Engine Oilသည် အင်ဂျင်ဝိုင်ထဲမှ အမှုန်အမွှားများအညစ်အကြေးများကို အင်ဂျင်အတွင်းသို့ မဝင်ရောက်စေရန် စစ်ထုတ်ကာကွယ်ခြင်းကို လုပ်ဆောင်ပေး ပါသည်။ 𝗘𝗻𝗴𝗶𝗻𝗲 𝗢𝗶𝗹 𝗙𝗶𝗹𝘁𝗲𝗿 ကို Engine Oil လဲလှယ်သည့်အခါတိုင်း လဲလှယ်ပေးရန် အရေးကြီးပြီး အများအားဖြင့် နာရီ ၂၅၀ တစ်ကြိမ်လဲလှယ်ကြရပါသည်။ 𝗘𝗻𝗴𝗶𝗻𝗲 𝗢𝗶𝗹 𝗙𝗶𝗹𝘁𝗲𝗿 သည် အင်ဂျင်တစ်ခုလုံးကို ပျက်စီးမှုမှ ကာကွယ်ပေးထားသော တစ်ခုတည်းသော အရာဖြစ်ပါသည်။ ချောဆီများကို သန့်စင်ကာချောဆီစနစ်တစ်ခုလုံးကို အင်ဂျင်၏လိုအပ်သော နေရာများသို့ သန့်ရှင်းစွာ ရောက်ရှိနိုင်ရန် လုပ်ဆောင်ပေးပါသည်။ ဆီကြိုထည့်ခြင်းနှင့်ပတ်သက်၍ Filter များသည် မျက်နှာပြင်ပေါ်ရှိ ဆီပေါက်ငယ်များမှ ဆီဝင်ကာ စကာစက္ကူစစ်များကို ဖြတ်ကျော်ပြီး အလယ်တိုင်ပေါက်အကြီးမှ အင်ဂျင်ထဲသို့ Engine Oil ရောက်စေခြင်းဖြစ်သောကြောင့် အလယ်တိုင်ပေါက်ထဲသို့ ဆီတိုက်ရိုက် ထည့်ခြင်းသည် ဆီစစ် မစစ်စေဘဲ Engine Oil များကို အင်ဂျင်ထဲလည်ပါတ်စေခြင်းဖြစ်သောကြောင့် ဆီကြိုခြင်းသည် အမှုန်အမွှားများကို အင်ဂျင်အတွင်းသို့ တိုက်ရိုက်ရောက်စေပါသည်။ Filter အတွင်းတွင် အမှုန်အမွှား အမှိုက်များ ပိတ်ခြင်း၊ Filter အတွင်းသား စက္ကူကိုယ်တိုင်က မကောင်း ၍ပိတ်ခြင်းတို့ကြောင့် Filter သို့ဖြတ်သွားသော Engine Oil များသည် By Pass Valve မှတဆင့် အင်ဂျင်အတွင်းသို့ စစ်ထုတ်ခြင်းမရှိဘဲ တိုက်ရိုက်ဝင်ရောက်သွားသောကြောင့် အင်ဂျင်အတွင်းပစ္စည်းများ ပွန်းစားမှု ပိုမြန်ပြီး အင်ဂျင်၏သက်တမ်းကို တိုစေပါသည်။ ထို့ကြောင့် 𝗘𝗻𝗴𝗶𝗻𝗲 𝗢𝗶𝗹 𝗙𝗶𝗹𝘁𝗲𝗿 များကို ပုံမှန်လဲလှယ်ရန် လိုအပ်သကဲ့သို့ အရည်အသွေးကောင်းမွန်သော Filter အမျိုးအစား ကိုရွေးချယ် အသုံးပြုသင့်ပါသည်။
Excavator စက်များအတွက် အရည်အသွေးမြင့် 𝐃𝐨𝐧𝐚𝐥𝐝𝐬𝐨𝐧 တံဆိပ် 𝗘𝗻𝗴𝗶𝗻𝗲 𝗢𝗶𝗹 𝗙𝗶𝗹𝘁𝗲𝗿များကို 𝗥𝗲𝗮𝗹 𝗣𝗼𝘄𝗲𝗿 𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗖𝗼𝗺𝗽𝗮𝗻𝘆 တွင် ဝယ်ယူရရှိနိုင်ပါပြီ
🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
☎️09-267 777 810၊ 09-795 334 005
🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
☎️09-267 777 820 ၊ 09-785 334 005
🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။
☎️09-267 777 840
🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။
☎️09-267 777 850
🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။
☎️09- 267 777 830
🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။
☎️09-899 077 773၊ 09-257 777 317