Paper Filter စက္ကူစစ်အကြောင်း
အရည်တစ်မျိုးမျိုးတွင်ရှိနေသော အမှုန်အမွှားများကို ဖယ်ရှားလိုလျှင်လည်းကောင်း၊ သို့မဟုတ် စီးဆင်းနေသောလေထဲတွင် ပါရှိနေသော အမှုန်အမွှားများကို ဖယ်ရှားလိုလျှင်လည်းကောင်း အသုံးပြုသည့် စက္ကူအမျိုးအစားကို စက္ကူစစ်ဟုခေါ်သည်။ အဆိုပါစက္ကူစစ်များကို လက်တွေ့စမ်းသပ်ခန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် မော်တော် ယာဉ်များတွင် အသုံးပြုကြသည်။ ၄င်းတို့အထဲမှ မော်တော်ယာဉ်လောကနှင့်အတူ ယန္တရားလောကတွင် အသုံးပြုသော စက္ကူအခြေခံထုတ်လုပ်ထားသည့် စက္ကူစစ်များမှာ လေစစ် (Air Cleaner)၊ လောင်စာဆီစစ် (Fuel Filter)၊ အင်ဂျင်ဝိုင်ဆီစစ် (Engine Oil Filter)၊ ထရမ်မစ်ရှင်းဆီစစ် (Transmissionn Oil Filter) နှင့် ဟိုက်ဒရောလစ်ဆီစစ် (Hydraulic Oil Filter) တို့ ဖြစ်ကြပါသည်။ စက္ကူစစ်အမျိုးအစားသည် သက်ဆိုင်ရာ စစ်ရမည့်အရည်အမျိုးအစား(လေအပါအ၀င်)နှင့် လိုက်လျောညီထွေရှိရမည်ဖြစ်ပြီး အမှုန်အမွှားစစ်ထုတ်ပေးနိုင်ရမည် Read more…


