အင်ဂျင်တစ်လုံးရေရှည်ကောင်းမွန်စွာ အသုံးပြုနိုင်ရန် အခြေခံအကျဆုံး လိုအပ်ချက်မှာ Filter များဖြစ်ပါသည်။ Filter များဟုဆိုရာတွင် Fuel Filter, Fuel-Water Separator, Engine Oil Filter, Air Cleaner များ အားလုံးကိုဆိုလိုပါသည်။ Excavator များ၏ Air Intake System တွင် Pre Air Cleaner မှတဆင့်ဝင်ရောက်လာသော လေများသည် Air Cleaner ကိုဖြတ်ပြီးမှ Turbocharger ထဲသို ဝင်ရောက်သည်။ ပြင်ပမှလေများတွင်ပါဝင်လာသော အမှိက်များ၊ ဖုန်မှုန့်များ ကို Pre Air Cleaner မှ အရင်စစ်ထုတ်ပြီး Pre Air Cleaner မှ မစစ်ထုတ်နိုင်သော အလွန်သေးငယ်သောဖုန်မှုန့်များကို Air Cleaner မှထပ်မံစစ်ထုတ်၍ သန့်စင်သောလေများကိုသာ အင်ဂျင်အတွင်းသို ဝင်ရောက်စေပါသည်။ ဖုန်ထူထပ်သော လုပ်ငန်းခွင်များတွင် အသုံးပြုရသော စက်ကြီးများတွင် Air Cleaner ကို သတ်မှတ်နာရီအတိုင်း ပုံမှန်လဲလှယ်ရန် အရေးကြီးပါသည်။ Air Cleaner များတွင် အပြင်လေစစ် နှင့် အတွင်းလေစစ်ဟူ၍ နှစ်ခု ပါရှိပါသည်။ လဲလှယ်သည့် အခါတွင်လည်း နှစ်ခုစလုံး လဲလှယ်ရမည်ဖြစ်ပါသည်။ လဲလှယ်ရမည့် သတ်မှတ်နာရီမပြည့်မီ Air Cleaner ကိုလေမှုတ်၍ သန့်ရှင်းရေးပြုလုပ်ပြီး အသုံးပြုမည်ဆိုလျှင် အပြင်လေစစ်ကိုလေမှုတ်စက်ဖြင့် မှုတ်၍အသုံးပြုနိုင်ပါသည်။ 

လေမှုတ်သန့်ရှင်းမည်ဆိုပါကလေမှုတ်စက်၏ လေဖိအားကို အများဆုံး 30 psi (2 bar ခန့်) အထိသာထား၍ မှုတ်သင့်ပါသည်။ လေမှုတ်ရာတွင်လည်း Filter ၏ အတွင်းဘက်မှနေ၍ အပြင်သိုသာမှုတ်ထုတ်ရပါမည်။ အပြင်ဘက်မှ အတွင်းသို လုံးဝမမှုတ်ရပါ။ နောက်တစ်ချက်သတိပြုရန်မှာ Air Cleaner ၏ အတွင်းလေစစ်ကို လေမှုတ်သန့်ရှင်းခြင်း မပြုလုပ်ရပါ။

ထိုအပြင် Fuel System ကောင်းမွန်စွာလည်ပတ်နိုင်ရန်အတွက်လည်း Fuel Filter နှင့် Fuel-Water Separator များကို သတ်မှတ်စက်နာရီအတိုင်း အချိန်မှန် လဲလှယ်ပေးသင့်ပါသည်။ ထိုအတူ Fuel-Water Separator ၏ အောက်ခြေ Water drain valve မှ ရေများကိုလည်းပုံမှန်ဖောက်ချပေးရန်လည်း လိုအပ်ပါသည်။ Fuel Filter များကို လဲလှယ်ရာတွင်လည်း ဒီဇယ်ဆီများကို Filter ထဲသို ကြိုတင်ထည့်ထားခြင်း မပြုလုပ်သင့်ပါ။ Filter များသည် ဘေးပေါက်များမှ ဆီဝင်၍ အတွင်းရှိစက္ကူသားဖြင့်စစ်ထုတ်ပြီး အလယ်ပေါက်ကြီးမှ ပြန်ထွက်ပါသည်။ ထိုကြောင့် ဆီကြိုတင်ထည့်မိပါက အမှုန်အမွှားများပါဝင်ပြီးမစစ်ရသေးသောဒီဇယ်ဆီများ အလယ်ပေါက်ထဲသိုဝင်သွားနိုင်ပြီး Fuel System တစ်ခုလုံးဆီသိုရောက်သွားနိုင်ပါသည်။ 

အများအားဖြင့် ဒီဇယ်အင်ဂျင်များ၏ Fuel System တွင် ဆီတိုင်ကီ မှ ဆီများသည် Pump သို မရောက်မီ Fuel-Water Separator သို အရင်ရောက်သည်။ ထိုမှတဆင့် Fuel Filter ကိုဖြတ်၍ Fuel Pump ဆီသိုရောက်ပါသည်။ Fuel Pump မှတဆင့် Nozzle, Injector များဆီသို ဆီပိုပေးပါသည်။( စက်တစ်စီးနှင့် တစ်စီး ကွာခြားနိုင်ပါသည်။) ထိုကြောင့် Filter များသည် အမှုန်အမွှားများကို ကောင်းမွန်စွာ စစ်ထုတ်နိုင်ခြင်းမရှိပါက Fuel Pump နှင့် Injector များကို ပျက်စီးစေနိုင်ပါသည်။ ထိုကြောင့် ဆီထဲတွင်အမှုန်အမွှားများ ပါဝင်မှုကင်းစင်စေရန် Filter ထဲသို ဆီကြိုတင်ထည့်ထားခြင်းမပြုလုပ်ပဲ Filter တပ်ဆင်ပြီးမှ Hand Pump ဖြင့်သာ Filter ထဲသိုဆီရောက်အောင်ပိုဆောင်သင့်ပါသည်။ Engine oil Filter များသည်လည်း ထိုအတူပင်ဖြစ်ပါသည်။ အင်ဂျင်တစ်လုံး၏ Lubrication System ထဲတွင် Oil Sump ထဲမှ အင်ဂျင်ဝိုင်များသည် Strainer ကိုဖြတ်၍ Engine Oil Pump မှတဆင့် Engine Oil Filter ထဲသိုရောက်သည်။ Engine Oil Filter ၏ရှေ့တွင် Engine Oil Pump ရှိနေသည့် အတွက် အင်ဂျင်ဝိုင်များကို Filter ထဲသို ကြိုတင်ထည့်ထားရန်မလိုအပ်ပါ။ မိမိ၏ စက်အမျိုးအစား မော်ဒယ်အပေါ်မူတည်၍ Manufacturer မှ သတ်မှတ် ပေးထားသော Standard Maintenance Chart အတိုင်း Filter များကို ပုံမှန်လဲလှယ်သင့်ပါသည်။

🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲 
အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
☎️09-267 777 810၊ 09-795 334 005

🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
☎️09-267 777 820 ၊ 09-785 334 005

🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။
☎️09-267 777 840

🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။
☎️09-267 777 850

🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။
☎️09- 267 777 830

🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။
☎️09-899 077 773၊ 09-257 777 317

Categories: PostSocial