𝐃𝐚𝐢𝐥𝐲 𝐖𝐨𝐫𝐤 𝐀𝐫𝐨𝐮𝐧𝐝 𝐈𝐧𝐬𝐩𝐞𝐜𝐭𝐢𝐨𝐧 (စက်ကြီးများ နေ့စဉ် စက်ကြံ့ခိုင်ရေးစစ်ဆေးခြင်း)

လုပ်ငန်းရှင် Customer ကြီးများအနေဖြင့် မိမိတို့၏ စက်ယန္တရားကြီးများကို သက်တမ်းစေ့ အသုံးပြုနိုင်ရန်အတွက် အခြေခံဖြစ်သော စက်ကြီးများ၏ လှုပ်ရှားနေသော Boom, Arm, Bucket, Swing Gear အစရှိသောအစိတ်အပိုင်းများ ကို နေ့စဉ်စစ်ဆေးခြင်းနှင့် အမဲဆီထိုးခြင်း တို့ကို မမေ့မလျှော့ လုပ်ဆောင်ရန် လိုအပ်ပါသည်။ နေ့စဉ်စစ်ဆေးခြင်းဆိုရာ တွင် အခြေခံအားဖြင့် အောက်ပါအချက်များကို လုပ်ဆောင်ရန်လိုအပ်ပါသည်။ ၁။ လုပ်ငန်းမစတင်မီ စက်ကိုမျက်စိအမြင်ဖြင့် လှည့်ပတ်ကြည့်ရှုစစ်ဆေးရန် ။ ထိုသို့ စစ်ဆေးခြင်းအားဖြင့် စက်ကြီးရှိ အစိတ်အပိုင်းများ၏ ဆီ၊ ရေ၊ လေ၊ ဝိုင် များအယိုအစိမ့်ရှိ/မရှိ၊ ပိုက်များပေါက်နေ ခြင်း ရှိ/မရှိ၊ Sprocket များတုံးနေခြင်း ရှိ/မရှိ၊ ချိန်းတင်းလွန်းခြင်း ၊ Read more…

𝗘𝗻𝗴𝗶𝗻𝗲 𝗢𝗶𝗹 𝗟𝗲𝘃𝗲𝗹 𝗦𝘄𝗶𝘁𝗰𝗵/𝗦𝗲𝗻𝘀𝗼𝗿 ၏ လုပ်ဆောင်ချက်

𝗘𝗻𝗴𝗶𝗻𝗲 𝗢𝗶𝗹 𝗟𝗲𝘃𝗲𝗹 𝗦𝘄𝗶𝘁𝗰𝗵/𝗦𝗲𝗻𝘀𝗼𝗿 ကို အင်ဂျင် Crankcase တွင် တပ်ဆင်ထားပြီး အင်ဂျင်ဝိုင်အနည်းအများပမာဏကို အင်ဂျင် Controller သို့ Signal ပေးသည့် လုပ်ငန်းကို လုပ်ဆောင်ပေးပါသည်။ အင်ဂျင်ဝိုင် Level နည်းနေပါက စက်၏ရှေ့ Monitor တွင် အင်ဂျင်ဝိုင် နည်းနေကြောင်းကို ပုံ၊စာ တို့ဖြင့် Alarm ပေးဖော်ပြနေပါလိမ့်မည်။ အင်ဂျင်ဝိုင် Level Switch အထိုင်မှ အင်ဂျင်ဝိုင်ယိုစိမ့်တတ်ပြီး Switch အလယ်မှ တဆင့်လဲ ယိုစိမ့်တတ်သောကြောင့် သတိထားစစ်ဆေးသင့်ပါသည်။ EC 210D, CAT 320B, CAT 320C, CAT 320D, ZX 210-5စက်များအတွက် 𝗘𝗻𝗴𝗶𝗻𝗲 Read more…

မှန်ကန်သင့်လျော်သော 𝗕𝘂𝗰𝗸𝗲𝘁 ခွက်ကို ဘယ်လိုရွေးချယ်ကြမလဲ???

၁။ Bucket အမျိုးအစားပထမဦးစွာ မိမိလုပ်ကိုင်မည့် လုပ်ငန်းအမျိုးအစား အပေါ်မူတည်၍ Standard, Rock, Heavy Duty, Trenching စသဖြင့် Bucket အမျိုးအစားများကို ရွေးချယ်ရမည်ဖြစ်ပါသည်။ ဥပမာ – သာမန်မြေသားလုပ်ငန်းများကိုသာ လုပ်ကိုင်မည်ဆိုပါက Standard Bucket ကို ရွေးချယ်ဝယ်ယူလျှင် အသင့်လျှော်ဆုံးဖြစ်ပါသည်။ ၂။ Bucket CapacityBucket ခွက်တစ်ခု၏ ဝင်ဆံ့နိုင်သောပမာဏ (Bucket Capacity) ကိုလည်း တပ်ဆင်မည့်စက်အမျိုးအစားနှင့် လုပ်ငန်းပေါ်မူတည်၍ ရွေးချယ်ဝယ်ယူရမည်ဖြစ်ပါသည်။ များသောအားဖြင့် တန် ၂၀ ဝန်းကျင်စက်များတွင် Bucket Capacity ကို 0.8M3, 1M3, 1.2M3 စသဖြင့် ရွေးချယ်နိုင်ပါသည်။ အကယ်၍ မြေသားကော်ယူရသောလုပ်ငန်းများကို လုပ်ကိုင်မည်ဆိုပါက Read more…

𝗙𝘂𝗲𝗹 𝗟𝗶𝗻𝗲၏ လုပ်ဆောင်ချက်များနှင့် တွေ့ကြုံရတတ်သည့် ပြဿနာများ

ဆီတိုင်ကီမှဆီများကို အင်ဂျတ်တာဆီသို့ရောက်သည်အထိ ဆီလိုင်းများမှ အဓိက ကူညီပေးပါသည်။ ဆီလိုင်းများတွင် ဖိအားနိမ့် ရာဘာဆီလိုင်းများနှင့် ဖိအားမြင့် သတ္တု အင်ဂျတ်ရှင်းလိုင်းများဟူ၍ ၂ မျိုးခွဲခြားလေ့လာနိုင်ပါသည်။ ဆီတိုင်ကီမှ ဖစ်တာ၊ ဟန်းပန့်နှင့် ထရွန်စဖာပန့်များ သို့သွယ်တန်းထားသော ပိုက်များသည် ရာဘာပိုက်ပျော့များဖြစ်ပြီး ဖိအားအနည်းငယ်ကိုသာခံကြရပါသည်။ ရိုးရိုးအင်လိုင်းပန့်များမှ ဒီဇယ်ပန့်အထွက် ဖိအာားမြင့် သတ္တုပိုက်များသည် ခံနိုင်ရည် ဖိအား PSI (2500~3000) ခန့်ကိုခံနိုင်ကြရမည်ဖြစ်ပြီး အင်ဂျတ်တာ ပါဝင်သော အဆင့်မြင့် ဒီဇယ်အင်ဂျင်များ မှ အင်ဂျတ်တာပိုက်များမှာ ခံနိုင်ရည်ဖိအား PSI (20000~35000) အထိ ခံနိုင်ရည်ရှိကြပါသည်။ ဆီပိုက် လိုင်းများပေါက်ခြင်း၊ ပိုက်နတ်ခေါင်းများလျော့ခြင်း၊ ပိုက်များကွဲခြင်းတို့ကြောင့် ဆီလေခိုပြီး အင်ဂျင်များသည် ဆီပရတ်ရှာ အပြည့်မရရှိပါသဖြင့် အင်ဂျင်သံမမှန်ခြင်း၊ Read more…

အင်ဂျင်သက်တမ်းကြာရှည်အသုံးခံရန်အတွက် အဓိကလိုအပ်ချက်

Engine Oilသည် အင်ဂျင်ဝိုင်ထဲမှ အမှုန်အမွှားများအညစ်အကြေးများကို အင်ဂျင်အတွင်းသို့ မဝင်ရောက်စေရန် စစ်ထုတ်ကာကွယ်ခြင်းကို လုပ်ဆောင်ပေး ပါသည်။ 𝗘𝗻𝗴𝗶𝗻𝗲 𝗢𝗶𝗹 𝗙𝗶𝗹𝘁𝗲𝗿 ကို Engine Oil လဲလှယ်သည့်အခါတိုင်း လဲလှယ်ပေးရန် အရေးကြီးပြီး အများအားဖြင့် နာရီ ၂၅၀ တစ်ကြိမ်လဲလှယ်ကြရပါသည်။ 𝗘𝗻𝗴𝗶𝗻𝗲 𝗢𝗶𝗹 𝗙𝗶𝗹𝘁𝗲𝗿 သည် အင်ဂျင်တစ်ခုလုံးကို ပျက်စီးမှုမှ ကာကွယ်ပေးထားသော တစ်ခုတည်းသော အရာဖြစ်ပါသည်။ ချောဆီများကို သန့်စင်ကာချောဆီစနစ်တစ်ခုလုံးကို အင်ဂျင်၏လိုအပ်သော နေရာများသို့ သန့်ရှင်းစွာ ရောက်ရှိနိုင်ရန် လုပ်ဆောင်ပေးပါသည်။ ဆီကြိုထည့်ခြင်းနှင့်ပတ်သက်၍ Filter များသည် မျက်နှာပြင်ပေါ်ရှိ ဆီပေါက်ငယ်များမှ ဆီဝင်ကာ စကာစက္ကူစစ်များကို ဖြတ်ကျော်ပြီး အလယ်တိုင်ပေါက်အကြီးမှ အင်ဂျင်ထဲသို့ Engine Oil Read more…

𝐅𝐮𝐞𝐥 𝐓𝐚𝐧𝐤(ဆီတိုင်ကီ)၏ လုပ်ဆောင်ချက်များ

𝐅𝐮𝐞𝐥 𝐓𝐚𝐧𝐤မှာ စက်တစ်စီးအချိန်အတိုင်းအတာတစ်ခုအထိ လည်ပါတ်နိုင်ရန်အတွက် လိုအပ်သော လောင်စာဆီများကို သိုလှောင်ထားပါသည်။ ဆီတိုင်ကီမှဆီများသည် စက်ရပ်နားထားချိန်တွင် အငွေ့ပျံပြီး ဆီတိုင်ကီအပေါ်နံရံများတွင် ငွေ့ရည်ဖွဲ့ပြီး ရေ ချွေးအဖြစ် ဆီတိုင်ကီအောက်ခြေတွင် စုနေတတ်ကြပါသည်။ ဆီတိုင်ကီအောက် ချက်ပေါက်မှ ရေဖောက်ချပေးရပါသည် ။ထိုသို့မဖောက်ချပါက ဆီဖစ်တာများ မြန်မြန်ပိတ်လွယ်ပြီး ဆီလိုင်းမှ ပန့်နှင့် (ပလန်ချာ၊ နော်ဇယ်) အင်ဂျတ်တာများကို မြန်ဆန်စွာ ပျက်စီးလွယ်ပါသည်။ ဆီတိုင်ကီသန့်ရှင်းနေရန်အရေးကြီးပြီး ဆီတိုင်ကီ အဖုံးများကို လုံခြုံစွာ ဖုံးထားရန် လိုအပ်ပါသည်။ တိုင်ကီအဖုံးမပါခြင်း၊ သေချာစွာ ကြပ်မထားခြင်းတို့ကြောင့် မလိုအပ်သော ပြင်ပဖှုန်မှုန့်နှင့် အမှိုက်များ ဆီတိုင်အတွင်းသို့ ဝင်ရောက်ကာ အင်ဂျင်၏ဆီလိုင်းတစ်ခုလုံးကို ပြဿနာဖြစ်စေနိုင်ပါသည်။ ဆီတိုင်ကီအတွင်းမှ အမှိုက်များနှင့် အညစ်အကြေးများသည် အောက်ခြေတွင်စုနေကာ ဆီပိုက်လိုင်းအတွင်းသို့ Read more…

အင်ဂျင်ဝိုင်မှုတ်ခြင်း ဘာကြောင့် ဖြစ်ရတာလဲ?

Engine အတွင်းပိုင်း ပျက်စီးခြင်းနှင့် Compression မကောင်းခြင်းတို့သည် အဓိက အင်ဂျင်ဝိုင်မှုတ်ခြင်း အကြောင်းများ ဖြစ်ပါသည်။ Compression Chamber ထဲမှ လေ၊ဒီဇယ်အရောအနှောသည် Piston များကိုဖြတ်ကျော်ကာ Engine Crankcase ထဲသို့ ရောက်ရှိခြင်းဖြစ်ပါသည်။ Engine Oil အလွန်များခြင်း၊ Piston Ring များ ပွန်းစားမှုများခြင်း ဟာခြင်း၊ Piston နှင့် Liner ပွန်းစားမှု များလွန်းခြင်း၊ Engine Head ရှိ Valve၊ Valve Seal၊ Valve Seat၊ Valve Guide စသည်တို့ ပွန်းစားမှုများလွန်းခြင်း၊ Engine Head ကွဲခြင်း၊ Engine Block မျက်နှာပြင်များ Read more…

အင်ဂျင်ဆူညံသံများ ထွက်ရခြင်း၏ အကြောင်းအရင်းများ

Excavatorများ၏ Diesel Engineများတွင် အများအားဖြင့် အင်ဂျင်ဝိုင်နည်းခြင်းကြောင့် Engine Oil Pressure ကျဆင်းခြင်း၊ ပန်ကာကြိုးလျော့ခြင်း၊ပွန်းစားမှု့များခြင်း၊ ပန်ကာလက်ပဲ့ခြင်း၊ Engine Valve Train များ ချောင်ခြင်း နှင့် Valve Timing ချိန်ညှိရန်လိုအပ်ခြင်း၊ Front Gear များပွန်းစား၍ရိုက်ခတ်ခြင်း၊ ဂီယာများ ချောင်ခြင်း၊ Alternator၊ Air Con Compressorများ၏ Pulley & Bearingများ ပွန်းစားခြင်း၊ Engineအထိုင်တုံးများချောင်ခြင်း၊ Engine Headအတွင်းမှ Inlet or Exhaust Valve မျက်နှာပြင်တစ်ခုပဲ့ခြင်း၊ Piston ထိပ်ပိုင်း များပဲ့ခြင်း၊ Cylinder Liner ပဲ့ခြင်း၊ Engine Head ကွဲခြင်း၊ Read more…

𝐇𝐲𝐝𝐫𝐚𝐮𝐥𝐢𝐜 𝐁𝐫𝐞𝐚𝐤𝐞𝐫 ဝယ်ယူမယ်ဆို စဉ်းစားရမည့် အရေးအကြီးဆုံး အချက်များ

Hydraulic Breaker တွေဟာ တစ်ခါဝယ်ယူပြီး ရေရှည်အသုံးပြုရမယ့် တန်ဖိုးရှိ Excavator Attachment တစ်ခုပဲ ဖြစ်ပါတယ်။ဒါကြောင့် လုပ်ငန်းရှင်ကြီးတို့ အနေဖြင့် Hydraulic Breaker ဝယ်ယူတဲ့အခါမှာ အရည်အသွေးစွမ်းဆောင်ရည်အပိုပစ္စည်း အလွယ်တကူ ဝယ်ယူရရှိမှု တို့ကို အဓိကထား၍ ဦးစားပေး ရွေးချယ်သင့်ပါတယ် ဒီလို အချက်တွေနဲ့ပြည့်စုံတဲ့ Hydraulic Breaker ဆို ကိုရီးယားနိုင်ငံထုတ် 𝗥𝗣𝗧 𝗛𝘆𝗱𝗿𝗮𝘂𝗹𝗶𝗰 𝗕𝗿𝗲𝗮𝗸𝗲𝗿 ရှိပါတယ်  𝗥𝗲𝗮𝗹 𝗣𝗼𝘄𝗲𝗿 𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗖𝗼𝗺𝗽𝗮𝗻𝘆 မှ “𝐐𝐮𝐚𝐥𝐢𝐭𝐲, 𝐒𝐞𝐫𝐯𝐢𝐜𝐞 & 𝐏𝐫𝐢𝐝𝐞” ဆိုတဲ့ စံနှုန်းများနှင့်အညီ𝗥𝗣𝗧 𝗛𝘆𝗱𝗿𝗮𝘂𝗹𝗶𝗰 𝗕𝗿𝗲𝗮𝗸𝗲𝗿 များကို ရောင်းချပေးနေပါတယ်။ မြန်မာနိုင်ငံရဲ့ စက်ယန္တရားလောကမှာ အရည်အသွေးနံပါတ် Read more…

ပြင်းထန်ငလျင်ဒဏ်ခံစားခဲ့ရသော စစ်ကိုင်းမြို့သို့ Real Power Company နှင့် ဝန်ထမ်းများမှ လှူဒါန်းခြင်း

ပြင်းထန်ငလျင်ဒဏ်ခံစားခဲ့ရသော စစ်ကိုင်းမြို့ရှိ နန္ဒဝန်၊တကောင်း၊သောတပန်၊ မြို့သစ်နောက်၊ ဇေယျာကွက်သစ်၊ ပါရမီ၊ ပိုးတန်း၊ မန်းတော၊ စိန်ကုန်း ၊ မင်းလမ်း ဒေသများသို့ လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန်အတွက် Real Power ရုံးမှ ကနဦး အလှူငွေ ၁၀,၀၀၀,၀၀၀ ကျပ် နှင့် Real Power ဝန်ထမ်းများ၏ စုပေါင်းအလှူငွေ ၄,၂၇၀,၀၀၀ ကျပ်တို့ဖြင့် စုစုပေါင်းငွေကျပ် သိန်း ၁၄,၂၇၀,၀၀၀ ကျပ်ကို စစ်ကိုင်းကြက်ခြေနီ အသင်းအား သိန်း သုံးဆယ်ကျပ်၊ အိမ်ထောင်စု ၁၁၀ စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သိန်းနှင့် ရေသန့်ကဒ် တစ်စီကဒ်တို့အား Real Power မန္တလေးရုံး၏ CSR Teamမှဦးဆောင်၍ Read more…