Engine စတင်လည်ပါတ်ပုံမှာ သော့အုံမှ သော့ကို လှည့်လိုက်သည်နှင့် Start Motor လည်ပြီး Engine Flywheel Pinion ကို လှည့်ပါသည်။ Flywheel လည်သောကြောင့် တစ်သားတည်းဖြစ်နေသော Crank Shaft လည်ပါသည်။ ထို့ကြောင့် ချိတ်ဆက်ထားသော Piston Assembly, Connecting Rod တို့ Cylinder Liner အတွင်းတွင် အတက်အဆင်းပြုလုပ်ပါသည်။ တပြိုင်နက်တည်းတွင် Crank Shaft၏ Pulley နှင့် ချိတ်ဆက်ထားသော Cam Shaft လည်သဖြင့် Engine Head မှ Inlet Valve များ၊ Exhaust Valve များကို အဖွင့်အပိတ် ပြုလုပ်ပါသည်။ Intake Stroke အခြေအနေတွင် Inlet Valve များ ပွင့်နေပြီး Air Cleaner မှ လေကို Turbo Charger မှစုတ်ယူကာ Inlet Manifold မှတဆင့် Combustion Chamberထဲသို့ လေများများဝင်စေပါသည်။ ထို့နောက် Compression Stroke အခြေအနေတွင် Inlet Valve နှင့် Exhaust Valve များအားလုံး ပိတ်နေပြီး Combustion Chamber ထဲမှ လေများကို Piston & Ringတို့က ဖိကျစ်ပေးပါသည်။ Piston & Ring တို့၏ဖိကျစ်အားကြောင့် အပူထွက်ပေါ်လာချိန်တွင် အချိန်ကိုက်ဆီဖြန်းပေးခြင်းဖြင့် Combustion Chamber အတွင်း ပေါက်ကွဲမှုဖြစ်စေပြီး Piston & Ring များကိုတွန်းကန်ကာ Power Strokeကို ဖြစ်စေပါသည်။ ထိုကဲ့သို့ အချိန်ကိုက်ဆီဖြန်းခြင်းကို Engine ၏ရှေ့ခြမ်းရှိ Timing Gear များနှင့်ချိတ်ဆက်ထားသော Fuel Injection Pump မှလုပ်ဆောင်ပေးပါသည်။ Fuel Tank ထဲမှဆီများကို Fuel Injection Pump ၏ Plunger များမှ တွန်းပို့ပြီး ဆီပိုက်လိုင်းများကိုဖြတ်သန်းကာ Nozzle (Injector) မှ Combustion Chamber ထဲသို့ဖြန်းပေးပါသည်။ ထိုကဲ့သို့ Piston & Ring များ၏တွန်းကန်အားကြောင့် Crank Shaftကို ပြန်လည် လည်ပတ်စေပါသည်။ ထို့နောက် Combustion Chamber ထဲရှိ လောင်ကျွမ်းပြီးသော Exhaust Gas များကို Piston & Ring တို့က Exhaust Valve များဆီသို့ ပြန်လည်တွန်းထုတ်ပေးပါသည်။ ထိုအခြေအနေကို Exhaust Stroke ဟုခေါ်ပါသည်။ တပြိုင်နက်တည်းတွင် Camshaft လည်ပတ်မှုဖြင့် Exhaust Valve များကို ပွင့်စေပြီး Exhaust Gas များကို Exhaust Manifold, Turbine တို့ကိုဖြတ်ကာ Exhaust Muffler မှတဆင့်စွန့်ထုတ်ပေးပါသည်။ ဤကဲ့သို့ Intake Stroke, Compression Stroke, Power Stroke, Exhaust Stroke များကို Cylinder တစ်ခုချင်းစီအလှည့်ကျဖြစ်ပေါ်စေခြင်းဖြင့် Engine တစ်လုံးလည်ပတ်ပါသည်။ Cooling System တွင် Water Pump လည်ပတ်ချင်းဖြင့် Radiator ထဲရှိ Coolant များကို စုတ်ယူကာ Engine Block & Head ရှိ Water Jacket Line များမှတဆင့် Coolant များဖြတ်သွားစေခြင်းဖြင့် Engine အတွင်းပိုင်းတစ်ခုလုံးကို အအေးခံပါသည်။ Lubrication System တွင်လည်း Engine Oil Pump မှ Engine Lubrication အတွင် လုပ်ဆောင်ပါသည်။ Engine သည် Mechanical Energy ကိုထုတ်ပေးပါပြီး Engine Flywheel နှင့် Hydraulic Main Pump Shaft ကို Coupling Assembly ဖြင့် ချိတ်ဆက်ထားကာ Hydraulic Main Pumpကို လည်ပတ်စေပါသည်။

🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။

☎️09-267 777 810၊ 09-795 334 005

🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

☎️09-267 777 820 ၊ 09-785 334 005

🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။

☎️09-267 777 840

🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။

☎️09-267 777 850

🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။

☎️09- 267 777 830

🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။

☎️09-899 077 773၊ 09-257 777 317

Categories: PostSocial