မြေတူးစက်တစ်စီး၏ မြေကြီးတူးနိုင်သောစွမ်းရည်သည် ၎င်းတွင် တပ်ဆင်ထားသော ဂေါ်ခွက်အရွယ်အစားနှင့် ပုံစံအမျိုးအစားပေါ်တွင် တိုက်ရိုက် ပတ်သက် ဆက်စပ်လျှက်ရှိသည်။ ထိုသို့ဆိုလျှင် ဂေါ်ခွက်တွင် တပ်ဆင် အသုံးပြုသော ဂေါ်စွယ်၏ အရွယ်အစားနှင့် ပုံစံအမျိုးအစားသည်လည်း အရေးပါသည့်အချက်အဖြစ် ထည့်သွင်း စဉ်းစားရပေမည် ဖြစ်သည်။ ၎င်းအပြင် မြေကြီးတူးနိုင်မှုစွမ်းရည်ပြည့်မီသော်လည်း ဂေါ်စွယ်အသုံးခံနိုင်မှုဆိုသော သက်တမ်းပြည့်အသုံးပြုနိုင်ပါမှ စီးပွားရေးအရ တွက်ချေကိုက်မည် ဖြစ်သည်။
ထိုသို့ဆိုလျှင် ဂေါ်စွယ်တစ်ခု၏ အရည်အသွေးများမှာ –
၁။ ပွန်းစားမှုဒဏ်ခံနိုင်ခြင်း (ဝါ) သက်တမ်းပြည့် ကြာရှည်စွာ အသုံးပြုနိုင်ခြင်း၊
၂။ တူးရမည့်မြေအမျိုးအစား အမျိုးမျိုးအတွင်း လွယ်ကူစွာ ထိုးဖောက် တူးဆွနိုင်ခြင်း၊
၃။ ထိုးဖောက် တူးဆွရာတွင် ဆောင့်အားဒဏ် ခံနိုင်ရည် ရှိခြင်း၊ တို့ဖြစ်ပါသည်။
ကျွန်ုပ်တို့ Real Power Trading Company မှ တင်သွင်းရောင်းချသော ဂေါ်စွယ်များသည် အထက်ဖော်ပြပါ အရည်အသွေးများနှင့် ကိုက်ညီမှုရှိကြောင်း မိတ်ဆက်ပါရစေ ခင်ဗျာ။

ယခုဖော်ပြပါ အမျိုးအစားမှာ ကျောက်ဆောင်၊ ကျောက်သားများသော လုပ်ငန်းခွင်များတွင် အသုံးပြုရန်ဖြစ်သည်။ ၎င်းပုံစံသည် ထိုးဖောက်မှုနှင့် ပွန်းစားမှုဒဏ်ကို အလယ်အလတ်အဆင့်သာဖြစ်သော်လည်း သံ၏မာခြင်းအဆင့် ကိုမူ အလွန်မြင့်မားစွာ ထုတ်လုပ်ထားပါသည်။ မာခြင်းအဆင့်မြင့်မားမှုကြောင့် ဆောင့်အားဒဏ်ကိုလည်း များစွာ ခံနိုင်ရည်ရှိပါသည်။

ယခုဖော်ပြပါ အမျိုးအစားမှာ သဲမြေ၊ ကျောက်စရစ်မြေ၊ ကျိုးကြေလွယ်သော ကျောက်သားတို့ကို တူးဆွကော်ရာ တွင် ပွန်းစားမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိအောင် ဦးစားပေး ထုတ်လုပ်ထားပါသည်။ ၎င်းအတွက် သံ၏မာခြင်းအဆင့် ကိုမူ အလယ်အလတ်အဆင့်ဖြင့် ထုတ်လုပ်ထားသော်လည်း ဆောင့်အားဒဏ်ကိုမူ အဆင့်မြှင့် ထုတ်လုပ်ထားပါ သည်။

ယခုဖော်ပြပါ အမျိုးအစားမှာ ပုံမှန်မြေအမျိုးအစားများ၊ သဲမြေ၊ နှုံးမြေ၊ ရွှံ့မြေတို့ကို တူးဆွကော်ရာတွင် ထိုးဖောက် မှုပိုမိုလွယ်ကူပြီး ပွန်းစားမှုဒဏ်ကိုလည်း ပိုမိုခံနိုင်အောင် အလျားကိုရှည်ထားပါသည်။ ၎င်းပုံစံအတွက် သံ၏ မာခြင်းအဆင့်သည် ဆောင့်အားဒဏ်နှင့် လိုက်လျောညီမှုရှိအောင်သာ ထုတ်လုပ်ထားပါသည်။

ယခုဖော်ပြပါ အမျိုးအစားမှာ မည်သည့်မြေအမျိုးအစား၊ လုပ်ငန်းခွင်အမျိုးအစားတွင်ဖြစ်ပါစေ တူးဆွကော်ရာတွင် ထိုးဖောက်မှုပိုမိုအားကောင်းအောင် ထုတ်လုပ်ထားသည်။ ပွန်းစားမှုဖြစ်ပေါ်လာချိန်ထိ ထိုးဖောက်အား ကျဆင်း မသွားအောင် ပုံစံထုတ်ထားပါသည်။ ၎င်းအတွက် သံ၏မာခြင်းအဆင့်ကိုလည်း မြှင့်တင်ထားပါသည်။ ဆောင့်အား ဒဏ်ခံနိုင်ရည်ရှိမှာ မာခြင်းအဆင့်နှင့် လိုက်လျောညီမှုရှိအောင် ထုတ်လုပ်ထားပါသည်။

ယခုဖော်ပြပါ အမျိုးအစားမှာ မည်သည့်မြေအမျိုးအစား၊ လုပ်ငန်းခွင်အမျိုးအစားတွင်ဖြစ်ပါစေ တူးဆွကော်ရာတွင် ထိုးဖောက်မှုပိုမိုအားကောင်းအောင် အထူးပြု ထုတ်လုပ်ထားသည်။ ပွန်းစားမှုများစေသော သဲမြေတွင် အသုံးမပြု သင့်ပေ။ တူးရန်ခက်ခဲသော နှုံးမြေ၊ ကျောက်စရစ်မြေ၊ ကျိုးကြေလွယ်သော ကျောက်သား၊ ကျောက်ဆောင်၊ ကျောက်တောင်ကဲ့သို့သော လုပ်ငန်းခွင်များတွင် အသုံးပြုရန် သင့်တော်သည်။

သတိပြုရန်။ မည်သည့်ဂေါ်စွယ်အမျိုးအစားကိုမဆို အသုံးပြု၍ ပွန်းစားမှုဖြစ်ပေါ်လာလျှင် ၎င်းပွန်းစားမှုသည် ဂေါ်စွယ် အထိုင်ကို ပျက်စီးထိခိုက်မှုဖြစ်လောက်အောင်ထိ အသုံးမပြုကြရန် သတိထားသင့်သည်။ ဂေါ်စွယ်အထိုင် ပျက်စီးသွားပါက ဂေါ်စွယ်အသစ် ပြန်လည်တပ်ဆင်ရာတွင်အခက်အခဲဖြစ်မည်၊ လုံး၀ တပ်မရသည်ထိ ဖြစ်နိုင်သည်။ ဂေါ်စွယ်အထိုင် အသစ် လဲရမည်ဆိုပါက အချိန်ကုန်၊ ငွေကုန် ဖြစ်ရုံမက လုပ်ငန်းနှောင့်နှေးမှုများပါ ဖြစ်လာနိုင်ပါသည်။

အသုံးပြုနိုင်သော (ပွန်းစားဒဏ်ခံနိုင်သော) ပမာဏကို ဖော်ပြထားသည်။

Categories: Post

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *