Hydraulic Breaker တစ်လုံးကို ရေရှည်အသုံးပြုနိုင်ရန်အတွက် အောက်ပါအချက်များအား လိုက်နာရန် လိုအပ်ပါတယ်

1. Breaker အသုံးမပြုခင် ဘေး Cover Nuts များနှင့် Mounting Nutsများကို စစ်ဆေးပေးရပါမည်။ (Breaker၏တုန်ခါမှုကြောင့် Nutsများ လျော့နေတတ်ပါသည်)

2. Breaker ကို (3)နာရီ အသုံးပြုပြီးတိုင်း Front Headကို အမဲဆီထိုးပေးရပါမည်။ (ဆူးသွားနှင့်အတွင်းBushingများ၏ပွတ်တိုက်စားမှုကို ကာကွယ်ပေးပါသည်)

3. Breaker အသုံးပြုသော စက်၏ Hydraulic ဆီအား နေ့စဥ် စစ်ဆေးရပါမည်။ (သက်မှတ်ထားသောချိန်တွင် Hydraulic ဆီလဲလှယ်ရန် နှင့် Hydraulic ဆီ အရည်အသွေး မကောင်းတော့ပဲ Breakerအား အသုံးပြုပါက Breakerအတွင်းရှိ ပစ္စည်း များ ထိခိုက်ပျက်စီးနိုင်သည်)

4. ဟိုက်ဒရောလစ်ဆီ၏ အပူချိန်ကို နာရီအနည်းအငယ်သုံးပြီးတိုင်း မော်နီတာတွင် အမြဲစစ်ဆေးပေးပါ။ (ဟိုက်ဒရောလစ် Overheat ဖြစ်ခြင်းမှ ကာကွယ်ရန်)

5. Breaker ပိုက်နှင့် ပိုက်ဆက်များကိုအလုပ်မဝင်ခင်စစ်ဆေးပြီး ချောင်နေပါကပြန်၍ကြပ်ပေး ရမည်။

6. နေ့စဥ် Back Head နှင့်Accumulatorရှိ Nitrogen Pressureကိုစစ်ပေးပါ Accumulator နှင့် Valve Hosing ရှိ Bolts များကိုလည်း ပုံမှန်စစ်ဆေးပါ။ Bracket Boltsများကိုလည်း စစ်ဆေး၍ ပြန်ကြပ်ပေးရပါမည်။

7. Chisel နှင့် Front cover ကြားရှိကြားလွတ်နေမှု နှင့်ပွန်းစားမှုရှိ၊မရှိ တစ်ပတ်တစ်ခါ စစ်ဆေးရပါမည်။

8. Through Bolts ကိုလည်း တစ်ပတ်တစ်ခါ ပုံမှန်စစ်ဆေး၍ ပြန်ကြပ်ပေးရပါမည်။

9. Breaker အား ကြာရှည်စွာ အသုံးမပြုပဲ ထားလျှင် ထောင်ရပ်အနေထား ထားရမည်။ (လှဲလျက်အနေထား ကြာရှည်စွာ ထားရှိပါက Seal များ Piston Weight ကို ထိန်းထားရသောကြောင့် Seal သက်တမ်းများ ရေရှည် ထိခိုက်နိုင်သည်။)

10. Breaker အား ဝရိန်ဆော်ခြင်းများ ရှောင်ကြဥ်ရန်။ (ဝရိန်ဆော်ခြင်းသည် အပူလွန်ကဲသောကြောင့် Breaker အတွင်း sealများ၊ Diaphragm များ ပျက်စီးနိုင်သည်)

11. Breaker အား ထိန်းချုပ်မောင်းနှင်သော Operator များမှ သက်မှတ်ထားသော ဆောင်ရန် ရှောင်ရန်များကို မှတ်သားနားလည်ပြီးလိုက်နာလုပ်ဆောင်ကြရမည်။ (Operatorများမှ ဆောင်ရန် ရှောင်ရန်များကို မလိုက်နာပါက Breaker များ ပိုမိုပျက်ဆီးခြင်းကို ဖြစ်ပေါ်စေပါသည်)

12. Breaker အပါအဝင် ဘရိတ်ကာပိုက်နှင့်ပိုက်ဆက်များ၊ Oil Filter၏အခြေနေ၊accumulator ၊ diaphragm ၊Through bolts နှင့်Pins တို့၏ ပျက်စီးပွန်စားမှုအခြေနေတို့ကိုသက်ဆိုင်ရာ ကျွမ်းကျင် Breaker Service Engineer များနှင့် 6လ လျှင်တစ်ကြိမ်ခန့်စစ်ဆေးသင့်ပါသည်။

🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။

☎️09-267 777 810၊ 09-795 334 005

🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

☎️09-267 777 820 ၊ 09-785 334 005

🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။

☎️09-267 777 840

🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။

☎️09-267 777 850

🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။

☎️09- 267 777 830

🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။

☎️09-899 077 773၊ 09-257 777 317

Categories: PostSocial