဆီလိုင်းမှ ပန့်နှင့် (ပလန်ချာ၊ နော်ဇယ်) အင်ဂျတ်တာ များကို မြန်ဆန်စွာ ပျက်စီးလွယ်ပါသည်။ ဆီတိုင်ကီသန့်ရှင်းနေ ရန်အရေးကြီးပြီး ဆီတိုင်ကီ အဖုံးများ ကိုလုံခြုံစွာ ဖုံးထားရန် လိုအပ်ပါသည်။ တိုင်ကီအဖုံးမပါခြင်း၊ သေချာစွာ ကြတ်မထားခြင်းတို့ကြောင့် မလိုအပ်သော ပြင်ပ ဖှုန်မှုန့်နှင့် အမှိုက်များ ဆီတိုင်အတွင်းသို့ ဝင်ရောက်ကာ အင်ဂျင်၏ဆီလိုင်းတစ်ခုလုံးကို ပြဿနာဖြစ်နိုင်ပါသည်။ ဆီတိုင်ကီအတွင်းမှ အမှိုက်များနှင့် အညစ်အကြေးများသည် အောက်ခြေတွင်စုနေကာ ဆီပိုက်လိုင်းအတွင်းသို့ ဝင်ရောက်ပြီး ဆီလိုင်းရှိ ပစ္စည်းများအားလုံးကို ပျက်စီးစေပါသည်။ ဆီတိုင်ကီအတွင်း နံရံများကို အနည်းဆုံး ၆ လတစ်ကြိမ် သို့မဟုတ် တစ်ရာသီတစ်ကြိမ် စက်ထိန်းသိမ်းပြုပြင်ချိန်တွင် ဆီတိုင်ကီများကို ဖြုတ်ပြီး သန့်ရှင်းစင်ကြယ်စွာ ဆေးကြောမှု့ ပြုလုပ်သင့်ပါသည်။
Fuel Lines – ဆီတိုင်ကီမှဆီများကို အင်ဂျတ်တာဆီသို့ရောက်သည်အထိ ဆီလိုင်းများမျ အဓိက ကူညီပေးပါသည်။ ဆီလိုင်းများတွင် ဖိအားနိမ့် ရာဘာဆီလိုင်းများနှင့် ဖိအားမြင့် သတ္တု အင်ဂျတ် ရှင်းလိုင်းများဟူ၍ ၂ မျိုးခွဲခြားလေ့လာနိုင်ပါသည်။ ဆီတိုင်ကီမှ ဖစ်တာ၊ ဟန်းပန့်နှင့် ထရွန်စဖာပန့်များ သို့သွယ်တန်းထားသော ပိုက်များသည် ရာဘာပိုက်ပျော့များဖြစ်ပြီး ဖိအားအနည်းငယ်ကိုသာခံကြရ ပါသည်။ ရိုးရိုးအင်လိုင်းပန့်များမှ ဒီဇယ်ပန့်အထွက် ဖိအာားမြင့် သတ္တုပိုက်များသည် ခံနိုင်ရည် ဖိအား PSI (2500~3000) ခန့်ကိုခံနိုင်ကြရမည်ဖြစ်ပြီး အင်ဂျတ်တာ ပါဝင်သော အဆင့်မြင့် ဒီဇယ်အင်ဂျင်များ မှ အင်ဂျတ်တာပိုက်များမှာ ခံနိုင်ရည်ဖိအား PSI (20000~35000) အထိ ခံနိုင်ရည်ရှိကြပါသည်။ ဆီပိုက် လိုင်းများပေါက်ခြင်း၊ ပိုက်နတ်ခေါင်းများလျော့ခြင်း၊ ပိုက်များကွဲခြင်းတို့ကြောင့် ဆီလေခိုပြီး အင်ဂျင်များသည် ဆီပရတ်ရှာ အပြည့်မရရှိပါသဖြင့် အင်ဂျင်သံမမှန်ခြင်း၊ ဝန်မရုံးနိုင်ဘဲ အင်ဂျင်အား မရှိခြင်း အစရှိသည့် ပြဿနာများကို တွေ့ကြုံရတတ်ပါသည်။
Fuel Filters – ဒီဇယ်ဖစ်တာများသည် ဆီတိုင်ကီနဲ့ ဒီဇယ်ပန့်ကြားတွင်ရှိကြပြီး တစ်လုံး သို့မဟုတ် နှစ်လုံး တွဲဖက်တပ်ဆင်အသုံးပြုကြပါသည်။ ဒီဇယ်ဖစ်တာများ၏ အဓိကလုပ်ဆောင်ချက်များမှာ လောင်စာဆီထဲတွင်ပါဝင်သော အမှုန်အမွှား၊ ရေနှင့်အညစ်ကြေးများကို လောင်စာဆီပို့စနစ်ထဲမရာက်အောင် ကာကွယ်စစ်ထုတ်သန့်စင်ပေးသော ပစ္စည်းများဖြစ်ကြပါသည်။ ထိုသို့သန့်စင်ထားသော လောင်စာဆီများမှ မီးလောင်ပေါက်ကွဲပြီးစက်၏ စွမ်းအား များကို ကောင်းမွန်ပြည့်ဝစွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ ဒီဇယ် ဖစ်တာသို့ ဆီများမရာက်မှီ Water Separator သည်ဆီတိုင်ကီမှလာသော လောင်စာဆီထဲတွင်ပါဝင်သော ရေကိုဖယ်ထုတ်သန့်စင်ပေးသော ကနဦးဆီစစ် တစ်ခုဖြစ်ပါသည်။ ဆီရဲ့အလေးချိန် သိပ်သည်းဆများသည် ရေ၏ သိပ်သည်းဆအောက် လျော့နည်းသောကြောင့် ဒီဇယ်ဆီများသည် ရေ၏ အပေါ်တွင်သာ ရှိနေပါသည်။ ထို့ကြောင့် အများအားဖြင့် ရေဖစ်တာများ၏ အောက်ခြေတွင် ထိုးဖောက်မြင်နိုင်သော အကြည်ရောင် ပလတ်စတစ်ခွက် များကို တပ်ဆင်ထားကြပါသည်။ အောက်ခြေတွင် စုနေသော ရေများကို အောက်ချက်ပေါက်မှ တဆင့် အပြင်သို့ ဖောက်ထုတ်ကြရပါမည်။ ထိုမှသာ ဆီလိုင်းများထဲသို့ ရေများပါဝင်ရောက်ရှိခြင်း မရှိမည်ဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်မှု့များကြောင့် ရေခွဲဖစ်တာဟု အများအားဖြင့် ခေါ်ဝေါ်ကြပါသည်။ အချို့ဘက်ဟိုးအမျိုးအစားများတွင် ရေဖစ်တာဆင်ဆာ၊ ဆီဖစ်တာဆင်ဆာများ တပ်ဆင်ပါရှိသောကြောင့် စက်မောင်းနှင်သူ၏ မော်နီတာမှတဆင့် ဆီ၊ရေ ဖစ်တာပိတ်မပိတ်၊ လဲထားသည်မှာ နာရီမည်မျှကြာပြီ စသည်တို့ကို ကြည့်ရှု့သိရှိနိုင် ပါသည်။ ရေ၊ဆီ ဖစ်တာများမှာ ဆီလိုင်းတစ်ခုလုံးကို ကာကွယ်သော ပစ္စည်း များဖြစ်သောကြောင့် အမျိုးအစားသင့်တင့်ကောင်းမွန်ရန် အရေးကြီးလှပါသည်။
စက်သုံးစွဲသူအများစုမှာ ဖစ်တာမပိတ်လျှင်ကောင်းသည် ခနအတွင်း ဖစ်တာပိတ်လျှင် မကောင်းစသည် အကြမ်းအားဖြင့် သတ်မှတ်ကြပါသည်။ ဖစ်တာများတပ်ဆင်ထားခြင်းသည် အမှိုက်နှင့် အညစ်အကြေးမား စစ်ထုတ်ရန်ဖြစ်သဖြင့် အချိန်တို တိုဖြင့် ပိတ်ခြင်းများလည်း ရှိတတ်ပါသည်။ ဖစ်တာ စက္ကူသားများမကောင်း၍ ပိတ်ခြင်းမဟုတ်ပဲ အမှုန်အမွှားကြောင့် ပိတ်ခြင်းဖြစ်လျှင် လက်ခံကြရမည် ဖြစ်ပါသည်။ အများအားဖြင့်ရေဖစ်တာများ၏ အစိတ်အကျဲမှာ 5 Micron ခန့်ဖြစ်ပြီး ဒီဇယ်ဖစ်တာများမှာ 3 Micron ခန့်ထိ အမှုန်အမွှားများကို စစ်ထုတ်နိုင် ကြပါသည်။ Fuel Filter များမကောင်း၍ ဆီလိုင်းထဲသို့ အမှုန်အမွှားများ ဝင်ရောက်ခဲ့ပါက နော်ဇယ်၊ ပလန်ချာ ကျမြန်ခြင်း Injector နှင့် Pump များပျက်ဆီးစေခြင်း၊ ပန့်ကျလွယ်ခြင်း၊ စက်နှိုးရခက်ခြင်း၊ စက်သံမမှန်ခြင်း၊ အင်ဂျင်ပါဝါလျော့နည်းခြင်း၊ ဆီမီးခိုးမဲများလိုက်ခြင်း၊ ရုတ်တရတ်အင်ဂျင်ထိုးရပ်သွားခြင်း၊ အင်ဂျင်တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေခြင်းနှင့် အင်ဂျင်အားအားမရှိ လုပ်မဆွဲနိုင်ခြင်း စသည်တို့ကိုဖြစ်စေနိုင်ပါသည်။ ဒီဇယ်ဖစ်တာများနှင့် ပတ်သက်၍ အရေးကြီး သတိပြုရန်အချက်များမှာ ရေ၊ဒီဇယ်ဖစ်တာများကို ဆေးကြောသန့်စင်ပြီး ပြန်လည် တပ်ဆင် အသုံးမပြုရန်၊ ဖစ်တာများကို သတ်မှတ်ထားသော နာရီများအတိုင်းလဲလှယ်ရန် သို့မဟုတ် ပိတ်တာနှင့် လဲလှယ် ကြပါရန်၊ ဖစ်တာအသစ် တပ်ဆင်ရာတွင် ဖစ်တာအထိုင် ဆီးကွင်းများကို အထိုင်သေချာကျအောင်တပ်ဆင်ပြီး လေလုံအောင် တင်းကျပ်ရန်၊ ဖစ်တာများကို စက်မမောင်းမှီ စစ်ဆေးမှု့ပြုလုပ်ရန် နှင့် ဖစ်တာများကို ဆီကြိုခြင်းများမပြုလုပ်ကြရန် တို့ဖြစ်ကြပါသည်။ ထို့ကြောင့် မိမိစက်နှင့်သင့်တော် ပြီး အရည်အသွေးကောင်းမွန်သင့်တင့်သော ဖစ်တာအမျိုးအစားကို ရွေးချယ် အသုံးပြုသင့်ကြောင်းကို ထည့်သွင်းဆွေးနွေးအပ် ပါသည်။
Fuel Priming Pump – Fuel Filter များလဲလှယ်တပ်ဆင်ပြီး ပါက ဆီလိုင်းမှ လေများကိုချူရန် လက်ရိုက်ပန့်သည်အရေးကြီးပါသည်။ အင်ဂျင်နိုးရန်လိုအပ်သော ဆီပရပ်ရှာ ရောက်ရှိရန် သို့မဟုတ် လေများကုန်သွားရန် လက်ရိုက်ပန့်ကို အတော်တင်းနေသည်အထိ ရိုက်ပေးရပါသည်။ သို့မှသာ ဆီဖစ်တာ အတွင်းဆီများပြည့်လာပြီး နော်ဇယ် ပလန်ချာကို စက်နိုင်းသည်အထိ တွန်းပို့နိုင်မည်ဖြစ်ပါသည်။ ရိုးရိုး အင်လိုင်းပန့်များတွင် ဆီပိုက်လိုင်းများ ဖြုတ်ကာ ဆီချူရန်လိုအပ်သော်လည်း အင်ဂျတ်တာ အင်ဂျင်များတွင် ဆီလိုင်းဖြုတ်ပြီး ဆီမချူရပါ ဟန်းပန့်လက်တစ်တင်းရိုက်လျှင် အင်ဂျင်နိုးနိုင်ပါသည်။ အချို့သော အင်ဂျင်များတွင် လက်ရိုက်ပန့်အစား သော့ဖွင့်သည်နှင့် အော်တို ဆီပန်းပေးသော ပန့်လေးများတပ်ဆင်ထားကြသည်။ အားသာချက်မှာ ဆီလေခိုမှု့ သိပ်မရှိတော့ပဲ ချက်ခြင်းနိုးနိုင်ပြီး အားနည်းချက်မှာ ထိုပန့် ပျက်ပါက အင်ဂျင်နှိုးမရ ခြင်းတို့ကိုဖြစ်ပေါ်စေပါသည်။
Fuel Transfer Pump – ၎င်းပန့်သည် Common Rail Fuel Pump, IAP (Injection Actuation Pump) နှင့် အချို့သော Supply Pump များ၏ ထိပ်ပိုင်းတွင် တပ်ဆင်ထားပြီး ဂီယာပန့်အမျိုးအစားဖြစ်ကာ ဆီတိုင်ကီမှ ဆီကိုစုတ်ယူကာ အင်ဂျတ်ရှင်းပန့်များအတွင်းသို့ ဖိအားအနည်းငယ်ဖြင့် ရိုက်တင်ပေးပါသည်။ အင်လိုင်းပန့်များတွင် ဒီဇယ်ပန့်ဘေးတွင် ချိတ်ဆက်ထားပြီး ထိုပန့်ပေါ်တွင် ဟန်းပန့်ပါထိုင်ထားပါသည်။ ထရွန်စဖာ ပန့်မကောင်းပါက လိုအပ်သော ဆီဖိအားကို တောင့်မထားပေးသဖြင့် အင်ဂျင်မနိုးခြင်း၊ စက်သံမမှန်ခြင်း နှင့် ဆီနှင့် အင်ဂျင်ဝိုင်ရောနှောခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။
Fuel Injection Pump, Supply Pump, Injection Actuation Pressure Pump (IAP) – Injection Pump ရိုးရိုး အင်လိုင်းပန့်များတွင် နော်ဇယ်၊ ပလန်ချာ၊ ဖြတ်ဘား၊ ကမ်ရှတ် နှင့် ခရိုင်းရှတ် စသည်တို့ဖြင့် ဖွဲ့စည်းထားပြီး အင်ဂျင်ရှေ့ချမ်း ဂီယာများဖြင့် ချိတ်ဆက်ကာလည်ပါတ်ပြီး ပလမ်ချာရိုက်တင်အားဖြင့် ဒလီဘာရီ ဖြတ်ဘားများကိုဖြတ်ကာ နော်ဇယ်သို့ ပရတ်ရှာ ၃၀၀၀ ခန့် ဖြင့်ပို့လွှတ်ပါသည်။ ပလမ်ချာ ဖြတ်ဗားများ ပွန်းစားပါက အင်ဂျင်ဟိတက်ခြင်း၊ ပူလာလျှင်အင်ဂျင်နှိုးရခက်ခြင်း၊ မီးခိုးလိုက်ခြင်း နှင့် အင်ဂျင် စမ်းဆောင်ရည် ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေပါသည်။ Supply Pump များမှာ ဖိအားမြင့် ဒီဇယ်ပန့်အမျိုးအစားများဖြစ်ပြီး High Flow Rate, PSI 30000 ခန့်ထိ ထုတ်လွှတ်ပေးပါသည်။ ပရပ်ရှာများသဖြင့် ဆီပိုက်လိုင်းများ ပေါက်ခြင်းကြောင့် လူကိုထိခိုက်မှု့များ ဖြစ်သည်အထိ ဖြစ်တတ်၍ ထိုအင်ဂျင်ဆီလိုင်းများကို နီးကပ်စွားကိုင်တွယ်သူများအနေဖြင့် အထူးဂရုပြုကြရပါမည်။ ဟိုက်ပရတ်ရှာ Rail Pump များ ပျက်စီးလျှင်လည်း အင်ဂျင်ပူလာလျှင်နှိုးရခက်ခြင်း၊ အင်ဂျင်အားမရှိခြင်းနှင့် အင်ဂျင်နှိုးရခက်ခြင်းတို့ကို ဖြစ်ပေါ်စေ၍ သုံးစွဲသောဆီများ အမှုန်အမွှားကင်းပြီး သန့်စင်ရန် အလွန်အရေးကြီးလှပါသည်။ ဖိအားမြင့် ဒီဇယ်ပန့်ဖြစ်သောကြောင့် အမှုန်အမွှားအသေးလေးတစ်ခုပင်လျှင် ပန့်အတွင်းရှိ ပစ္စည်းများကို များစွာပွန်းစားစေနိုင်သဖြင့် အထူးဂရုပြုကြရပါမည်။ IAP Pump များမှာ HEUI Engine များတွင် တပ်ဆင်အသုံးပြုထားကြပါသည်။ HEUI ဆိုသည်မှာ Hydraulically Actuated Electronic Unit Injection System ကိုအတိုကောက်ရေးထားတာပါ။ ၎င်းနည်းပညာမှာ ၁၉၉၀ ခုနှစ်ဝန်းကျင် ခန့်က Caterpillar မှ စတင်တီထွင်ခဲ့သော နည်းပညာတစ်ခုဖြစ်ပါသည်။ အစောပိုင်းကာ လများတွင် CAT 3126 Engine များတွင် တွေ့ရှိရပြီး C7, C9, C11, C13, C15 Engine များတွင် အသုံးပြုထားသည်ကို တွေ့ရှိနိုင်ပါသည်။ HEUI Injection စနစ်၏အားသာချက်မှာ အင်ဂျင်ထိန်းချုပ်မှု့စနစ်ဖြစ်ပါသည်။ စက်မှုပိုင်းဆိုင်ရာအစိတ်အပိုင်းတွေနဲ့ဆက်စပ်ခြင်းမရှိပဲ ဆီဖြန်းသောအနေအထားများကို လွတ်လပ်စွာ ထိန်းချုပ်နိုင်သောကြောင့် တိကျသော ဆီဖြန်းနှုန်းကို ရရှိစေပါသည်။ ထိုရလဒ်ကမှာ လေထုညစ်ညမ်းမှုကိုသက်သာစေပြီး ဆီစားနှုန်းနည်းစေပါသည်။ အင်ဂျင်ဝိုင်ကို ဟိုက်ဒရောလစ်စနစ်ပုံလုပ်ဆောင်စေမှု့ကြောင့် ဟိုက်ဒရောလစ်ကဲ့သို့လုပ်ဆောင်သည်ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ အဓိက ဆိလိုရင်းမှာ အင်ဂျင်ဝိုင်ပရတ်ရှာအားဖြင့် အင်ဂျတ်တာ၏ အတွင်းပလန်ချာကိုဖွင့်ပိတ်ပေးပြီး ထရွန်စဖာ ပန့်မှ ပေးပို့သော ဒီဇယ်၏ နော်ဇယ်ဆီပန်းနှုန်းကိုတိကျစွာလုပ်ဆောင်ပေးပါသည်။ ထိုပန့်မကောင်းလျှင်လည်း အခြားသော ဆီပန့်များကဲ့သို့ အင်ဂျင်စွမ်းဆောင်ရည်များကို ကျဆင်းစေပါသည်။ အင်ဂျင်ဝိုင်ကိအဓိကထား လည်ပတ်သော ပန့်ဖြစ်သောကြောင့် အင်ဂျင်ဝိုင်အရည်အသွေးကောင်းမွန်ရန်နှင့် အမှိုက်အမှုန်အမွှား များသန့်ရှင်းရန်မှာ အလွန်အရေးကြီးလှပါသည်။
Unit Injector- အင်ဂျတ်တာဆိုသည်မှာ ယခင်အင်လိုင်းပန့်များမှ နော်ဇယ် ပလမ်ချာ လျှပ်စစ် ကွန်ထရိုးဆိုလိုနိုက်တို့ကို စုစီးထားပြီး တိကျသော ဆီဖြန်းမှု့တစ်ခုဖြစ်ပေါ်စေရန် စနစ်တကျ လုပ်ဆောင်စေခြင်းဖြစ်ပါသည်။ အင်ဂျတ်တာများကို အင်ဂျင်ဟတ်၏ မျက်နှာပြင်များအတွင်းတွင် ဆီးကွင်းများဖြင့် အထိုင်ချကာတပ်ဆင်ထားကြသည်။ Common Rail Injector နှင့် Hydraulically Actuated Electronic Unit Injector များသည် တည်ဆောင်ပုံအနည်းငယ်ကွာ သော်လည်း လုပ်ဆောင်ချက်ပုံစံများမှ အတူတူပင်ဖြစ်ပါသည်။ အင်ဂျင်ကွန်ထရိုလာမှ ပေးပို့သော ဆစ်ကနယ် သည်အင်ဂျင်တာဆိုလိုနိုက်ကို ဆီမည်မျှဖွင့်ပေးရန်ခိုင်းစေပါသည်၊ ဆိုလိုနိုက်၏လုပ်ဆောင်ချက်အတိုင်း အတွင်းပလမ်ချာမှ ကွန်ထရိုးလုပ်ကာ ဆီဖြန်းမည့်နော်ဇယ်ကိ ရိုက်ချဖွင့်ပေးပါသည်၊ ဆပလိုင်းပန့် (IAP Pump) မှ ပေးပို့သောဆီများသည် နော်ဇယ်ပရတ်ရှာအားဖြင့် ပင်စတင်ထိမ် ကွန်ဗားရှင်းချိန်ဘာထဲသို့ လိုအပ်သော ပမာဏအတိအကျကို အချိန်ကိုက်ဖြန်းပေးပါသည်။ ထိုသို့ ဆီပေးပို့မှု့တိကျခြင်း ကြောင့် မလိုအပ်ပဲဆီများစွာ မဖြန်းပေးပါ၊ ထို့အပြေင် ဆီ၊လေ အရောအနှော အချိုးကို လွန်စွာတိကျမှန်ကန်စေ ပါသည်။ Injector အတွင်းမှ ပလမ်ချာ၊ဗား လေးများသည် လွန်စွာသေးငယ်အဟများသာရှိပြီး ဖိအား အလွန်မြင့်သော ဆီပရတ်ရှာများဖြင့်အင်ဂျင်လည်ပါတ်နေသမျှအလုပ်လုပ်နေရသောကြောင့် သေးငယ်သောအမှုန်အမွှား လေးများပါရှိလာလျှင်ပင် များစွာသောပွန်းစားပျက်စီးမှု့ကိုဖြစ်ပေါ်စေနိုင်ပါ သည်။ ထိုသို့ပွန်းစားပါကဆီမီးခိုးများလိုက်ခြင်း၊ ဆီစားနှုန်းများခြင်း၊ အင်ဂျင်စွမ်းဆောင်ရည် ကျဆင်းခြင်း စသည့် များစွာသော အင်ဂျင် ပြဿနာများကို ဖြစ်ပေါ်စေပါသည်။ ဆီမသန့်ခြင်း၊ ဖစ်တာများမလဲလှယ်ခြင်း နှင့် အမှုန်အမွှားများပါခြင်းတို့က အင်ဂျတ်တာကို မြန်စွာပျက်စီးလွယ်စေပြီး စက်တစ်စီး၏ ပြင်ဆင်မှု့ကုန်ကျစရိတ်များကို အလွန်ပိုစေပါသည်။
နောက်တစ်ပါတ်များတွင် ဆက်လက်ဖော်ပြပါအုံးမည်။
Aung Min Soe
Sales & Marketing Manager
Real Power Trading Company
0 Comments