အင်ဂျင်တွင် အဓိက တပ်ဆင်ထားသည့် ဆင်ဆာများအနက် အင်ဂျင် စပိဆင်ဆာကို အင်ဂျင်ဖလိုင်းဝှီးတွင် တပ်ဆင်ထားပါသည်။ ဆင်ဆာ၏ ထိပ်မှ ဖလိုင်းဝှီးဂီယာသွားများ ဖြတ်သန်းသွားသော ကြိမ်နှုန်းကို ဖတ်ရှု့ပြီး ကွန်ထရိုလာ သို့ ပေးပို့ပါသည်။ ထိုပေးပို့လာသော ဆစ်ခနယ်အပေါ်မူတည်၍ အင်ဂျင်နှင့် ဟိုက်ဒရောလစ်ပန့်၏ လုပ်ဆောင်ချက်များကို ကွန်ထရိုလာမှ ဆုံးဖြတ်တွက်ချက်ကာဆောင်ရွက်ပေးပါသည်။ အင်ဂျင်စပိ ဆင်ဆာကိုသံလိုက်ဆင်ဆာဟုလည်းကောင်း ဖလိုင်းဝှီးဆင်ဆာဟုလည်းကောင်းခေါ်ဝေါ်ကြပါသည်။ အင်ဂျင်စပိဆင်ဆာ တပ်ဆင်ရာတွင် ဂျန်းနပ်ကို အဆုံးနားထိလျော့ပြီး ဖလိုင်းဝှီးနှင့်ဆင်ဆာထိ အောင်လှည့်ပါ ထိပြီးလျှင် နောက်သို့ တစ်ပါတ်ပြန်လျော့ပါ ဆင်ဆာထိပ်နှင့် ဖလိုင်းဝှီးဂီယာသွား ကြားအကွာအဝေးမှာ အလွန်အရေးကြီးလှပါသည်။ ဝေးသွားလျှင် ဆင်ဆာမဖတ်ပဲ ကွန်ထရိုလာသို့ ပေးပို့သော အင်ဂျင်အပါတ်အရေးအတွက် မှားယွင်းပြီး နီးလွန်းသွားပါက ဖလိုင်းဝှီးခါရမ်းမှု့ကြောင့် ဆင်ဆာထိပ်ပွင့်ကာ ဆင်ဆာပျက်စီးတတ်ပါသည်။ စပိဆင်ဆာမကောင်းပါက အင်ဂျင် RPM ပုံမှန် မရှိတော့သည်ကို ကွန်ထရိုလာမှသိရှိပြီး အင်ဂျင်ဟိုက်ဒရောလစ် ဝန်အားမမျှဖြစ်ကာ စက်၏လုပ် ဆောင်ချက်များ ပုံမှန်မဟုတ်သော အခြေအနေသို့ ဖြစ်ပေါ်စေပါသည်။ ထို့အပြင် အင်ဂျင်မီးခိုးလိုက် ခြင်း၊ အင်ဂျင်သံပုံမှန်မဟုတ်ခြင်း၊ အင်ဂျင်အပတ်ရေများ အတက်အကျ မမှန်ကန်ခြင်း၊ စက်လေးခြင်း၊ ဝန်မရုံးနိုင်ခြင်း၊ AEC မမှန်ကန်ခြင်း စသည်များစွာသော ပြဿနာများကို ဖြစ်ပေါ်စေ နိုင်ပါသည်။ အင်ဂျင် အပါတ်ရေမှန်ကန်မှုသည် အင်ဂျင်တစ်လုံးအတွက် အလွန်အရေးကြီးလှ၍ အင်ဂျင်စပိဆင်ဆာ လုပ်ဆောင်ချက်မမှန်ပါက ချက်ချင်းစစ်ဆေးပြင်ဆင်ရမည်ဖြစ်ပါသည်။

Caterpillar, Doosan, Hitachi, Hyundai, Kobelco, Volvo တန် 20စက်များအတွက် အရည်အသွေးမြင့်မားပြီး စိတ်ချရသည့် 𝗦𝗽𝗲𝗲𝗱 𝗦𝗲𝗻𝘀𝗼𝗿 များကို 𝗥𝗲𝗮𝗹 𝗣𝗼𝘄𝗲𝗿 𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗖𝗼𝗺𝗽𝗮𝗻𝘆တွင် ဝယ်ယူရရှိနိုင်ပါပြီ

🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။

☎️09-267 777 810၊ 09-795 334 005

🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

☎️09-267 777 820 ၊ 09-785 334 005

🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။

☎️09-267 777 840

🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။

☎️09-267 777 850

🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။

☎️09- 267 777 830

🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။

☎️09-899 077 773၊ 09-257 777 317

Categories: PostSocial