၂၀၂၁ခုနှစ်အတွက် မဂ်လာနှုတ်ခွန်းဆက်ရင်း နှစ်ဟောင်းကိုပြန်ကြည့်သုံးသပ်တဲ့အခါကုန်လွန်ခဲ့ပြီဖြစ်တဲ့ ၂၀၂၀ ဟာ အားလုံးအတွက် ခက်ခဲ ကြမ်းတမ်းမယ် ဆိုတာ ချစ်မိတ်ဆွေများလည်း အသိပဲ ဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့ နှစ်တနှစ်အတွင်းမှာ စိန်ခေါ်မှုနဲ့ အခက်အခဲတွေကြားထဲမှာ ရုန်းကန်ကျော်ဖြတ်ရင်းနှစ်အဆက်ဆက် လက်တွဲခဲ့တဲ့ Real Power ရဲ့မိသားစုဝင် ဝန်ထမ်းများကို ငါးနှစ်ပြည့်တိုင်း ဂုဏ်ပြုခဲ့သည့် အစဉ်အလာတခုကို အစဉ်အလာမပြတ် ချမှတ်အကောင်ထည်ဖော်နိုင်ခဲ့တာကတော့ ကြီးမားတဲ့အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။ လာမယ့်အနာဂတ်မှာလည်း Real Power နှင့်အတူ အောင်မြင်မှုများ ဆက်လက်ရယူနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။ သစ္စာမြဲမြံစွာလက်တွဲခဲ့ကြသောမိသားစုဝင်များအား ငါးနှစ်ပြည့်ဂုဏ်ပြုအခမ်းအနားနဲ့ ၂၀၂၁ ခုနှစ်ကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း မုဒိတာပွားနိုင်စေရန် သတင်းကောင်းပါးလိုက်ပါတယ်။
Chief Account((Yangon Head Office)
လုပ်ဖော်ကိုင်ဖက်များဆရာသမားကောင်းများနှင့် တွေ့ဆုံပြီး ပျော်ရွင်စရာကောင်းတဲ့လုပ်ငန်းခွင်ဖြစ်တဲ့အတွက် ဒီနေ့ထိ ရှိနေတာပါရှင်…
Inventory Supervisor(Yangon)
၅ နှစ်အထိကြာအောင်လုပ်နိူင်မှုကတော့ အားလုံးရဲ့ ဝိုင်းဝန်းကူညီဖေးမ မှုတွေကြောင့်ပါ…အားလုံးကို ကျေးဇူးတင်ပါတယ် ရှင်..
Sales Supervisor (Yangon)
Teamwork နဲ့လုပ်ကိုင်နေရတာ အဆင်ပြေနေတာရယ်….လုပ်ငန်းမှာ လုပ်ငန်းနဲ့ပါတ်သတ်တဲ့ ဗဟုသုတတွေကို ဆက်လက်သင်ယူရဦးမှာရယ် ကိုယ့်ကိုကိုယ်လဲ ဒီအလုပ်မှာ တိုးတက်လာတယ်လို့ ထင်မိလို့ ဆက်လက်လုပ်ဖြစ်နေတာပါ
Sales Supervisor (Yangon)
၅ နှစ်တာကျော်ဖြတ်လာနိူင်ခြင်းရဲ့အကြောင်းအရင်းကတော့ လုပ်ငန်းခွင်မှာပျော်ရွှင်ခြင်း နဲ့ အလုပ်ဝင်စမှစ၍ Director, Manager နဲ့ လုပ်ဖော်ကိုင်ဖက်များရဲ့ နွေးထွေးစွာ ဆက်ဆံခြင်း သင်ပြပေးမှုများကြောင့် ဖြစ်ပါတယ် ခင်ဗျာ..
Inventory Supervisor (Yangon)
ဝန်ထမ်းများအပေါ်ကူညီဖေးမစောင့်ရှောက်မှု
ဝန်ထမ်းများ လိုအပ်နေသော အရည်အချင်းပြည့်ဝစေရန် training များ ထားပေးခြင်း
မိသားစုကုမ္ပဏီလို ဖြစ်နေတာကြောင့် ငါးနှစ်တာ လုပ်ကိုင်နိူင်ခြင်း ဖြစ်ပါတယ်
Warehouse Assistant(Yangon)
တစ်နှစ်ထက် တစ်နှစ်လိုအပ်နေတဲ့ skill တွေ ဖြည့်ဆည်းမယ်လို့ တွေးပြီးလုပ်လာခဲ့တာ ၅ နှစ်ပြည့်လာခဲ့ပါတယ် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကျေးဇူးတွေလည်း အများကြီးပါ ပါတယ် ရှင့်..Company မှ ယခုလို အသိအမှတ်ပြု ဆုချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရှင်
Sales Supervisor (Myeik)
လုပ်သက်၅နှစ်ကျော်ကာလ ကုန်လွန်ခဲ့တာတောင် သိပ်မကြာလိုက်သလိုခံစား ရတဲ့အထိ Real Power အရိပ်အောက်ရောက်မှ ဘဝမှာ အဆင်ပြေခြင်း ဆိုတဲ့ feeling တော်တော်များများကို ရရှိခဲ့ပါတယ်…
Helper (Yangon)
Real Power မှာ ၅ နှစ်အထိ အလုပ်လုပ်နိူင်တဲ့အကြောင်းက ရုံးက အကိုတွေအမတွေရဲ့ ကူညီဖေးမမှုကြောင့် ပြီးတော့ မိသားစု စိတ်ဓာတ်လဲရှိကြတယ် အဲ့တာကြောင့် ကျွန်တော်အလုပ်လုပ်ရတာ ပျော်တယ်
Sales Assistant (Myeik)
Company ရဲ့ နည်းစနစ်တွေ ဝန်ထမ်းတွေအပေါ် ကြည့်ရှုစောက်ရှောက်မှုတွေ… ဝန်ထမ်းအချင်းချင်း ကူညီရိုင်းပင်းမှုတွေ ဆရာများက သင်ကြားပြသ ပေးမှုတွေ.ခရီးများလည်းသွားနေရခြင်းကြောင့် ၅ နှစ်ပြည့်မှန်းတောင် မသိလိုက်ပါဘူး ခင်ဗျာ
Sales Assistant (Bilin)
စက်ပစ္စည်းတွေကို ဝါသနာပါလို့ အလုပ်လုပ်ရတာလဲ မိသားစုပုံစံဖြစ်လို့ အကိုတွေကြားမှာ အလုပ်လုပ်ရတာ ပျော်စရာကောင်းလို့ အငယ်တွေကို နေရာပေးလို့ .အဓိက ကတော့ Real Power မှာ အလုပ်လုပ်ရတာပျော်လို့ ယခုချိန်ထိ လုပ်နေတာပါဗျ ….
Driver (Yangon)
BOD မှ ဝန်ထမ်းများ အပေါ် ကြည့်ရှုစောင့်ရှောက်ပေးတာကောင်းခြင်း..မိသားစုလိုဝန်ထမ်းတွေကို ဂရုစိုက်ခြင်း သွားရေးလာရေးအဆင်ပြေခြင်း ခံစားခွင့်တွေကလည်း တခြားကုမ္ပဏီမှာ မရနိူင်တဲ့ ခံစားခွင့်တွေပေးထားတဲ့အတွက်ကြောင့် ၅နှစ်ပြည့်တဲ့ထိ လုပ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်..
Manager (Mandalay)
အစကတော့ ၃ နှစ်လောက်ဘဲ လုပ်ဖို့မှန်းထားတာပါ..ညီညွတ်တဲ့ team ကိုဦးဆောင်လုပ်ကိုင်နေရတာ ပျော်စရာလည်းကောင်းလို့…ကိုယ့်ခေါင်းဆောင် မှုအောက်မှာ တက်ညီလက်ညီ လုပ်ကိုင်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း သံယောဇဥ်ဖြစ်ပြီး.ဝါသနာပါတဲ့လုပ်ငန်းလည်းဖြစ်လို့ပါ
Assistant Manager(Mandalay)
Real Power Co.,Ltd. ကို ၁၅.၀၉.၂၀၁၅ရက်နေ့မှာ Sales Executive ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်…စတင်ဝင်ရောက်တဲ့အချိန်ကာလမှ စပြီး ယနေ့ဒီစာကိုရေးနေတဲ့အချိန်အထိ ဝန်ထမ်းအချင်းချင်း ညီအကိုမောင်နှမများ သဖွယ် ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆက်ဆံမှုများ အထက်လူကြီးများ၏ ဝန်ထမ်းများ အပေါ် နွေးထွေးစွာ ဆက်ဆံမှုများကြောင့် လုပ်ငန်းခွင်မှာ နှစ်ရှည်လများအချိန်ကြာမြင့်စွာ ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်နေထိုင်ခြင်းဘဲ ဖြစ်ပါတယ်..
Sales Supervisor (Mandalay)
စက်ပစ္စည်းနှင့်ပက်သက်ပြီး ဝါသနာပါတယ်..ဝန်ထမ်းအချင်းချင်း လည်း မိသားစုလိုဖြစ်နေတော့ သံယောဇဥ်ဖြစ်မိပါတယ်..Company ဘက်ကလည်း ဝန်းထမ်းတွေအပေါ် ကူညီထောက်ပံံံ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..ဒီလိုနဲ့ဘဲ တစ်နှစ်နဲ့တစ်နှစ် ဖြတ်သန်းလာလိုတာက် ၅ နှစ်ပြည့် အသိအမှတ်ပြု ဆုချီးမြှင့်မှ ငါးနှစ်တောင်ပြည့်သွားပါပေါ့လားဆိုပြီး သတိပြန်ဝင်လာခဲ့ပါတယ်..
Inventory Supervisor (Mandalay)
အရင်ထဲက စက်မှုဇုံတွင် နေထိုင်သောကြောင့် စက်ပစ္စည်းနဲ့ မစိမ်းခဲ့ပါ…မိန်းခလေးဖြစ်ပေမယ့် စက်ပစ္စည်းတွေကို စိတ်ဝင်စားသောကြောင့်…ရုံးမှ ညီအကိုမောင်နှမ များ၏ စည်းလုံးမှုနှင့် သံယောဇဥ်ဖြစ်ပြီး ပျော်ရွှင်ရသောကြောင့် ဆရာလွန်းကို လေးစားသောကြောင့်… ထိုက်သင့်တဲ့အကျိုးခံစားခွင့်တွေလည်း ရနေသောကြောင့် ၅ နှစ်ကြာတဲ့အထိ လုပ်ဖြစ်နေပါတယ် ရှင်..
Cashier (Mandalay)
လုပ်ဖော်ကိုင်ဖက်ဆရာကောင်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းခွင်တွင် ပျော်ရွှင်ရပါတယ်..တပည့်များအပေါ်တွင် ဆရာကောင်းပီသသော ကျမတို့ ဆရာကြောင့်လည်း ၅ နှစ် ရောက်ရခြင်းဖြစ်ပါတယ်…
Driver (Mandalay)
အလုပ် စဝင်တဲ့နေ့ကစပြီး နွေးထွေးမှုကို ခံစားရပါတယ်…လုပ်ဖော်ကိုင်ဖက်တွေက ညီအကိုမောင်နှမလိုဖြစ် နေတော့ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာခဲ့တာ ၅နှစ်ပြည့်ခဲ့ပါပြီ…နောက်နှစ်တွေမှာလည်း ကိုယ့် ညီအကိုမောင်နှမ များနဲ့ပျော်ရွှင်စွာ လုပ်ကိုင်ရင်း ကျရာတာဝန်ကျေပွန်စွာ ထမ်းဆောင်ဖို့ ရည်မှန်းထားပါတယ်..
0 Comments