ဒီဇယ်အင်ဂျင်များသည် အပူစွမ်းအင်ကို အသုံးချပြီး လည်ပတ်ခြင်းဖြစ်သည့်အတွက် လည်ပတ်နေစဉ်တွင် အပူချိန် အလွန်မြင့်မားပါသည်။ ထို့အတွက် အင်ဂျင်ကို အအေးခံပေးရန် အအေးခံစနစ် 𝗖𝗼𝗼𝗹𝗶𝗻𝗴 𝗦𝘆𝘀𝘁𝗲𝗺 လိုအပ်ပါသည်။ Cooling System ဆိုသည်မှာ အင်ဂျင်ကို အပူလွန်ကဲခြင်းမဖြစ်စေရန် အအေးခံပေးရုံ မကပဲ အင်ဂျင်၏ ပုံမှန်လည်ပတ်နေစဉ်ရှိရမည့် အပူချိန် (Nomal Operating Temperature) အောက် ရောက်မသွားအောင်လည်း ပြန်လည်ထိန်းညှိပေးပါသည်။ ဒီဇယ်အင်ဂျင်၏ ပုံမှန်လည်ပတ်နေစဉ်ရှိရမည့် အပူချိန် (Nomal Operating Temperature) မှာ (၈၇ ဒီဂရီစင်တီဂရိတ် မှ ၁၀၄ ဒီဂရီစင်တီဂရိတ်) အတွင်း ရှိရပါမည်။ ထိုကဲ့သို့ အင်ဂျင်အပူချိန်ထိန်းညှိရန်အတွက် အင်ဂျင်အတွင်းရှိ ရေလိုင်းများတွင် Coolant ရေကို စီးဆင်းစေပြီး အပူစီးကူးခြင်းနည်းဖြင့် အအေးခံပါသည်။ အင်ဂျင်တစ်လုံး၏ အအေးခံစနစ် Cooling System တွင် Coolant ရေ၊ Water Pump (ရေလည်အုံ)၊ Coolant Passage (အင်ဂျင်အတွင်းရှိ ရေလိုင်းများ)၊ Radiator (ရေတိုင်ကီ)၊ Expansion Tank (ရေပြန်ဘူး)၊ Fan (ပန်ကာ) နှင့် Thermostat (သာမိုစတတ်) စသည်တို့ ပါဝင်ပါသည်။

အင်ဂျင်ကို အချိန်ကြာကြာရပ်ထားပြီး စက်နှိုးမထားသည့် အခြေအနေတွင် ရေတိုင်ကီနှင့် အင်ဂျင်ရေလိုင်းများအတွင်းတွင်ရှိနေသော ရေများသည် အင်ဂျင်လည်ပတ်စဉ်ရှိရမည့် အပူချိန် အောက်သို့ ရောက်နေနိုင်ပါသည်။ ပထမဦးစွာ ဒီဇယ်အင်ဂျင်စတင်လည်ပတ်သည်နှင့် အင်ဂျင်အတွင်းရှိ ရေများသည် ရေလည်အုံ၏ အကူအညီဖြင့် အင်ဂျင်ဟတ် နှင့် အင်ဂျင်ဘလောက်အတွင်းရှိ ရေလိုင်းများအတွင်းသို့ လည်ပတ်စီးဆင်းနေပါသည်။ အင်ဂျင်လည်ပတ်တာ ကြာမြင့်လာသည်နှင့်အမျှ အင်ဂျင်၏အပူချိန်မှာ တဖြည်းဖြည်းမြင့်တက်လာပြီး အပူလွန်ကဲခြင်းမဖြစ်စေရန် ထိုလည်ပတ်နေသော ရေများမှ ထိန်းညှိပေးထားပါသည်။ ထိုရေများသည် ရှိရမည့် အပူချိန်ကို မကျော်လွန်မချင်း အင်ဂျင်အတွင်းတွင် ပုံမှန်အတိုင်းလည်ပတ်နေစေရန် သာမိုစတတ် မှ ရေတိုင်ကီသို့သွားသည့် ပိုက်လိုင်းအား ပိတ်ပေးထားပါသည်။

ထိုကဲ့သို့ လည်ပတ်စေခြင်းဖြင့် အင်ဂျင်၏ အပူချိန်ကို အင်ဂျင်ပုံမှန်လည်ပတ်မှုအပူချိန် (Nomal Operating Temperature) အောက်ကျ မသွားစေရန်ကိုလည်း ထိန်းထားပါသည်။ အချိန်တစ်ခုကြာလာလျှင် ထိုရေများသည်လည်း ပူလာပြီး ရှိရမည့်အပူချိန်ထက်ကျော်လွန်လာပါက ပိတ်နေသော သာမိုစတတ်သည် ပွင့်သွားပြီး ရေပူများကို ရေတိုင်ကီအတွင်းသို့ စီးဆင်း၍ ပြင်ပလေဖြင့် အအေးခံပေးပါသည်။ သာမိုစတတ်ပွင့်သွားသည့်အခါ အင်ဂျင်ရှိရေလိုင်းများသည် ရေတိုင်ကီနှင့် တဆက်တည်း ဖြစ်သွားပါသည်။ ရေလည်အုံသည် ရေတိုင်ကီအတွင်းရှိ အအေးခံပြီးသောရေများကိုလည်း အင်ဂျင်အတွင်းသို့ ပြန်လည်ထုတ်လွှတ်ပေးပါသည်။ အင်ဂျင်လည်ပတ်နေသည့်အခါ အင်ဂျင်၏ ရှေ့ဘက်ပူလီ မှတဆင့် ပတ္တားကြိုးဖြင့် ချိတ်ဆက်၍ ရေလည်အုံ နှင့် ပန်ကာကိုပါ လည်ပတ်စေပါသည်။ ထိုသို့ ပန်ကာလည်သောအခါ ပြင်ပလေကို ပန်ကာမှ စုပ်ယူ၍ ရေတိုင်ကီအား ဖြတ်သန်းစေပြီး အအေးခံပေးပါသည်။ Radiator ခေါ် ရေတိုင်ကီ၏ ဖွဲ့စည်းပုံမှာ သေးသွယ်သော ပြွန်ချောင်းလေးများဖြင့် တည်ဆောက်ထားပြီး ပြွန်ချောင်းလေးများအကြားတွင် ပြင်ပလေများ ဖြတ်သန်းစီးဆင်းနိုင်စေရန် စက္ကူခေါက်ကဲ့သို့သော အတွန့်လေးများပါရှိပါသည်။ အင်ဂျင်နှင့် တိုက်ရိုက်ချိတ်ဆက်လည်ပတ်နေသော ပန်ကာမှ စုပ်ယူလိုက်သော လေများသည် ထိုအတွန့်လေးများ အကြားမှ ဝင်ရောက်ကာ ကြမ်းကြားလေကဲ့သို့ ရေတိုင်ကီကို ပြန်လည် အေးစေပါသည်။ အချို့စက်ကြီးများတွင် ပန်ကာကို အင်ဂျင်နှင့် တိုက်ရိုက်မလည်ပတ်စေပဲ ပန်ကာလည်ပတ်ရန်အတွက် ဟိုက်ဒြောလစ်မော်တာ တစ်လုံးပါရှိတတ်ပါသည်။

ကျွန်တော်တို့ 𝗥𝗲𝗮𝗹 𝗣𝗼𝘄𝗲𝗿 𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗖𝗼., 𝗟𝘁𝗱 တွင် 𝗘𝘅𝗰𝗮𝘃𝗮𝘁𝗼𝗿 စက်ကြီးများအတွက် Cooling System တွင်ပါရှိသော အစိတ်အပိုင်များဖြစ်သည့် 𝗪𝗮𝘁𝗲𝗿 𝗣𝘂𝗺𝗽 များ၊ 𝗥𝗮𝗱𝗶𝗮𝘁𝗼𝗿 များ၊ 𝗧𝗵𝗲𝗿𝗺𝗼𝘀𝘁𝗮𝘁 များ၊ 𝗙𝗮𝗻 များ၊ 𝗘𝘅𝗽𝗮𝗻𝘀𝗶𝗼𝗻 𝗧𝗮𝗻𝗸 များ အပြင် အရည်အသွေးမြင့် 𝗚𝘂𝗹𝗳 အမှတ်တံဆိပ် 𝗖𝗼𝗼𝗹𝗮𝗻𝘁 များကိုလည်း ရရှိနိုင်ပါပြီ

🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
☎️09-267 777 810၊ 09-795 334 005

🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
☎️09-267 777 820 ၊ 09-785 334 005

🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။
☎️09-267 777 840

🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။
☎️09-267 777 850

🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။
☎️09- 267 777 830

🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။
☎️09-899 077 773၊ 09-257 777 317

Categories: PostSocial