𝗛𝘆𝗱𝗿𝗮𝘂𝗹𝗶𝗰 𝗖𝘆𝗹𝗶𝗻𝗱𝗲𝗿 ဆိုသည်မှာ Hydraulic စွမ်းအင်ကို အသုံးပြု၍ အလျားလိုက် ရွေ့လျားမှု (Linear Motion) ကို ထုတ်လုပ်ပေးသော ဆလင်ဒါဖြစ်ပါသည်။ Excavator များတွင် ဟိုက်ဒြောလစ် ဆလင်ဒါများကို Boom Frame ကြီးအား အပေါ်မြှောက်/အောက်ချ ပြုလုပ်နိုင်ရန်၊ Arm၊ Boom Cylinder များကို အကွေး/အဆန့် ပြုလုပ်နိုင်ရန် နှင့် Arm Cylinder နှင့် Bucket ခွက်ကို ကစားနိုင်ရန် အတွက် Bucket Cylinder ဟူ၍ ပါရှိပါသည်။ ဟိုက်ဒြောလစ် ဆလင်ဒါများသည် ဖွဲ့စည်းပုံအားဖြင့် Cylinder Barrel (ဆလင်ဒါအိုး)၊ Cylinder Rod (ဆလင်ဒါရော့ချောင်း)၊ Cylinder Head (ဆလင်ဒါဟက်ဖုံး)၊ Piston (ပစ္စတင်) နှင့် Seals & Rings (ဆီးကွင်းများ) စသည့် အဓိကအစိတ်အပိုင်းများပါဝင်ပါသည်။ Excavator များ၏ဟိုက်ဒြောလစ်ဆလင်ဒါများသည် Double Acting Cylinder များဖြစ်သည့်အတွက် အထုတ်၊ အသွင်း နှစ်ဘက်လုံးအတွက် Hydraulic Pressure ဖြင့် အလုပ်လုပ်ပါသည်။ ထို့သို့ အထုတ်၊ အသွင်း ပြုလုပ်ရန်အတွက် ဆလင်ဒါ၏ အောက်ဘက် Bottom side နှင့် ရော့ချောင်းရှိရာဘက် Rod side ၏ဆလင်ဒါဟက်ဖုံးတွင် ဆီအဝင်ပေါက်များပါရှိပါသည်။ ၎င်းဆီအဝင်ပေါက်များမှ ဖိအားဖြင့်ဝင်ရောက်လာသော ဟိုက်ဒြောလစ်ဆီများသည် ဆလင်ဒါအိုး အတွင်း၌ ရော့ချောင်းတွင် တပ်ဆင်ထားသော ပစ္စတင်ကိုတွန်း၍ ဆန့်ထုတ်ခြင်း၊ ပြန်သွင်းခြင်း ကိုဖြစ်စေပါသည်။ ပစ္စတင်သည် ဆလင်ဒါ၏ Bottom Side နှင့် Rod Side ၏ကြားတွင် တည်ရှိပါသည်။ Bottom side ရှိဆီပေါက်မှ ဆီဝင်လျှင် ပစ္စတင်နှင့်ရော့ချောင်းကို အပြင်သို့ဖိအားဖြင့်တွန်းသဖြင့် ဆလင်ဒါကို ဆန့်ထုတ်ခြင်းကို လုပ်ဆောင်ပါသည်။ ထို့အပြင် Rod side မှ ဆီဝင်လျှင်လည်း ပစ္စတင်နှင့်ရော့ချောင်းကို အိုးအတွင်းသို့ ဖိအားဖြင့် တွန်း၍ပြန်သွင်းပါသည်။ ထိုကဲ့သို့ အလုပ်လုပ်ရာတွင် တဘက်မှဝင်လာသော ဟိုက်ဒြောလစ်ဆီများသည် ပစ္စတင်ကိုကျော်၍ အခြားတဘက်သို့ မရောက်သွားစေရန် ပစ္စတင်တွင် တပ်ဆင်ရသော Seal များ နှင့် Ring များသည် အလွန်အရေးကြီးပါသည်။ ၎င်း Seals & Rings မကောင်းလျှင် ပစ္စတင်ကို ဆီကျော်၍ ဟိုက်ဒြောလစ်ဆလင်ဒါ၏ လုပ်ဆောင်နိုင်မှုကို ကျဆင်းစေပြီး စက်၏ စွမ်းဆောင်ရည်ကိုပါ ကျဆင်းစေနိုင်ပါသည်။ ထို့အပြင် Cylinder Head (ဆလင်ဒါဟက်ဖုံး) အတွင်းရှိ Seal များသည်လည်း အလွန်အရေးပါသည့် အစိတ်အပိုင်းများဖြစ်ပါသည်။ ၎င်း Seal များပျက်စီးနေလျှင်သော်လည်းကောင်း၊ သက်တမ်းကြာ၍ Seal အရည်အသွေးကျဆင်းခြင်းကြောင့်လည်းကောင်း ဆလင်ဒါအိုးအတွင်းမှ ဟိုက်ဒြောလစ်ဆီများ အပြင်သို့ ယိုစိမ့်ခြင်း၊ ပြင်ပမှ ဖုံနှင့်သဲများ၊ ရေများ ဆလင်ဒါအိုးအတွင်းသို့ ဝင်ရောက်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် Seals & Rings များကိုလည်း အရည်အသွေးကျဆင်းလာလျှင် ချက်ချင်းလဲလှယ်ရန် အရေးကြီးပါသည်။ Cylinder များတွင် Seal & Rings များမှာ အလွန်အရေးကြီးသည့် အစိတ်အပိုင်းများဖြစ်သည့်အတွက် အသုံးပြုပြီးသား Seals & Rings အဟောင်းများကို ပြန်လည် အသုံးပြုခြင်း လုံးဝ မပြုလုပ်သင့်ပါ။
𝗥𝗲𝗮𝗹 𝗣𝗼𝘄𝗲𝗿 𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗖𝗼.,𝗟𝘁𝗱 တွင် အရည်အသွေးမြင့် 𝗛𝘆𝗱𝗿𝗮𝘂𝗹𝗶𝗰 𝗖𝘆𝗹𝗶𝗻𝗱𝗲𝗿 များနှင့် 𝗛𝘆𝗱𝗿𝗮𝘂𝗹𝗶𝗰 𝗦𝗲𝗮𝗹 𝗞𝗶𝘁 များကို ဝယ်ယူရရှိနိုင်ပါပြီ
𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
09-267 777 810၊ 09-795 334 005
𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
09-267 777 820 ၊ 09-785 334 005
𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။
09-267 777 840
𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။
09-267 777 850
𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။
09- 267 777 830
𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။
09-899 077 773၊ 09-257 777 317