
အင်ဂျင်တစ်လုံးသည် လည်ပတ်မှု့မမှန်ကန်ခြင်း၊ ဝန်မနိုင်ခြင်း၊ အင်ဂျင်အပတ်ရေ မမှန်ကန်ခြင်းတို့ကြောင့် စွမ်းအားကျဆင်းမှု ဖြစ်ပေါ်ပါသည်။ လေပိုင်းလိုင်းတွင် အပေါက် သို့မဟုတ် ကလစ်ပြုတ်နေခြင်း လေမလုံခြင်းကြောင့် သန့်စင်သောလေကို အင်ဂျင်အတွင်း ဖိကျစ်မသွင်းနိုင်သောကြောင့် အင်ဂျင်အားနည်းနိုင်ပါသည်။ ဆီလိုင်း ဆီပိုက်တို့တွင် လေဝင်ခြင်း၊ ဆီလေခိုခြင်းကြောင့်လည်း အင်ဂျင်အားနည်းနိုင်ပြီး၊ လေလိုင်း လေစစ် ပိတ်ဆို့ခြင်း၊ အင်ဂျင်ဝိုင် ဖိအားဆင်စာ မကောင်းခြင်း၊ ဖလိုင်းဝှီးဆင်စာ (သံလိုက် စပိဆင်ဆာမကောင်းခြင်း) တို့ကြောင့်လည်း အင်ဂျင်စွမ်းအားကျဆင်းနိုင်ပါသည်။ ရေဖစ်တာ ဒီဇယ်ဖစ်တာ ပိတ်ခြင်း နော်ဇယ် ပလမ်ချာ (အင်ဂျတ်တာ) မကောင်းခြင်း၊ ဒီဇယ်ပန့်မကောင်းခြင်း၊ ပန့်တိုင်ပင်များ မမှန်ကန်ခြင်းတို့ကြောင့်လည်း အင်ဂျင် အားမရှိခြင်း ဖြစ်နိုင်ပါသည်။
EGR မကောင်းခြင်း၊ ဒီဇယ်မသန့်ပဲ အမှုန်အမွှားများစွာပါခြင်း စသည်တို့ကြောင့်လည်း စွမ်းအား ကျဆင်းပါသည်။ အင်ဂျင်အတွင်းပစ္စည်း တစ်ခုခု ချို့ယွင်းနေပါခြင်းကြောင့်လည်းကောင်း၊ တာဗို အတွင်းပစ္စည်းများပွန်းစားခြင်း တာဗို လုပ်ဆောင်မှု့စွမ်းအား ကျဆင်းခြင်းတို့ကြောင့်လည်း အင်ဂျင်အားမရှိခြင်း ဖြစ်ပေါ်နိုင်ပါသည်။ အင်ဂျင် မီးပေါက်အား ကျဆင်းခြင်း၊ အိတ်ဇော ပိတ်ခြင်း၊ တိုင်မင် ဆင်ဆာ ဒီဇယ် ပရတ်ရှာဆင်ဆာ လေလိုင်းဆင်ဆာများ မကောင်းခြင်း၊ အင်ဂျင်တစ်ခုလုံးကို ထိန်းချုပ်သော အင်ဂျင်ကွန်ထရိုလာ မကောင်းခြင်းကြောင့်လည်း အင်ဂျင်စွမ်းအား ကျဆင်းနိုင်ပါသည်။ အော်တိုလီဘာ မကောင်းခြင်း၊ ပန့်ဂါဘနာ မမှန်ခြင်း၊ လီဘာတင်သော ခလုပ်နှင့် ဝါယာများ မကောင်းခြင်း၊ ဟိုက်ဒရောလစ် မိန်းပန့် Flow များလွန်းနေခြင်းတို့ကြောင့် အင်ဂျင်ဝတ်ခြင်း အားမရှိခြင်း ဖြစ်ပေါ်နိုင်ပါသည်။ Rocker Arm ကြိုးခြင်း၊ ဗားချိန်သော အကွာဝေးမမှန်ကန်ခြင်း၊ Camshaft မကောင်းခြင်း၊ အင်ဂျင် ဟတ်ဂတ်စကတ် နှင့် အင်ဂျင်ဟတ်ကွဲခြင်း တို့ကြောင့်လည်း အင်ဂျင်အားမရှိခြင်း ဝန်မရုံးနိုင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။
အင်ဂျင်အားမရှိခြင်း ဝန်မရုံးခြင်းပြဿနာများကို ကာကွယ် ဖြေရှင်းနိုင်ရန်အတွက် 𝐑𝐞𝐚𝐥 𝐏𝐨𝐰𝐞𝐫 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲တွင် Dx225၏ အရည်အသွေးပြည့်ဝသော 𝗔𝘂𝘁𝗼 𝗟𝗲𝘃𝗲𝗿များကို တင်သွင်းထားပြီး ဖြစ်ပါသည်။
🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
☎️09-267 777 810၊ 09-795 334 005
🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
☎️09-267 777 820 ၊ 09-785 334 005
🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။
☎️09-267 777 840
🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။
☎️09-267 777 850
🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။
☎️09- 267 777 830
🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။
☎️09-899 077 773၊ 09-257 777 317