ဘတ်ဟိုးစက်ကြီးတွေဟာ နေ့စဉ်နဲ့အမျှ ဖုန်မှုန့်၊သဲမှုန့်များတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ဆောင်နေကြရတာပါ။ ဒီလို လုပ်ငန်းခွင်မှာ ဘတ်ဟိုးစက်ကြီးတွေရဲ့ အင်ဂျင်သက်တမ်း ကြာရှည်အသုံးပြုနိုင်ဖို့ 𝗔𝗶𝗿 𝗖𝗹𝗲𝗮𝗻𝗲𝗿 တွေဟာ မရှိမဖြစ် လိုအပ်လှပါတယ်

🔧𝗔𝗶𝗿 𝗖𝗹𝗲𝗮𝗻𝗲𝗿 တွေ ဘယ်လို အလုပ်လုပ်သလဲ ?

Air Cleaner မှာ အတွင်းစစ်၊ အပြင်စစ် ၂ လုံး ပါဝင်ပြီး အင်ဂျင်ထဲကို ဝင်လာတဲ့ လေထုထဲမှာပါတဲ့ အမှုန်အမွှားတွေကို စစ်ထုတ်ပေးပြီး သန့်စင်တဲ့လေကို ရရှိစေပါတယ်။ Air Cleaner ထဲသို့ လေမရောက်ခင် Pre-Cleaner ကနေ စတင်ပြီး ကြီးမားတဲ့ ဖုန်နှင့် အမှုန်အမွှားတွေကို စစ်ထုတ်ပေးပါတယ်။ အချိူ့စက်တွေရဲ့ Pre-Cleaner တွေကို ဖန်၊ကော် အဖုံးပါ အဝိုင်းပုံတွေနဲ့ တွေ့ရတတ်ပြီး အချိူ့စက်တွေမှာ သံဇကာတွေအနေနဲ့ ပါရှိတတ်ပါတယ်။ Air Cleaner အဖုံးထိပ်ရှိ ဖိုင်ဘာ အဖုံးချွန်လေးကိုလည်း ဖြုတ်ပြီး သန့်ရှင်းရေး ပြုလုပ်ပေးရပါမယ်။Air Restriction ဆင်ဆာများကိုလည်း Air Cleaner Housing တွင် တပ်ဆင်သင့်ပါတယ်

💥𝗔𝗶𝗿 𝗖𝗹𝗲𝗮𝗻𝗲𝗿 ပိတ်ရင် ဘာတွေဖြစ်လာမလဲ?

Air Cleaner အမျိူးအစားမကောင်းခြင်း၊Air Cleanerအတွင်း အမှုန်အမွှားများပိတ်ခြင်းနှင့် အတွင်းရှိ စက္ကူများကြောင့် Air Cleaner ပိတ်ခြင်း တို့ဖြစ်ပေါ်လာပါက သန့်စင်တဲ့လေကို လုံလောက်စွာ မရရှိတော့ဘဲ
⛔မီးခိုးမဲထွက်ခြင်း
⛔အင်ဂျင်အားဝပ်ခြင်း
⛔လေချွန်သံထွက်ခြင်း
⛔အင်ဂျင်အပူလွန်ကဲခြင်း တွေ ဖြစ်စေနိုင်ပါတယ်

💨𝗔𝗶𝗿 𝗖𝗹𝗲𝗮𝗻𝗲𝗿 တွေကို စနစ်တကျ ဘယ်လို သန့်ရှင်းပေးရမလဲ?

ပထမဦးဆုံး Air Cleaner အထိုင်အတွင်းဘက်နံရံများကို သန့်စင်အောင်ပြုလုပ်ပေးရပါမယ်။ Air Cleaner အပြင်စစ်ကို အားကောင်းတဲ့ လေမှုတ်စက်ဖြင့် Cleaner အတွင်းဘက်မှ အပြင်ဘက်သို့ မှုတ်ထုတ်ပေးရပါမယ်
📌အရေးကြီးဆုံးအချက်ကတော့ Air Cleaner အတွင်းစစ်ကို လေမှုတ်သန့်ရှင်းခြင်း မပြုလုပ်ရပါ။အတွင်းစစ်ကို မဖြုတ်ထုတ်ဘဲ အမှုန်အမွှားပိတ်ဆို့ပါက အသစ်လဲလှယ်တပ်ဆင့်ပါတယ်။

🔁ဘယ်အချိန်မှာ 𝗔𝗶𝗿 𝗖𝗹𝗲𝗮𝗻𝗲𝗿 တွေကို လဲရမလဲ?

ပြင်ပလေထုအပေါ်မူတည်ပြီး အပြင်လေစစ် ၂ကြိမ်လဲလှယ်မှ အတွင်းလေစစ်တစ်ကြိမ်သာ လဲလှယ်ရသည်များလဲရှိပါတယ်။ ဖုန်ထူသော လုပ်ငန်းခွင်များနှင့် နွေရာသီများမှာ နေ့စဉ် စက်အလုပ်နားသည့်အချိန်တိုင်း စစ်ဆေး သန့်စင် လဲလှယ်သင့်ပါတယ်

𝗔𝗶𝗿 𝗖𝗹𝗲𝗮𝗻𝗲𝗿 တွေ အမှုန်အမွှားပိတ်ပါက အင်ဂျင်တစ်ခုလုံး ဆိုးရွားစွာ ပျက်စီးစေနိုင်တာကြောင့်
အချိန်မီလဲပေးပြီး ရေရှည်ကုန်ကျစရိတ်သက်သာအောင် ပြုလုပ်နိုင်ပါတယ်။ အင်ဂျင်စွမ်းဆောင်ရည်ကောင်းမွန်ပြီး သက်တမ်းပြည့်အသုံးပြုနိုင်ရန်အတွက် 𝗥𝗲𝗮𝗹 𝗣𝗼𝘄𝗲𝗿 မှရောင်းချနေသည့် အရည်အသွေးမြင့် 𝗗𝗼𝗻𝗮𝗹𝗱𝘀𝗼𝗻 𝗔𝗶𝗿 𝗖𝗹𝗲𝗮𝗻𝗲𝗿 များကို ဝယ်ယူ အသုံးပြုလိုက်ပါ 🤗

🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။

☎️09-267 777 810၊ 09-795 334 005

🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

☎️09-267 777 820 ၊ 09-785 334 005

🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။

☎️09-267 777 840

🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။

☎️09-267 777 850

🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။

☎️09- 267 777 830

🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။

☎️09-899 077 773၊ 09-257 777 317

Categories: PostSocial