1. စက်ကိုချက်ချင်းရပ်ပါ။

Hydraulic Excavator ကြီးများမှာ အချိန်ကာလကြာလာသည်နှင့်အမျှ Hydraulic Seal များ မကောင်းသောကြောင့်လည်းကောင်း အယိုအစိမ့် ဖြစ်လာနိုင်ပါတယ်။ Hydraulic ယိုစိမ့်မှုများကြောင့် Hydraulic ဆီ ဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ်။ Hydraulic ပိုက်ပေါက်ခဲ့ပါက Hydraulic ဆီဆုံးရှုံးမှု ကို ဖြစ်စေရုံမကပဲ အနီးရှိလူကိုလည်း ထိခိုက်မှုများ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းလုပ်နေစဉ် Hydraulic ပိုက်များပေါက်သွားပါက စက်ကို ချက်ချင်းရပ်ပါ။

2. ယိုစိမ့်မှုနေရာကို ရှာဖွေပါ။

နေ့စဉ် Walk Around Check စစ်ဆေးခြင်းနှင့်အတူ ဆီယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးပေးပါက ပိုကောင်းပါတယ်။ အလုပ်ပြီး၍ စက်ရပ်နားချိန်တွင် ဆီစွန်းနေသည့် အစိတ်အပိုင်းများ ရှိ/မရှိ လိုက်လံကြည့်ရှုပါ။ ပိုက်ပေါက်နေပါက ဘယ်နေရာက ပိုက်ပေါက်နေတာလဲ၊ ဘယ်နေရာက Seal ကွင်း ယိုစိမ့်မှုတွေ ရှိနေလဲ ရှာဖွေပြီး အမြန်ပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။

3. ယာယီပြုပြင်ခြင်း ပြုလုပ်ပါ။

ပိုက်ထိပ်တွင်ပါသည့် O Ring Seal များမှ ဆီယိုစိမ့်မှု ရှိခဲ့ပါက O Ring Box များ အရံသင့်ဆောင်ထားပြီး O Ring များ လဲလှယ်ပေးပါ။ ပေါက်ပြဲသွားသည့် ပိုက်များ၊ မပေါက်ပြဲသေး သော်လည်း ဟောင်းနွမ်းနေသည့် ပိုက်များ ရှိ‌နေပါက လုပ်ငန်းမစခင် အသစ်လဲလှယ် တပ်ဆင်ထားပေးပါ။ ပိုက်ခေါင်းများ ပိုက်တပ်ဆင်ထားသည့် Hose Clamp များ တင်းကြပ်မှုမရှိဘဲ လျော့နေပါက ဆီယိုစိမ့်မှုဖြစ်စေနိုင်ပြီး Pressure ကြောင့် ပိုက်ထိပ်မှ O Ring Seal ကိုပေါက်ပြဲစေနိုင်ပါတယ်။ ဒါ့ကြောင့် ပိုက်ခေါင်းများ၊ Hose Clamp များကိုလည်း သေချာလုံအောင် ကြပ်ပေးပါ။

4. Hydraulic Level ကိုစစ်ဆေးပါ။

လုပ်ငန်းမစခင် အချိန်တိုင်းတွင် စက်ကို သတ်မှတ်ထားသည့် Position အတိုင်းထားပြီး Hydraulic Oil Level ပြည့်မီမှု ရှိ/မရှိ စစ်ဆေးပါ။ Hydraulic Oil Level ပြည့်မီမှုမရှိလျှင် စက်ကို အသုံးမပြုပါနှင့်။

5. ကျွမ်းကျင်သူဖြင့် ပြင်ဆင်ပါ။

Hydraulic Cylinder၊ Main Pump ၊ Control Valve များမှ ဆီများယိုစိမ့်နေပါက ကျွမ်းကျင်သည့် Service Engineer များနှင့် Seal Kit များ အသစ်လဲရန် လိုအပ်ပါတယ်။ Permanent Repair အတွက် Service Engineer များနှင့် ဆက်သွယ်ရပါမယ်။

🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။

☎️09-267 777 810၊ 09-795 334 005

🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

☎️09-267 777 820 ၊ 09-785 334 005

🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။

☎️09-267 777 840

🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။

☎️09-267 777 850

🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။

☎️09- 267 777 830

🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။

☎️09-899 077 773၊ 09-257 777 317

Categories: PostSocial