မြန်မာနိုင်ငံရဲ့ စက်ယန္တရားအဌားလုပ်ငန်းကို အဓိကထားတင်ဆက်လျက်ရှိတဲ့ Machinery Talk Show Part 4 ၏ Episode 3 တွင် Truvic Machinery Company မှ Founder ဦးကျော်စွာအောင်၊ Kyaw Nay Min Htun Company မှ ဦးဆောင်သူ ဦးကျော်ကျော်နှင့် Real Power Company မှ Director ဦးသက်လင်းဝင့်ကောင်းတို့မှ စက်ယန္တရားအငှားဈေးကွက်အတွင်း စိန်ခေါ်မှုများစွာကြားထဲက ထွက်ပေါ်လာတဲ့ အခွင့်အလမ်းတွေနဲ့ ဒီအခွင့်အလမ်းတွေကို လုပ်ငန်းရှင်နှစ်ဦးအနေဖြင့် မည်သို့ကြိုးစားဖန်တီးလျက်ရှိသည် ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။ စက်ယန္တရားအငှားလုပ်ငန်းအတွက် အဖိုးတန်အမြင်သစ်တွေနဲ့ စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ် ဘယ်လိုပြောင်းလဲရမလဲဆိုတာတွေကို မျှဝေပေးသွားမယ့် ဒီအစီအစဉ်လေးကို Real Power Trading YouTube Channel မှာ အတူတူကြည့်ရှုလိုက်ကြရအောင်နော်
တပို့တွဲလရဲ့ အစဉ်အလာမပျက်ရအောင် Real Power ထမနဲလက်ဆောင်
တပို့တွဲလမှာ ကျင်းပလေ့ရှိတဲ့ မြန်မာ့ရိုးရာ ထမနဲပွဲဟာ မြန်မာလူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပျော်ရွှင်မှုတွေကို ဖော်ကျူးတဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်ပါတယ် ဒီလို ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ တပို့တွဲလရဲ့ အစဉ်အလာမပျက်ရအောင် Real Power ၏ ရန်ကုန်ရုံးချုပ်ရှိ ဝန်ထမ်း မိသားစုများမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ရိုးရာ ထမနဲပွဲအား အတူတကွ စည်းလုံးညီညွတ်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်