၁။ Bucket အမျိုးအစား
ပထမဦးစွာ မိမိလုပ်ကိုင်မည့် လုပ်ငန်းအမျိုးအစား အပေါ်မူတည်၍ Standard, Rock, Heavy Duty, Trenching စသဖြင့် Bucket အမျိုးအစားများကို ရွေးချယ်ရမည်ဖြစ်ပါသည်။ ဥပမာ – သာမန်မြေသားလုပ်ငန်းများကိုသာ လုပ်ကိုင်မည်ဆိုပါက Standard Bucket ကို ရွေးချယ်ဝယ်ယူလျှင် အသင့်လျှော်ဆုံးဖြစ်ပါသည်။
၂။ Bucket Capacity
Bucket ခွက်တစ်ခု၏ ဝင်ဆံ့နိုင်သောပမာဏ (Bucket Capacity) ကိုလည်း တပ်ဆင်မည့်စက်အမျိုးအစားနှင့် လုပ်ငန်းပေါ်မူတည်၍ ရွေးချယ်ဝယ်ယူရမည်ဖြစ်ပါသည်။ များသောအားဖြင့် တန် ၂၀ ဝန်းကျင်စက်များတွင် Bucket Capacity ကို 0.8M3, 1M3, 1.2M3 စသဖြင့် ရွေးချယ်နိုင်ပါသည်။ အကယ်၍ မြေသားကော်ယူရသောလုပ်ငန်းများကို လုပ်ကိုင်မည်ဆိုပါက Bucket Capacity များခြင်းသည် လုပ်ငန်းကို ပိုမိုမြန်ဆန်စေနိုင်ပါသည်။
၃။ Bucket Accessories
မိမိဝယ်ယူမည့် Bucket ခွက်တွင် တပ်ဆင်ထားသော ဂေါ်ဆွယ် Tooth, Adaptor, Side cutters, Side bar protector စသည့် အပိုပစ္စည်းများသည် ဈေးကွက်အတွင်း ဝယ်ယူရလွယ်ကူသော အမျိုးအစားကို တပ်ဆင်ထားသော Bucket ခွက်ကို ရွေးချယ်ဝယ်ယူသင့်ပါသည်။
၄။ Bucket ခွက်၏ သံသားနှင့်အလေးချိန်
Bucket ခွက်တွင်အသုံးပြုထားသော သံသား၏ အရည်အသွေး နှင့် အလေးချိန်ကိုလည်း သိရှိရန်လိုအပ်ပါသည်။ မိမိဝယ်ယူမည့် Bucket ခွက်တွင် အသုံးပြုထားသော သံသားပါးလွန်းနေလျှင် အလွယ်တကူ ပွန်စားပျက်စီးစေနိုင်ပြီး သံသားအရမ်းထူလွန်းနေလျှင် အလေးချိန်ပိုများနိုင်ပါသည်။ Bucket ခွက်၏ အလေးချိန်သည် မိမိစက်၏ခွင့်ပြုအလေးချိန်ထက်ပိုများနေပါက လုပ်ငန်းမြန်ဆန်မှုကို အနှောက်အယှက်ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် Bucket ခွက်၏ အလေးချိန်ကိုလည်း မိမိအသုံးပြုမည့်စက်၏ Counter Weight အလေးချိန်ကိုချိန်ဆ၍ ဝယ်ယူသင့်ပါသည်။
𝗥𝗲𝗮𝗹 𝗣𝗼𝘄𝗲𝗿 𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗖𝗼.,𝗟𝘁𝗱တွင် ခေတ်မီနည်းပညာများနှင့် ထုတ်လုပ်ထားသော အရည်အသွေးမြင့်မားသည့် 𝗥𝗣𝗧 𝗕𝗿𝗮𝗻𝗱 𝗕𝘂𝗰𝗸𝗲𝘁များကို ဝယ်ယူရရှိနိုင်ပါပြီ
🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
☎️09-267 777 810၊ 09-795 334 005
🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
☎️09-267 777 820 ၊ 09-785 334 005
🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။
☎️09-267 777 840
🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။
☎️09-267 777 850
🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။
☎️09- 267 777 830
🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။
☎️09-899 077 773၊ 09-257 777 317