Tooth

မြေတူးစက်တစ်စီး၏ မြေကြီးတူးနိုင်သောစွမ်းရည်သည် ၎င်းတွင် တပ်ဆင်ထားသော ဂေါ်ခွက်အရွယ်အစားနှင့် ပုံစံအမျိုးအစားပေါ်တွင် တိုက်ရိုက် ပတ်သက် ဆက်စပ်လျှက်ရှိသည်။ ထိုသို့ဆိုလျှင် ဂေါ်ခွက်တွင် တပ်ဆင် အသုံးပြုသော ဂေါ်စွယ်၏ အရွယ်အစားနှင့် ပုံစံအမျိုးအစားသည်လည်း အရေးပါသည့်အချက်အဖြစ် ထည့်သွင်း စဉ်းစားရပေမည် ဖြစ်သည်။ ၎င်းအပြင် မြေကြီးတူးနိုင်မှုစွမ်းရည်ပြည့်မီသော်လည်း ဂေါ်စွယ်အသုံးခံနိုင်မှုဆိုသော သက်တမ်းပြည့်အသုံးပြုနိုင်ပါမှ စီးပွားရေးအရ တွက်ချေကိုက်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဂေါ်စွယ်တစ်ခု၏ အရည်အသွေးများမှာ – ၁။ ပွန်းစားမှုဒဏ်ခံနိုင်ခြင်း (ဝါ) သက်တမ်းပြည့် ကြာရှည်စွာ အသုံးပြုနိုင်ခြင်း၊ ၂။ တူးရမည့်မြေအမျိုးအစား အမျိုးမျိုးအတွင်း လွယ်ကူစွာ ထိုးဖောက် တူးဆွနိုင်ခြင်း၊ ၃။ ထိုးဖောက် တူးဆွရာတွင် ဆောင့်အားဒဏ် ခံနိုင်ရည် ရှိခြင်း၊ တို့ဖြစ်ပါသည်။ Read more…

Hydraulic Breaker ဆိုသည်မှာ

What is Hydraulic Breaker? (ဟိုက်ဒရောလစ်ဘရိကာ ဆိုတာ ဘာလဲ) ဟိုက်ဒရောလစ်ဘရိကာ ဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကွန်ကရစ်များ ဖျက်စီးရာတွင်လည်းကောင်း၊ သတုရှာဖွေရေးလုပ်ငန်းခွင်တွင် ကျောက်တောင် ကျောက်တုံးများ ဖြိုခွဲရာတွင်လည်းကောင်း ဟိုက်ဒရောလစ် မြေတူးစက်၏ မြေတူးခွက်နေရာတွင် အစားထိုးတပ်ဆင် အသုံးပြုသော ဟိုက်ဒရောလစ် စွမ်းအားသုံး (ရိုက်အားမြင့်ပြီး အကြီမ်ရေများများရိုက်နိုင်သည့်) chisel စို့ပါတပ်ဆင်ထားသည့် တူအမျိုးအစား တစ်ခုဖြစ်ပါသည်။ အဆိုပါ ဟိုက်ဒရောလစ် ဘရိကာ တပ်ဆင်အသုံးပြုနိုင်ရန်အတွက် ယနေ့ခေတ်ပေါ် ဟိုက်ဒရောလစ် မြေတူးစက်များတွင် ဟိုက်ဒရောလစ်စနစ် အပိုတစ်ခု ထည့်သွင်းထားပြီးဖြစ်ပါသည်။ အထူးသဖြင့် လူအားဖြင့် မစွမ်းနိုင်သော အဆောက်အဦးများဖျက်စီးရာတွင် ၎င်းကို အသုံးပြုခြင်းဖြင့် အန္တရာယ်ကင်းရှင်းပြီး အချိန်တိုအတွင်း အလုပ်ပြီးစီးပါသည်။ Three type Read more…