ယနေ့မျက်မှောက်ခေတ်ကာလတွင် တည်ဆောက်ရေးလုပ်ငန်းခွင် အမျိုးမျိုးအတွက် အသုံးပြုသော ယန္တရားများမှာ ဟိုက်ဒရောလစ် (အရည်) စွမ်းအားနည်းစနစ်ကို အသုံးပြုလျက်ရှိသည်။ အခြားသောနည်းစနစ်များ ဖြစ်ကြသည့် လျှပ်စစ်စွမ်းအား၊ လေစွမ်းအားနှင့် စက်မှုစွမ်းအားတို့ထက် ၄င်းနည်းစနစ်ကို ပိုမိုအသုံးပြုလာကြသည်။ အဘယ့်ကြောင့်ဆိုသော် စွမ်းအင်တစ်ခုမှ တစ်ခုသို့ လွှဲပြောင်းလုပ်ဆောင်ရာတွင် ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်သည် လွယ်ကူရိုးရှင်းခြင်းနှင့် စွမ်းအင်ဆုံးရှုံးမှုအနည်းဆုံးဖြစ်ခြင်းကြောင့်ဖြစ်သည်။
ဥပမာအားဖြင့် မြေတူးစက်တစ်စီး၏ စက်လက်တံများ လှုပ်ရှားခြင်း၊ ဂေါ်ခွက်ဖြင့်မြေတူးခြင်း၊ စက်အပေါ်ပိုင်း ကိုယ်ထည်လှည့်ရမ်းခြင်းနှင့် စက်တစ်စီးလုံး လမ်းလျှောက်ခြင်းတို့လုပ်ဆောင်ရာတွင် ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်ကို အသုံးပြုထားပါသည်။ ထိုစနစ်ကို အသုံးချပြုလုပ်ထားခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ လူအင်အားဖြင့်မပြီးနိုင်သော အလုပ်များကိုဆောင်ရွက်နိုင်ခြင်း၊ ထိန်းသိမ်းပြုပြင်မှု စားရိတ်နည်းပါးခြင်းနှင့် စီးပွားရေးအရ တွက်ချေကိုက်ခြင်း စသည့်အကျိုးကျေးဇူးတို့ကို ရရှိစေပါသည်။
အဆိုပါ ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်တွင် အဓိကကျသော ဟိုက်ဒရောလစ်အစိတ်အပိုင်းများမှာ ဆီ(အရည်)၊ ဆီတိုင်ကီ၊ ဆီစစ်၊ ဆီပန့်၊ ဗားအမျိုးမျိုး၊ မော်တာများ ဆလင်ဒါများနှင့် ၄င်းပစ္စည်းများ တစ်ခုနှင့်တစ်ခုအကြား ဆက်သွယ်ပေးမည့်ဆီပိုက်များ ပါရှိရမည်။ ဆီပိုက်အမျိုးအစားများကို လှုပ်ရှားမှုဒဏ်ခံနိုင်သော Flexible Hoses များနှင့် နေရာအတည်တကျ တပ်ဆင်ရသော Tubes & Pipes ဟု နှစ်မျိုးခွဲခြားထားပြီး နှစ်မျိုးစလုံး ဖိအားမြင့်ဒဏ်ခံနိုင်ရည်ရှိရမည်။
အဆိုပါ ဖိအားမြင့်နှင့်လှုပ်ရှားမှုဒဏ်ခံနိုင်သော Flexible Hoses များကို ဈေးကွက်အတွင်း အလွယ်တကူရနိုင်ပြီဆိုသောလည်း အရည်အသွေးစိတ်ချရသော ပစ္စည်းဖြစ်ဖို့ သတိပြုစေချင်ပါသည်။ Flexible Hose ၏ အရည်အသွေးဆိုတာ –
(၁) Inner Tube ပိုက်အတွင်းသားသည် မိမိအသုံးပြုမည့် စွမ်းအားစနစ်၏ ဆီနှင့် ကိုက်ညီမှုရှိခြင်း၊
(၂) Reinforcement Layer ပိုက်၏ ဒုတီယအလွှာသည် ဖိအားမြင့်နှင့် လှုပ်ရှားမှုဒဏ်ခံနိုင်သည့် ဖိုက်ဘာမျှင် (သို့မဟုတ်) စတီးမျှင် အလွှာအရေအတွက် အနည်းအများဖြင့် ပြုလုပ်ထားခြင်း၊
(၃) Outer Cover ပိုက်အပေါ်ဆုံးလွှာသည် ပြင်ပမှရာသီဥတုနှင့် နေရောင်ခြည်ထိတွေ့မှုဒဏ်၊ ပွန်းစားမှုဒဏ်၊ အပူဒဏ်တို့ကို ခံနိုင်ရည်ရှိခြင်း တို့ပဲဖြစ်ပါတယ်။
 ကျွန်ေတာ်တို့ Real Power Trading Company အနေနှင့် အရည်အသွေး စိတ်ချရသော အီတလီနိုင်ငံထုတ် Manuli Hydraulic Flexible Hoses များကိုသာ ရောင်းချလျှက်ရှိပါသည်။

Categories: Product

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *