𝗕𝘂𝗰𝗸𝗲𝘁 တပ်ဆင်ရာတွင် 𝗕𝘂𝗰𝗸𝗲𝘁 ခွက် နှင့် စက်လက်တံတို့၏ အတိုင်းအတာများ အချိုးကျကိုက်ညီမှုရှိစေရန် အောက်ပါအချက်များကို သတိပြုရပါမည်။

1.Bucket Pin Diameter နှင့် တပ်ဆင်မည့် Pin Diameter တူညီရန်

Bucket Pin Diameter မတူပါက တပ်ဆင်ရန် မဖြစ်နိုင်ပါ။ တချို့သော Bucket ခွက်အမျိုးအစားတွင် ဘွတ်တပ်ဆင် အသုံးပြုနိုင်ပါသည်။

2. Bucket Face Spread နှင့် Pin Spread တူညီရန်

Bucket Face Spread ကျဉ်းနေပါက စက်လက်တံ arm တွင် တပ်ဆင်မရဖြစ်ပြီး၊ ကျယ်နေပါက ရှင်းပြား skins များဖြင့် တပ်ဆင်နိုင်သည်။ Bucket Pin Spread သည် သတ်မှတ်အတိုင်းအတာထက် ကျဉ်းနေပါက ဂေါ်ခွက်လှုပ်ရှားမှုနည်းခြင်း၊ မြေကြီးတူးရာတွင် ဂေါ်ခွက်အတွင်း မြေကြီးပမာဏ များများမဝင်ခြင်း၊ မြေကြီးသွန်ရာတွင် များများမြန်မြန် မသွန်နိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ကျယ်နေပါက စက်စွမ်းအင်ပိုမိုသုံးရခြင်း၊ လောင်စာဆီ ပိုမိုကုန်ကျခြင်းတို့ ဖြစ်နိုင်ပါသည်။

3.Bucket Tip Radius နှင့် စက်လက်တံအကွာအဝေး

Bucket Tip Radius တိုလွန်းနေလျှင် Bucket Cylinder အစအဆုံး အသုံးပြုရသဖြင့် ၎င်း Cylinder သက်တမ်းတိုစေသည်။ ရှည်လွန်းလျှင် စက်လက်တံကွေးရာတွင် ဂေါ်စွယ်နှင့် စက်လက်တံ ထိခိုက်မှု ဖြစ်ပေါ်ခြင်း၊ မြေကြီးတူးရာတွင် စက်စွမ်းအင်ပိုမိုသုံးရခြင်း၊ လောင်စာဆီ ပိုမိုကုန်ကျခြင်းတို့ ဖြစ်နိုင်ပါသည်။

4. Bucket Bite Width နှင့် လုပ်ငန်းစွမ်းဆောင်ရည်

Bucket Bite Width ကျဉ်းနေပါက မြေကြီးတူးရာတွင် Bucket ခွက်အတွင်း မြေကြီးပမာဏ များများ မဝင်ဆံ့ခြင်း ဖြစ်နိုင်ပြီး ကျယ်နေပါက စက်စွမ်းအင်ပိုမိုသုံးရသဖြင့် လောင်စာဆီစားနှုန်း မြင့်မားခြင်းတို့ ဖြစ်နိုင်ပါသည်။

𝐑𝐞𝐚𝐥 𝐏𝐨𝐰𝐞𝐫 𝐂𝐨.,𝐋𝐭𝐝 တွင် ခေတ်မီနည်းပညာများဖြင့် ထုတ်လုပ်ထားသော စွမ်းဆောင်ရည်မြင့်မားသည့် 𝗥𝗣𝗧 𝗕𝗿𝗮𝗻𝗱 𝗕𝘂𝗰𝗸𝗲𝘁 များကို ဝယ်ယူရရှိနိုင်ပါပြီ

🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
☎️09-267 777 810၊ 09-795 334 005

🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
☎️09-267 777 820 ၊ 09-785 334 005

🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။
☎️09-267 777 840

🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။
☎️09-267 777 850

🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။
☎️09- 267 777 830

🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။
☎️09-899 077 773၊ 09-257 777 317

Categories: PostSocial