Engine Parts များ၏ လုပ်ဆောင်ချက်များကို ဆက်လက်ဖော်ပြသွားပါမည်။ အင်ဂျင်တစ်လုံးတွင် အရေးကြီးဆုံးများမှာ အကြမ်းအားဖြင့် ဆီ၊ ရေ၊ လေ၊ ဝိုင် ဟုသိထားကြသည့်အတိုင်း ပထမဆုံးအနေဖြင့် လေစနစ်ဖြစ် သော Air Inlet & Exhaust System အကြာင်းနှင့် လုပ်ဆောင်ချက်များကို ဖော်ပြသွားပါမည်။ စက်တစ်စီး၏ဖွဲ့စည်းပုံကို လူတစ်ယောက်နှင့် ဉပမာ ပြုရလျှင် အင်ဂျင်တစ်လုံးသည် လူ၏လှုပ်ရှားနိုင်သော ခန္တာကိုယ် အစိတ်အပိုင်းများဖြစ်သည်။ ထိုအစိတ်အပိုင်းများ ပုံမှန်လှုပ်ရှားနိုင်ရန် လေကောင်းလေသန့်နှင့် လုံလောက်သော လေပမာဏ ရရှိရန် အရေးကြီးလှပါသည်။ လေကောင်းလေသန့်မရလျှင် လူတို့သည် ကျန်းမာရေးချို့တည့်ပြီး လန်းဆန်းစွာ နေထိုင်အလုပ်လုပ်နိုင်စွမ်း မရှိသဖြင့် အင်ဂျင်များတွင်လည်းထိုနည်းတူပင်ဖြစ်ပါသည်။ လေလုံလောက်စွာမရခြင်း၊ လေစိမ့်ထွက်ခြင်း၊ လေမသန့်ခြင်း၊ အေးပြီးခြောက်သွေ့သော လေမရခြင်း စသောပြဿနာများကြောင့် အင်ဂျင်၏လုပ်ဆောင်ချက် စွမ်းအားများမှာ ပုံမှန်မရှိတော့ပဲ လုပ်နိုင်စွမ်းကျဆင်းသွားကြတတ်ပါသည်။ Air Inlet & Exhaust System တွင် Air Cleaner, Air Hose, Turbocharger, Inlet Manifold, Cylinder Head, After Cooler, After Cooler Hose, Exhaust Manifold နှင့် Exhaust Muffler တို့ပါဝင်ပါသည်။
Air Cleaner တွင် အတွင်းစစ် အပြင်စစ် ၂ လုံးပါဝင်ပြီး ပြင်ပမှဝင်လာသောလေမှ အမှုန်အမွှားများကို စစ်ထုတ်ပြီး အင်ဂျင်အတွင်းသို့ သန့်စင်သောလေများကိုရောက်ရှိစေပါသည်။ Air Cleaner သို့လေမရောက်မီ Pre-Cleaner မှ စတင်ကာ ကြီးမားသောဖုန်နှင့် အမှုန်အမွှားများကို စစ်ထုတ်ပေးပါသည်။ အချို့စက်များတွင် Pre-Cleaner မှာ ဖန်၊ကော်တို့ဖြင့် အဖုံးပါ အဝိုင်းပုံများတွေ့ရပြီး အချို့စက်များမှာ သံစကာများအနေဖြင့် ရှိကြပါသည်။ Air Cleaner အဖုံးထိပ်တွင် ဖိုင်ဘာ အဖုံးချွန်လေးကိုလည်း ဖြုတ်ပြီး သန့်ရှင်းရေး ပြုလုပ်ပေးရပါသည်။ လေစစ်၏လုပ် ဆောင်ချက်များမှာ ရိုးရှင်းလှသော်လည်း အင်ဂျင်တစ်လုံးအတွက် အလွန်အရေးပါလှပါသည်။ လေစစ်တွင်အမှုန်အမွှားများပိတ်ခြင်း၊ လေစစ်အမျိုးအစားမကောင်းခြင်း၊ လေစစ်အတွင်းရှိ စက္ကူများကြောင့်ပိတ်ခြင်း စသည်တို့ကြောင့် အင်ဂျင်မှာသန့်စင်သောလေ အလုံလောက်မရရှိ၍ မီးခိုးမဲထွက်ခြင်း၊ အင်ဂျင်ဝပ်ခြင်း၊ လေချွန်သံများထွက်ခြင်း နှင့် အင်ဂျင် အပူချိန်လွန်ကဲခြင်း စသည်များစွာ သောပြဿနာများ ဖြစ်ပေါ်နိုင်ပါသည်။ လေစစ်ကိုသန့်ရှင်းရေးလုပ်ရာတွင်လဲ လေစစ်အထိုင်အတွင်းဘက်နံရံများကို သန့်စင်အောင်ပြုလုပ်ရပါမည်၊ အပြင်လေစစ်ကို့သာ အားကောင်းသော လေမှုတ်စက်ဖြင့် ဖစ်တာအတွင်းဘက်မှအပြင်သို့ မှုတ်ထုတ်သန့်ရှင်းကြရပါမည်။ အရေးအကြီးဆုံးမှာ အတွင်းလေစစ်ကို လေမှုတ်သန့်ရှင်း၍မရပါ၊ ဖြစ်နိုင်လျှင် အတွင်းအလုံးကို မဖြုတ်ထုတ်ပဲ အမှုတ်အမွှားပိတ်ဆို့ပါက အသစ်လဲလှယ်မှသာ အင်ဂျင်တစ်လုံးသည် ရေရှည်ခံမည်ဖြစ်ပြီး စွမ်းဆောင်ရည် ကောင်းမွန်မည်ဖြစ်ပါသည်။ ပြင်ပ လေထုအပေါ်မူတည်၍ အပြင်လေစစ် ၂ ကြိမ်လဲလှယ်မှ အတွင်းလေစစ် တစ်ကြိမ်လဲရသည်များလည်းရှိပါသည်။ ဖုန်ထူသောလုပ်ငန်းခွင်များနှင့် နွေရာသီများတွင် ပိုမိုဂရုပြု ၍ နေ့စဉ် စက်အလုပ်နားသည့်အချိန်တိုင်း စစ်ဆေးသန့်စင်လဲလှယ်ကြရပါမည်။ Air Restriction ဆင်ဆာများကို Air Cleaner Housing တွင် တပ်ဆင်ကြပါသည်။
Air Hose များသည် Air Cleaner မှထွက်လာသော သန့်စင်သည့်လေများကို တာဗိုကိုဖြတ်၍ အင်ဂျင်အတွင်းသို့ သယ်ဆောင်ပေးသော ကြားခံသယ်ဆောင်သူများဖြစ်ပါသည်။ လေပိုက်များမှာလည်းအရေးပါလှသည် လေပိုက်ပိန်ခြင်း၊ ပေါက်ခြင်း တို့ကြောင့် အင်ဂျင်မှာ သတ်မှတ်လေအလုံအလောက်မရ၍ မီးခိုးမဲလိုက်ခြင်း၊ အင်ဂျင်ဆူညံသံထွက်ခြင်း၊ တာဗို ပျက်စီးလွယ်ခြင်း နှင့်အင်ဂျင် စွမ်းဆောင်ရည်ကျဆင်းခြင်းများ ဖြစ်ပေါ်စေပါသည်။ လေပိုက်များတွင် ပိုက်ကလစ် သေချာစွာတပ်ဆင်ရန်လည်း အရေးကြီးပြီး ပိုက်အထိုင်နတ်များကိုလည်း သေချာစွာ စနစ်တကျ တပ်ဆင်ရန် လိုအပ်ပါသည်။ After Cooler သို့ဝင်သော အဝင်ပိုက်နှင့် တာဗိုပိုက်များသည် ပို၍အရေးကြီးပါသည်။ အင်ဂျင်မှ ထွက်လာသောလေပူများကို အဓိ ကသယ်ဆောင်ရသောကြောင့် အပူဒဏ်ကိုခံရပြီး ပိုမို ပျက်စီးလွယ်ပါသည်။
Turbo Charger များသည် ပြင်ပ လေများကို လေစစ်မှတဆင့်စုပ်ယူကာ ဖိကျစ်ပြီးသန့်စင်သောလေများကို ကွန်းပရတ်ရှင်းခန်း အတွင်းသို့ ထည့်သွင်း ပေးပါသည်။ တာဗိုများကို အိတ်ဇော မန်နီဖိုး တွင်တပ်ဆင်ထားပြီး မန်နီဖိုးမှ ထွက်လာသောအိတ်ဇောငွေ့များမှာ တာဗိုင်ဘက်ခြမ်းမှ ဒလက်ကိုမောင်းနှင်ပြီး အိတ်ဇောအိုးမှတဆင့် အပြင်သို့ စွန့်ထုတ်ပါသည်။ တာဗိုင်ဒလက် လည်သောကြောင့် တာဗိုင်နှင့် နှင့်ချိတ်ဆက်ထားသည့် တာဗိုရှတ်လည်ပြီး အင်ပယ်လာဒလက်လည်ပါသည်။ အင်ပယ်လာလည်အားဖြင့် အဲယားကလင်ဒါမှ လေများကို စုပ်ယူကာ အင်ဂျင်အတွင်းသို့ ထည့်သွင်းဝင်ရောက်စေပါသည်။ တာဗိုသည် အင်ဂျင်တစ်လုံး၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေး သောအဓိက ပစ္စည်းများဖြစ်ကြသည်။ တာဗိုကောင်းမွန်စာအလုပ် လုပ်ပြီး ရေရှည်ခံနိုင်ရန် လေစစ်များမှာ အသစ်သို့မဟုတ် သန့်ရှင်းနေရန်လိုအပ်ပြီး၊ အင်ဂျင်ဝိုင် စက်ချောဆီသန့်ဖို့မှာလည်း အလွန်အရေး ကြီးပါသည်။ တာဗိုမကောင်းပါက ဆူညံသံထွက်ခြင်း၊ အပူချိန်တက်ခြင်း၊ မီးခိုးမဲ များထွက်ခြင်းနှင့် အင်ဂျင်အပါတ်ရေ မပြည့်မီခြင်း စသော ပြဿနာများဖြစ်နိုင်ပါသည်။ တာဗိုများပျက်စီးပါက ခွဲစိတ်စစ်ဆေးပြီး အတွင်းပစ္စည်းများဖြစ်သည့် အင်ပယ် လာ၊ တာဗိုင်ဒလက်၊ တာဗိုရှတ်နှင့် ဆီးများမကောင်းလျှင် တာဗို ပြင်ဆင်ရေး ကစ်လိုက် လဲလှယ် ပြင်ဆင်နိုင်ပြီး စွမ်းဆောင်ရည်မှာ ပစ္စည်းအရည်သွေးပေါ်မူတည်၍ အပြည့်မကောင်းမွန်ခြင်းများလည်း ဖြစ်တတ်သောကြောင့် ယခုအခါ များသောအားဖြင့် အလုံးလိုက် အသစ်လဲလှယ်ကြသည်က များပါသည်။
Inlet-Manifold များသည် Air Cleaner မှလာသော သန့်စင်သောလေများကို အင်ဂျင်ဟတ်အတွင်းမှ Compression Chamber ထဲသို့ သန့်စင်သောလေများကို ထည့်သွင်းပေးကြပါသည်။ Manifold များကွဲခြင်း၊ ပေါက်ခြင်းတို့ ဖြစ်တတ်ပြီး ယင်းကဲ့သို့ဖြစ်ပေါ်ပါက အင်ဂျင်မီးခိုးမဲများစွာထွက်ပြီး ဆူညံသံများဖြစ်ပေါ်စေပါသည်။ လေနှင့်ဆီအရောအနှောအချိုးအစားများမမှန်ကန်တော့သဖြင့် အင်ဂျင်မှာ ပုံမှန်မီးပေါက်ကွဲအားမရှိတော့ဘဲ စွမ်းဆောင်ရည်များ ကျဆင်းစေပါသည်။ Intake Air Pressure Sensor, Intake Air Temperature Sensor စသော ဆင်ဆာများကို မန်နီဖိုးများ တွင်တပ်ဆင် အသုံးပြကြပါသည်။ ထိုဆင်ဆာမှတဆင့် အင်ဂျင် ကွန်ထရိုလာသို့ သတင်းပို့ပြီး အင်ဂျင် ၏လေဖိအား အပူချိန်များကို သတင်းပို့ပါသည်၊ ထိုအချက်အ လက်များကို ကွန်ထရိုလမှ တွက်ချက်ပြီး မော်နီတာတွင် အင်ဂျင်စွမ်းဆောင်ရည်များကို ဖော်ပြပါသည်။
Engine Head မှာ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး အင်ဂျင်လည်ပါတ်ရန်အတွက် မီးပေါက်ခန်း ပိုမိုအရေးကြီးလှပါသည်။ တာဗိုမှ အင်လတ် ဗားကိုဖြတ်ကာ ဝင်လာသောလေကို ပင်စတင်ထိပ်တွင် ဆီ၊ လေ အရော ဖြင့် မီးပေါက်ကွဲစေပြီး အင်ဂျင်စွမ်းဆောင်ရည်ကောင်းမွန်ခြင်း ကျဆင်းခြင်းတို့ ကိုဖြစ်ပေါ်စေပါသည်။ အင်ဂျင်ဟတ်မှာ ပေါက်ခြင်းကွဲခြင်းတို့ဖြစ်ပေါ်တတ်၍ အက်ရာ ပေါက်ရာများဖြစ်ပေါ်လျှင် ပုံမှန်မဟုတ်သော မီးခိုးများထွက်စေပြီး အင်ဂျင်စွမ်းဆောင်ရည်ကို ကျစေပါသည်။ အင်ဂျင်ဟတ်ထဲတွင် လေလိုင်း၊ ဆီလိုင်း၊ ရေလိုင်း နှင့် အင်ဂျင်ဝိုင်လိုင်းတို့ပါဝင်သည့်အတွက် အင်ဂျင်ဟတ်တွင် ပြဿနာတစ်ခုခု ဖြစ်ပါက အင်ဂျင်စွမ်းဆောင်ရည် ကျစေပါသည်။ ဟတ်အတွင်းမှ ဗားဆီး၊ ဗား၊ ဗားဂိုက် နှင့်အင်ဂျင်ဟတ်ဂတ်စကတ် စသည်တို့ကြောင့်လည်း အင်ဂျင်၏ စွမ်းဆောင်ရည် လုပ်ဆောင်ချက်များကို များစွာ ထိခိုက်နိုင်ပါသည်။
After Cooler များသည် အင်ဂျင်မှ ပူလောင်နေသော လေကို ပြင်ပလေထုမှလေဖြင့် ပန်ကာလည်ပါတ်စေခြင်းဖြင့် အအေးခံပေးကြပါသည်။ အင်ဂျင်အတွင်းသို့ ရောက်ရှိသောလေသည် အေး၍ခြောက်သွေ့သန့်ရှင်းလေလေ မီးပေါက်အားပိုကောင်းပြီး စွမ်းဆောင်ရည်မြင့်လေဖြစ်ပါသည်။ After Cooler များသည် အင်ဂျင်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရာတွင် အရေးပါဆုံးတစ်ခုဖြစ်ပါသည်။ After Cooler များ ပေါက်လျှင် လေချွန်သံထွက်ပြီး မီးခိုးများထွက်ကာ အင်ဂျင် ဝန်မရုံး နိုင်ခြင်းများဖြစ်ပေါ်တတ်ပါသည်။ အင်ဂျင်တစ်လုံးစွမ်းဆောင်ရည်ကောင်းမွန်မှု့သည် ဆီ၊ လေ အချိုးတိကျမှန်ကန်ရန် အရေးကြီးလှသဖြင့် သတ်မှတ်ထားသော အေး၍သန့်စင်သောလေဖြစ်ရန် After Cooler မှလုပ်ဆောင်ပေးပါသည်။
Exhaust Manifold, Exhaust Mulffler တို့သည် အင်ဂျင်မှ ထွက်လာသော အိတ်ဇောငွေ့များကို တာဗိုကိုဖြတ်၍ အိတ်ဇောမာဖလာမှ ပြင်ပသို့ ထုတ်လွှတ်ပါသည်။ အိတ်ဇော မန်နီဖိုးသည် အပူဒဏ်ခံသော သတ္တုဖြင့် အထူးပြလုပ်ထားပါသည်။ အင်ဂျင် မှထွက်လာသော အိတ်ဇောငွေ့များကို အင်ဂျင်အနီးတွင် မထွက်နိုင်ရန် သက် ဆိုင်ရာလမ်းကြောင်းအတိုင်း ပြင်ပသို့ ထွက်သွားရန် အရေးကြီးလှပါသည်။ မန်နီဖိုးဂတ်စကတ်များ ပေါက်ပါက အင်ဂျင်ကိုမီးခိုးမဲများဖြင့် ပိုမိုညစ်ပေစေကာ အင်ဂျင် အပူချိန်တက်ခြင်းကိုဖြစ်ပါ်စေပါသည်။ အင်ဂျင်အချို့တွင် EGR (Exhaust Gas Recirculation) စနစ်များကိုတပ်ဆင်ထားကြပါသည်။ EGR စနစ်မှာ အင်ဂျင်မှထွက်လာသော အိတ်ဇော ငွေ့များကို သန့်စင်ပြီး Nitrogen Oxide (NO x) Emissions Reduction နည်းပညာဖြင့် ထွက်လာသောမီးခိုးငွေ့များကို ပြင်ပလေထုသို့ အန္တရာယ် မဖြစ်စေရန် သန့်စင်လုပ်ဆောင်ပါသည်။ ကမ္ဘာ့နိုင်ငံကြီးများဖြစ်သည့် အမေရိကန်၊ ရူရို တို့တွင် အိုဇုံးလွှာပေါက်ကွဲမှု့ကာကွန်ရန် မော်ဒယ်မြင့်အင်ဂျင်အမျိုးအစားအားလုံးကို မီးခိုးငွေ့ သတ်မှန်ချက်များဖြစ်သော Tier 1,2,3, Euro 1,2,3 စသည်တို့ဖြင့်တိုင်း တာကာ ထုတ်လုပ်စေခြင်းဖြစ်ပါသည်။ အိတ်ဇောအိုး ဖြစ် သည့် အိတ်ဇောမာဖလာမှာ အင်ဂျင်ဆူညံသံကို ထိန်းချုပ်ထားပြီး ထွက်လာသော အိတ်ဇောငွေ့များကို လေထုထဲမရောက်မီ စစ်ထုတ်ပေးပါသည်။
နောက်တစ်ပါတ်များတွင် ဆက်လက်ဖော်ပြပါအုံးမည်။
Aung Min Soe
Sales & Marketing Manager
Real Power Trading Company
0 Comments