ကျောက်ဖောက်စက်နှင့် ကျောက်ဖောက်ကိရိယာများ

ကျောက်ဖောက်စက်ယန္တရားများကို သတ္ထုတူးဖော်ရေးလုပ်ငန်းများ၊ ကျောက်တူးဖော်ရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အများဆုံးအသုံးပြုကြသည်။ ကျောက်ဖောက်စက်ယန္တရား နှစ်မျိုးရှိပြီး ၄င်းတို့မှာ Hydraulic Crawler Rock Drill (HCR ဟိုက်ဒရောလစ်စွမ်းအားသုံး ကျောက်ဖောက်စက်) နှင့် Pneumatic Crawler Rock Drill (PCR လေစွမ်းအားသုံး ကျောက်ဖောက်စက်) တို့ဖြစ်သည်။
မာကြောမှုမျိုးစုံရှိသော ကျောက်အမျိုးမျိုးကို ထိုးဖောက်ရာတွင် အပေါက်ဖောက်ရန် နည်းလမ်းများဖြစ်သည့် လည်အား၊ ရိုက်အားနှင့် ဖိအားတို့ကို တပြိုက်နက်အသုံးပြုနိုင်သော စက်များဖြစ်ကြသည်။ စက်အလုပ်လုပ်ပုံ၏ အဓိကကျသော အားဖြစ်စေသည့် နည်းလမ်း(၃)မျိုးမှ (၂)မျိုးမှာ Drifter ခေါ် ကျောက်ဖောက်စက်ခေါင်း၏ စွမ်းဆောင်မှုဖြစ်ပြီး လည်အားနှင့် ရိုက်အားဖြစ်ပါသည်။ ကျန်ရှိသော ဖိအားကိုမူ ဖောက်စက်လက်တံ ထိပ်ပိုင်းရှိ Feed Motor ခေါ် ထိုးသွင်းမှုမော်တာမှ လုပ်ဆောင်ပေးသည်။
အဆိုပါစက်များ၏ ကျောက်ဖောက်နိုင်မှု စွမ်းဆောင်ရည်သည် စက်မောင်းသူ၏ ကျွမ်းကျင်ပိုင်နိုင်မှုအပေါ်တွင် မူတည်သလို စက်တွင် တပ်ဆင်အသုံးပြုထားသော ပစ္စည်းအစိတ်အပိုင်းများပေါ်တွင်လည်း မူတည်ပါသည်။ ကျောက်ဖောက်ရာ၌ အဓိကကျသော စက်အစိတ်အပိုင်းများမှာ Drilling Tools ဟုခေါ်သော Drifter, Shank Rod, Couplings, Drill (Extension) Rods & Drill Bit တို့ ဖြစ်သည်။
၎င်း Shank Rod, Couplings, Drill (Extension) Rods & Drill Bit ပစ္စည်းများ တပ်ဆင်ပုံမှာ တစ်ခုနှင့်တစ်ခု အရစ်ကျဲဖြင့် ရစ်လျှက်တပ်ဆင်အသုံးပြုသည်။ ထိုသို့ဆိုလျှင် အဆိုပါ အရစ်များသည်လည်း လည်အား၊ ရိုက်အားနှင့် ဖိအားဒဏ်ကို ခံနိုင်ရည် ရှိရမည်။
မာကြောမှုမျိုးစုံရှိသော ကျောက်အမျိုးမျိုးကို ထိုးဖောက်ရန်အတွက် Drill Bit မျိုးစုံ ထုတ်လုပ်ရောင်းချလျှက်ရှိပါသည်။ သုံးစွဲသူစက်မောင်းများသည် ရွေးချယ်မှုမှန်ကန်စွာ အသုံးပြုနိုင်မှ လုပ်ငန်းတွင်ကျယ်ပြီး တွက်ချေကိုက်ပါမည်။ စက်ပစ္စည်းထုတ်လုပ်သူဘက်မှ ရွေးချယ်စရာ နည်းလမ်းများကို အောက်ပါအတိုင်း ပေးလေ့ရှိပါသည်။
(၁) Drill Bit ၏ မျက်နှာပြင်ပုံစံသည် ညီညာသောမျက်နှာပြင် ဖြစ်ပါက အလွန်မာ၍ ပွန်းစားမှုများသော ကျောက်သားများအတွက်ဖြစ်ပြီး ထိုးဖောက်မှု အားကောင်းမည်။
(၂) Drill Bit ၏ မျက်နှာပြင်ပုံစံသည် ခွက်သောမျက်နှာပြင် ဖြစ်ပါက အတင့်အသင့်မာ၍ ကျိုးကျေလွယ်သောကျောက်သားများအတွက်ဖြစ်ပြီး ထိုးဖောက်ရာတွင် တိမ်းစောင်းခြင်း မဖြစ်ပေ။
(၃) Drill Bit ၏ မျက်နှာပြင်ပုံစံသည် ခုံးသောမျက်နှာပြင် ဖြစ်ပါက အတင့်အသင့်မာ၍ ကျိုးကျေလွယ်သောကျောက်သားများအတွက်ဖြစ်ပြီး ထိုးဖောက်ရာတွင် လျှင်လျှင်မြန်မြန် ဖြစ်မည်။
နောက်ထပ် သတိပြုရွေးချယ်ရမည့်ပုံစံသည် Drill Bit မျက်နှာပြင်တွင် တပ်ဆင်ထားသည့် Button ခေါ် ထိပ်ဖူးအသွားများ၏ ပုံပန်းသဏ္ဍန်ဖြစ်ပြီး အောက်ပါအတိုင်း ရွေးချယ်သင့်သည်။
(က) Button ၏ ပုံစံသည် လုံးလုံးခုံးခုံး (Round or Semi-dome shap)ပုံ ဖြစ်ပါက အလွန်မာကြောပြီး ပွန်းစားမှုနှုန်းများသည့် ကျောက်သားများကို ဖောက်ရာတွင် အသုံးပြုနိုင်သည်။ ဥပမာ – ဂဝံကျောက်၊ စကျင်ကျောက်။
(ခ) Button ၏ ပုံစံသည် လုံး၍ခုံးသော်လည်း အနည်ငယ်ချွန်သော (Semi-ballistic or Ballistic shap)ပုံ ဖြစ်ပါက မာကြောပြီး ပွန်းစားမှုနှုန်း အလယ်အလတ်ရှိသည့် ကျောက်သားများကို ဖောက်ရာတွင် အသုံးပြုနိုင်သည်။ ဥပမာ – ထုံးကျောက်၊ စကျင်ကျောက်။
(ဂ) Button ၏ ပုံစံသည် လုံးလုံးချွန်ချွန် (Spike or W-conical shap)ပုံ ဖြစ်ပါက မာကြောမှုတန်ဖိုးနည်းပြီး ပွန်းစားမှုနှုန်းပါ နည်းသည့် ကျောက်သားများကို ဖောက်ရာတွင် အသုံးပြုနိုင်သည်။ ဥပမာ – သဲကျောက်၊ အနည်ကျကျောက်။
ကျောက်သားအမျိုးမျိုးဖောက်ရန်အတွက် အရည်အသွေး စိတ်ချရသော Drilling Tools များဖြစ်သည့် Rock More Brand (Made in USA ) ပစ္စည်းများကို ကျွန်တော်တို့ Real Power Company မှ ရောင်းချလျှက်ရှိပါသည်။
အသေးစိတ် သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါတယ် ခင်ဗျာ။
Yangon Office…
?No.A -64 Naung Yoe Street, Mayangon Tsp.
☎️Hot Line ; 09 795 334 003,
?Show Room: 09 795 334 005
Mandalay Officce..
? No.72, 62nd Street,Pyi Gyi Tagon Tsp.
☎️ 09 785 334 003
? 09 785 334 005
Taung Gyi Office…
? No.102, Pyi Daung Su Main Road, Aye Tharyar Myo Thit,
☎️ 09 957777 110

Categories: Post

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *