ပြင်းထန်ငလျင်ဒဏ်ခံစားခဲ့ရသော စစ်ကိုင်းမြို့ရှိ နန္ဒဝန်၊တကောင်း၊သောတပန်၊ မြို့သစ်နောက်၊ ဇေယျာကွက်သစ်၊ ပါရမီ၊ ပိုးတန်း၊ မန်းတော၊ စိန်ကုန်း ၊ မင်းလမ်း ဒေသများသို့ လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန်အတွက် Real Power ရုံးမှ ကနဦး အလှူငွေ ၁၀,၀၀၀,၀၀၀ ကျပ် နှင့် Real Power ဝန်ထမ်းများ၏ စုပေါင်းအလှူငွေ ၄,၂၇၀,၀၀၀ ကျပ်တို့ဖြင့် စုစုပေါင်းငွေကျပ် သိန်း ၁၄,၂၇၀,၀၀၀ ကျပ်ကို စစ်ကိုင်းကြက်ခြေနီ အသင်းအား သိန်း သုံးဆယ်ကျပ်၊ အိမ်ထောင်စု ၁၁၀ စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သိန်းနှင့် ရေသန့်ကဒ် တစ်စီကဒ်တို့အား Real Power မန္တလေးရုံး၏ CSR Teamမှဦးဆောင်၍ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့ပြီဖြစ်ကြောင်း အများပြည်သူများ မုဒိတာပွားနိုင်စေဖို့ရာ ပြန်လည်ဝေမျှရင်း ငလျင်ဘေးသင့်ဒေသများအားလုံး အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏🙏🙏
စက်ယန္တရားအငှားဈေးကွက်အတွင်း ကြုံတွေ့နေရသည့် စိန်ခါ်မှုများ
မြန်မာနိုင်ငံ၏ စက်ယန္တရားအဌားလုပ်ငန်းကို အဓိကထား၍ တင်ဆက်လျက်ရှိသည့် 𝗠𝗮𝗰𝗵𝗶𝗻𝗲𝗿𝘆 𝗧𝗮𝗹𝗸 𝗦𝗵𝗼𝘄 𝗣𝗮𝗿𝘁 𝟰 ၏ 𝗘𝗽𝗶𝘀𝗼𝗱𝗲 𝟮 တွင် ယန္တရားအငှားဈေးကွက်အတွင်း လက်ရှိကြုံတွေ့နေသည့် အခက်အခဲများ၊စိန်ခေါ်မှုများနှင့် ၎င်းစိန်ခေါ်မှုအခက်အခဲများကို လုပ်ငန်းရှင်နှစ်ဦးအနေဖြင့် မည်သိုဖြေရှင်းလျက်ရှိသည်ကို ဆွေးနွေးမျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့ Video အစအဆုံးကို 𝗥𝗲𝗮𝗹 𝗣𝗼𝘄𝗲𝗿 𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 𝗖𝗵𝗮𝗻𝗻𝗲𝗹 မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်