𝗥𝗲𝗮𝗹 𝗣𝗼𝘄𝗲𝗿 ၏ You Tube Channel မှ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်သော 𝗠𝗮𝗰𝗵𝗶𝗻𝗲𝗿𝘆 𝗧𝗮𝗹𝗸 𝗦𝗵𝗼𝘄 ၏ 𝐏𝐚𝐫𝐭 𝟰, 𝐄𝐩𝐢𝐬𝐨𝐝𝐞 𝟭 တွင် စက်ယန္တရားအငှားလောကတွင် အသီးသီးအောင်မြင်နေကြသော စက်အငှားပိုင်ရှင် နှစ်ဦး၏ မတူညီတဲ့ နောက်ခံဘဝအသီးသီးမှ ဘဝရဲ့ အနိမ့်အမြင့် အတတ်အကျများကို ဖြတ်ကျော်ပြီး စက်ယန္တရားအငှားပိုင်ရှင်အဖြစ် ကြိုးစားခဲ့ပုံများကို ဆွေးနွေးမျှဝေပေးသွားမှာဖြစ်လို 𝗥𝗲𝗮𝗹 𝗣𝗼𝘄𝗲𝗿 𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 𝗖𝗵𝗮𝗻𝗻𝗲𝗹 မှာ အတူတူကြည့်ရှုလိုက်ကြရအောင်နော်!
တပို့တွဲလရဲ့ အစဉ်အလာမပျက်ရအောင် Real Power ထမနဲလက်ဆောင်
တပို့တွဲလမှာ ကျင်းပလေ့ရှိတဲ့ မြန်မာ့ရိုးရာ ထမနဲပွဲဟာ မြန်မာလူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပျော်ရွှင်မှုတွေကို ဖော်ကျူးတဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်ပါတယ် ဒီလို ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ တပို့တွဲလရဲ့ အစဉ်အလာမပျက်ရအောင် Real Power ၏ ရန်ကုန်ရုံးချုပ်ရှိ ဝန်ထမ်း မိသားစုများမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ရိုးရာ ထမနဲပွဲအား အတူတကွ စည်းလုံးညီညွတ်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်