Excavator Diesel Engine အခြေခံ လုပ်ဆောင်ချက်များနှင့် ပြင်ဆင်မှု့လိုအပ်ချက်များ (၃)
Fuel Dilution In Engine Oil (အင်ဂျင်ဝိုင်ထဲသို့ ဒီဇယ်ရောနှောခြင်း) – အဆိုပါ အင်ဂျင်ပြဿနာကို အများအားဖြင့် ခေတ်မှီသော Injector ပါဝင်သည့် အင်ဂျင် များတွင် အဖြစ်များသည်ကိုတွေ့ရပါသည်။ အင်ဂျင်ဝိုင် သည် ချောဆီဖြစ်သောကြောင့် စေးပြစ်သော ဂုဏ်သတ္တိ ရှိပြီး၊ ဒီဇယ်ဆီ မှာ လောင်စာဆီဖြစ်သောကြောင့် အင်ဂျင်ဝိုင်ထက် ကျဲပါသည်။ အင်ဂျင်ဝိုင်ထဲသို့ ဒီဇယ်ရောပါက အင်ဂျင်ဝိုင် အရောင်ပြောင်းပြီး ကျဲလာကာ အင်ဂျင်ဝိုင် ဖိအားကျဆင်းခြင်း၊ အင်ဂျင်ထဲတွင် အင်ဂျင်ဝိုင်များ ပြည့်လာခြင်းကြောင့် ဘရီသာမှ မှုတ်ထုတ်ခြင်း၊ Read more…