Rock Drill Machine & Drilling Tools

ကျောက်ဖောက်စက်ယန္တရားများကို သတ္ထုတူးဖော်ရေးလုပ်ငန်းများ၊ ကျောက်တူးဖော်ရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အများဆုံးအသုံးပြုကြသည်။ ကျောက်ဖောက်စက်ယန္တရား နှစ်မျိုးရှိပြီး ၄င်းတို့မှာ Hydraulic Crawler Rock Drill (HCR ဟိုက်ဒရောလစ်စွမ်းအားသုံး ကျောက်ဖောက်စက်) နှင့် Pneumatic Crawler Rock Drill (PCR လေစွမ်းအားသုံး ကျောက်ဖောက်စက်) တို့ဖြစ်သည်။ မာကြောမှုမျိုးစုံရှိသော ကျောက်အမျိုးမျိုးကို ထိုးဖောက်ရာတွင် အပေါက်ဖောက်ရန် နည်းလမ်းများဖြစ်သည့် လည်အား၊ ရိုက်အားနှင့် ဖိအားတို့ကို တပြိုက်နက်အသုံးပြုနိုင်သော စက်များဖြစ်ကြသည်။ စက်အလုပ်လုပ်ပုံ၏ အဓိကကျသော အားဖြစ်စေသည့် နည်းလမ်း(၃)မျိုးမှ (၂)မျိုးမှာ Drifter ခေါ် ကျောက်ဖောက်စက်ခေါင်း၏ စွမ်းဆောင်မှုဖြစ်ပြီး လည်အားနှင့် ရိုက်အားဖြစ်ပါသည်။ ကျန်ရှိသော ဖိအားကိုမူ ဖောက်စက်လက်တံ ထိပ်ပိုင်းရှိ Feed Read more…

Manuli Hydraulic Hose

ယနေ့မျက်မှောက်ခေတ်ကာလတွင် တည်ဆောက်ရေးလုပ်ငန်းခွင် အမျိုးမျိုးအတွက် အသုံးပြုသော ယန္တရားများမှာ ဟိုက်ဒရောလစ် (အရည်) စွမ်းအားနည်းစနစ်ကို အသုံးပြုလျက်ရှိသည်။ အခြားသောနည်းစနစ်များ ဖြစ်ကြသည့် လျှပ်စစ်စွမ်းအား၊ လေစွမ်းအားနှင့် စက်မှုစွမ်းအားတို့ထက် ၄င်းနည်းစနစ်ကို ပိုမိုအသုံးပြုလာကြသည်။ အဘယ့်ကြောင့်ဆိုသော် စွမ်းအင်တစ်ခုမှ တစ်ခုသို့ လွှဲပြောင်းလုပ်ဆောင်ရာတွင် ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်သည် လွယ်ကူရိုးရှင်းခြင်းနှင့် စွမ်းအင်ဆုံးရှုံးမှုအနည်းဆုံးဖြစ်ခြင်းကြောင့်ဖြစ်သည်။ဥပမာအားဖြင့် မြေတူးစက်တစ်စီး၏ စက်လက်တံများ လှုပ်ရှားခြင်း၊ ဂေါ်ခွက်ဖြင့်မြေတူးခြင်း၊ စက်အပေါ်ပိုင်း ကိုယ်ထည်လှည့်ရမ်းခြင်းနှင့် စက်တစ်စီးလုံး လမ်းလျှောက်ခြင်းတို့လုပ်ဆောင်ရာတွင် ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်ကို အသုံးပြုထားပါသည်။ ထိုစနစ်ကို အသုံးချပြုလုပ်ထားခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ လူအင်အားဖြင့်မပြီးနိုင်သော အလုပ်များကိုဆောင်ရွက်နိုင်ခြင်း၊ ထိန်းသိမ်းပြုပြင်မှု စားရိတ်နည်းပါးခြင်းနှင့် စီးပွားရေးအရ တွက်ချေကိုက်ခြင်း စသည့်အကျိုးကျေးဇူးတို့ကို ရရှိစေပါသည်။အဆိုပါ ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်တွင် အဓိကကျသော ဟိုက်ဒရောလစ်အစိတ်အပိုင်းများမှာ ဆီ(အရည်)၊ ဆီတိုင်ကီ၊ ဆီစစ်၊ Read more…