5 Years of Excellence
၂၀၂၁ခုနှစ်အတွက် မဂ်လာနှုတ်ခွန်းဆက်ရင်း နှစ်ဟောင်းကိုပြန်ကြည့်သုံးသပ်တဲ့အခါကုန်လွန်ခဲ့ပြီဖြစ်တဲ့ ၂၀၂၀ ဟာ အားလုံးအတွက် ခက်ခဲ ကြမ်းတမ်းမယ် ဆိုတာ ချစ်မိတ်ဆွေများလည်း အသိပဲ ဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့ နှစ်တနှစ်အတွင်းမှာ စိန်ခေါ်မှုနဲ့ အခက်အခဲတွေကြားထဲမှာ ရုန်းကန်ကျော်ဖြတ်ရင်းနှစ်အဆက်ဆက် လက်တွဲခဲ့တဲ့ Real Power ရဲ့မိသားစုဝင် ဝန်ထမ်းများကို ငါးနှစ်ပြည့်တိုင်း ဂုဏ်ပြုခဲ့သည့် အစဉ်အလာတခုကို အစဉ်အလာမပြတ် ချမှတ်အကောင်ထည်ဖော်နိုင်ခဲ့တာကတော့ ကြီးမားတဲ့အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။ လာမယ့်အနာဂတ်မှာလည်း Real Power နှင့်အတူ အောင်မြင်မှုများ ဆက်လက်ရယူနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။ သစ္စာမြဲမြံစွာလက်တွဲခဲ့ကြသောမိသားစုဝင်များအား ငါးနှစ်ပြည့်ဂုဏ်ပြုအခမ်းအနားနဲ့ ၂၀၂၁ ခုနှစ်ကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း မုဒိတာပွားနိုင်စေရန် သတင်းကောင်းပါးလိုက်ပါတယ်။