ဝါဆိုသင်္ဃန်း ကပ်လှူခြင်း

အနန္တော အနန္တ ငါးပါးဦးထိပ်ထားလျက် Real Power Co.,Ltd. မိသားစုမှ သံသရာဝဋ်ဆင်းရဲ အပေါင်းတို့မှ ကင်းလွတ်ရာအမှန် မဂ်ဖိုလ်နိဗ္ဗာန်သို့ ရည်စူး၍ ဘုရားအမှူးပြုသော သံဃာတော် အရှင်သူမြတ်တို့အား “ ဝါဆိုသင်္ဃန်း” ကပ်လှူခြင်း ၊ အာရုဏ်ဆွမ်း/ ခဲဖွယ်/ ဘောဇဉ်တို့ကို ဆပ်ကပ်လှူဒါန်းပြီး တရားတော်မြတ်တို့အား နာယူခဲ့သည်များကို အများသူငှာတို့ သာဓုခေါ်ဆိုနိူင်ရန် မျှဝေအပ်ပါသည်

SKF Seal Kit

Oil Seal Knowledge “၀ိုင်းဆီးနှင့်ပတ်သက်သော ဗဟုသုတ” စက်မှု့ လုပ်ငန်းသုံးအတွက် အသုံးပြုသော Oil seal ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြောရရင် “ချောဆီဖြင့် လည်ပတ်နေ သော ဝန်ရိုး၏ တဖက်ထိပ်မှ ၄င်းဆီများ မယိုစိမ့်စေရန်အတွက်လည်းကောင်း၊ ပြင်ပမှ ဖုန်နှင့်ရေများ မဝင်စေရန်အတွက် လည်းကောင်း အကာအကွယ်(လုံခြုံမှု)အဖြစ် တီထွင်ထားသော ပစ္စည်းတစ်မျိုး” လို့ မှတ်ယူနိုင်ပါတယ်။ Oil seal အဖြစ်အသုံးပြုတဲ့အခါ အဆိုပါ Oil seal ဟာ ပေါ့ပါးခြင်း၊ ကျစ်လစ်ခြင်း၊ တည်ငြိမ်ခြင်းနှင့် အကာအကွယ်(လုံခြုံမှု) ပေးနိုင်ခြင်း ဂုဏ်တို့နှင့် ပြည့်စုံရပါမယ်။ Oil seal အသုံးပြုတဲ့ နေရတွေကတော့ မော်ယာဉ်လောက၊ ၂ ဘီးစီးယာဉ်များ Read more…

Tooth

မြေတူးစက်တစ်စီး၏ မြေကြီးတူးနိုင်သောစွမ်းရည်သည် ၄င်းတွင် တပ်ဆင်ထားသော ဂေါ်ခွက်အရွယ်အစားနှင့် ပုံစံအမျိုးအစားပေါ်တွင် တိုက်ရိုက် ပတ်သက် ဆက်စပ်လျှက်ရှိသည်။ ထိုသို့ဆိုလျှင် ဂေါ်ခွက်တွင် တပ်ဆင် အသုံးပြုသော ဂေါ်စွယ်၏ အရွယ်အစားနှင့် ပုံစံအမျိုးအစားသည်လည်း အရေးပါသည့်အချက်အဖြစ် ထည့်သွင်း စဉ်းစားရပေမည် ဖြစ်သည်။ ၄င်းအပြင် မြေကြီးတူးနိုင်မှုစွမ်းရည်ပြည့်မီသော်လည်း ဂေါ်စွယ်အသုံးခံနိုင်မှုဆိုသော သက်တမ်းပြည့်အသုံးပြုနိုင်ပါမှ စီးပွားရေးအရ တွက်ချေကိုက်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဂေါ်စွယ်တစ်ခု၏ အရည်အသွေးများမှာ – ၁။ ပွန်းစားမှုဒဏ်ခံနိုင်ခြင်း (ဝါ) သက်တမ်းပြည့် ကြာရှည်စွာ အသုံးပြုနိုင်ခြင်း၊ ၂။ တူးရမည့်မြေအမျိုးအစား အမျိုးမျိုးအတွင်း လွယ်ကူစွာ ထိုးဖောက် တူးဆွနိုင်ခြင်း၊ ၃။ ထိုးဖောက် တူးဆွရာတွင် ဆောင့်အားဒဏ် ခံနိုင်ရည် ရှိခြင်း၊ တို့ဖြစ်ပါသည်။ Read more…

Paper Filter စက္ကူစစ်အကြောင်း

အရည်တစ်မျိုးမျိုးတွင်ရှိနေသော အမှုန်အမွှားများကို ဖယ်ရှားလိုလျှင်လည်းကောင်း၊ သို့မဟုတ် စီးဆင်းနေသောလေထဲတွင် ပါရှိနေသော အမှုန်အမွှားများကို ဖယ်ရှားလိုလျှင်လည်းကောင်း အသုံးပြုသည့် စက္ကူအမျိုးအစားကို စက္ကူစစ်ဟုခေါ်သည်။ အဆိုပါစက္ကူစစ်များကို လက်တွေ့စမ်းသပ်ခန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် မော်တော် ယာဉ်များတွင် အသုံးပြုကြသည်။ ၄င်းတို့အထဲမှ မော်တော်ယာဉ်လောကနှင့်အတူ ယန္တရားလောကတွင် အသုံးပြုသော စက္ကူအခြေခံထုတ်လုပ်ထားသည့် စက္ကူစစ်များမှာ လေစစ် (Air Cleaner)၊ လောင်စာဆီစစ် (Fuel Filter)၊ အင်ဂျင်ဝိုင်ဆီစစ် (Engine Oil Filter)၊ ထရမ်မစ်ရှင်းဆီစစ် (Transmissionn Oil Filter) နှင့် ဟိုက်ဒရောလစ်ဆီစစ် (Hydraulic Oil Filter) တို့ ဖြစ်ကြပါသည်။ စက္ကူစစ်အမျိုးအစားသည် သက်ဆိုင်ရာ စစ်ရမည့်အရည်အမျိုးအစား(လေအပါအ၀င်)နှင့် လိုက်လျောညီထွေရှိရမည်ဖြစ်ပြီး အမှုန်အမွှားစစ်ထုတ်ပေးနိုင်ရမည် Read more…

Rock Drill Machine & Drilling Tools

ကျောက်ဖောက်စက်ယန္တရားများကို သတ္ထုတူးဖော်ရေးလုပ်ငန်းများ၊ ကျောက်တူးဖော်ရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အများဆုံးအသုံးပြုကြသည်။ ကျောက်ဖောက်စက်ယန္တရား နှစ်မျိုးရှိပြီး ၄င်းတို့မှာ Hydraulic Crawler Rock Drill (HCR ဟိုက်ဒရောလစ်စွမ်းအားသုံး ကျောက်ဖောက်စက်) နှင့် Pneumatic Crawler Rock Drill (PCR လေစွမ်းအားသုံး ကျောက်ဖောက်စက်) တို့ဖြစ်သည်။ မာကြောမှုမျိုးစုံရှိသော ကျောက်အမျိုးမျိုးကို ထိုးဖောက်ရာတွင် အပေါက်ဖောက်ရန် နည်းလမ်းများဖြစ်သည့် လည်အား၊ ရိုက်အားနှင့် ဖိအားတို့ကို တပြိုက်နက်အသုံးပြုနိုင်သော စက်များဖြစ်ကြသည်။ စက်အလုပ်လုပ်ပုံ၏ အဓိကကျသော အားဖြစ်စေသည့် နည်းလမ်း(၃)မျိုးမှ (၂)မျိုးမှာ Drifter ခေါ် ကျောက်ဖောက်စက်ခေါင်း၏ စွမ်းဆောင်မှုဖြစ်ပြီး လည်အားနှင့် ရိုက်အားဖြစ်ပါသည်။ ကျန်ရှိသော ဖိအားကိုမူ ဖောက်စက်လက်တံ ထိပ်ပိုင်းရှိ Feed Read more…

Manuli Hydraulic Hose

ယနေ့မျက်မှောက်ခေတ်ကာလတွင် တည်ဆောက်ရေးလုပ်ငန်းခွင် အမျိုးမျိုးအတွက် အသုံးပြုသော ယန္တရားများမှာ ဟိုက်ဒရောလစ် (အရည်) စွမ်းအားနည်းစနစ်ကို အသုံးပြုလျက်ရှိသည်။ အခြားသောနည်းစနစ်များ ဖြစ်ကြသည့် လျှပ်စစ်စွမ်းအား၊ လေစွမ်းအားနှင့် စက်မှုစွမ်းအားတို့ထက် ၄င်းနည်းစနစ်ကို ပိုမိုအသုံးပြုလာကြသည်။ အဘယ့်ကြောင့်ဆိုသော် စွမ်းအင်တစ်ခုမှ တစ်ခုသို့ လွှဲပြောင်းလုပ်ဆောင်ရာတွင် ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်သည် လွယ်ကူရိုးရှင်းခြင်းနှင့် စွမ်းအင်ဆုံးရှုံးမှုအနည်းဆုံးဖြစ်ခြင်းကြောင့်ဖြစ်သည်။ဥပမာအားဖြင့် မြေတူးစက်တစ်စီး၏ စက်လက်တံများ လှုပ်ရှားခြင်း၊ ဂေါ်ခွက်ဖြင့်မြေတူးခြင်း၊ စက်အပေါ်ပိုင်း ကိုယ်ထည်လှည့်ရမ်းခြင်းနှင့် စက်တစ်စီးလုံး လမ်းလျှောက်ခြင်းတို့လုပ်ဆောင်ရာတွင် ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်ကို အသုံးပြုထားပါသည်။ ထိုစနစ်ကို အသုံးချပြုလုပ်ထားခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ လူအင်အားဖြင့်မပြီးနိုင်သော အလုပ်များကိုဆောင်ရွက်နိုင်ခြင်း၊ ထိန်းသိမ်းပြုပြင်မှု စားရိတ်နည်းပါးခြင်းနှင့် စီးပွားရေးအရ တွက်ချေကိုက်ခြင်း စသည့်အကျိုးကျေးဇူးတို့ကို ရရှိစေပါသည်။အဆိုပါ ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်တွင် အဓိကကျသော ဟိုက်ဒရောလစ်အစိတ်အပိုင်းများမှာ ဆီ(အရည်)၊ ဆီတိုင်ကီ၊ ဆီစစ်၊ Read more…

Main Pump Assembly and Main Pump Parts

ယနေ့မျက်မှောက်ခေတ်ကာလတွင် တည်ဆောက်ရေးလုပ်ငန်းခွင် အမျိုးမျိုးအတွက် အသုံးပြုသော ယန္တရားများမှာ ဟိုက်ဒရောလစ် (အရည်) စွမ်းအားနည်းစနစ်ကို အသုံးပြုလျက်ရှိသည်။ အခြားသောနည်းစနစ်များ ဖြစ်ကြသည့် လျှပ်စစ်စွမ်းအား၊ လေစွမ်းအားနှင့် စက်မှုစွမ်းအားတို့ထက် ၄င်းနည်းစနစ်ကို ပိုမိုအသုံးပြုလာကြသည်။ အဘယ့်ကြောင့်ဆိုသော် စွမ်းအင်တစ်ခုမှ တစ်ခုသို့ လွှဲပြောင်းလုပ်ဆောင်ရာတွင် ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်သည် လွယ်ကူရိုးရှင်းခြင်းနှင့် စွမ်းအင်ဆုံးရှုံးမှုအနည်းဆုံးဖြစ်ခြင်းကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် မြေတူးစက်တစ်စီး၏ စက်လက်တံများ လှုပ်ရှားခြင်း၊ ဂေါ်ခွက်ဖြင့်မြေတူးခြင်း၊ စက်အပေါ်ပိုင်း ကိုယ်ထည်လှည့်ရမ်းခြင်းနှင့် စက်တစ်စီးလုံး လမ်းလျှောက်ခြင်းတို့ လုပ်ဆောင်ရာတွင် ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်ကို အသုံးပြုထားပါသည်။ ထိုစနစ်ကို အသုံးချပြုလုပ်ထားခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ လူအင်အားဖြင့်မပြီးနိုင်သော အလုပ်များကိုဆောင်ရွက်နိုင်ခြင်း၊ ထိန်းသိမ်းပြုပြင်မှု စားရိတ်နည်းပါးခြင်းနှင့် စီးပွားရေးအရ တွက်ချေကိုက်ခြင်း စသည့်အကျိုးကျေးဇူးတို့ကို ရရှိစေပါသည်။ အဆိုပါ ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်တွင် အဓိကကျသော ဟိုက်ဒရောလစ်အစိတ်အပိုင်းများမှာ Read more…