Excavator တစ်စီးတွင် Upper Structure ကြီးကို ဘယ်ညာလှည့်ရမ်းမှု (Swing Function )ကို လုပ်ဆောင်ပေးသော အစိတ်အပိုင်းကို Swing Motor/ Swing Drive Assembly ဟုခေါ်ပါသည်။ Swing Drive Assembly ကို Upper Structure ပေါ်တွင် အထိုင်ချတပ်ဆင်ထားပါသည်။ Swing Drive Assemblyတွင် Swing Motor ပိုင်းနှင့် Swing Reduction ပိုင်းဟူ၍ ခွဲခြားနိုင်ပါသည်။ Swing Motor ဆိုသည်မှာ Upper Structure တစ်ခုလုံးကို Undercarriage ပေါ်တွင် ဘယ်၊ညာလှည့်ရမ်းနိုင်ရန် အလုပ်လုပ်ပေးသော Hydraulic Motor ဖြစ်ပါသည်။ Swing Motor ကို Main Pump မှ ထုတ်လွှတ်လိုက်သော Hydraulic စွမ်းအားဖြင့် မောင်းနှင်လည်ပတ်စေပါသည်။ Swing Motor သည် Fixed displacement Piston Motor အမျိုးအစားဖြစ်သည့်အတွက် Travel Motor များကဲ့သို့ အနှေး အမြန် ပြောင်းလဲသည့်စနစ်မပါရှိပါ။
Swing Motor တစ်လုံးတွင် Swash plate, Cylinder block, Pistons & shoes, Valve plate, Swing parking brake system နှင့် Valve unit စသည်တို့ပါရှိပါသည်။ Valve Unit သည် Swing Motor ၏ အပေါ်ဆုံးအပိုင်းတွင်ရှိပါသည်။ Valve Unit တွင် Crossover Relief valve (၂)ခု နှင့် Make up Valve (၂)ခု တပ်ဆင်ထားပါသည်။ Swing Parking Brake System တွင် Friction Plate များ၊ Separation Plate များ၊ Spring များ နှင့် Brake Piston စသည်တို့ပါရှိပါသည်။ Front Implement attachment များ သို့မဟုတ် Swing Function တစ်ခုခု အလုပ်လုပ်ရန် Operator မှ RCV (Remote Control Valve) ကို ကစားလိုက်သည်နှင့် Pilot လိုင်းမှ ဟိုက်ဒြောလစ်ဆီများသည် Spring များကို ဆန့်ကျင်၍ Brake Piston ကို Pilot Pressure ဖြင့် တွန်းကန်ထားပြီး Brake ဖမ်းထားသော Friction plate များနှင့် Separation Plate များကို ခွာပေးပါသည်။ Operator မှ RCV ကို မကစားတော့ပဲ မူလအနေအထားသို့ပြန်ထားလိုက်သည်နှင့် Pilot လိုင်းမှ ဆီမရရှိတော့သဖြင့် Brake pistonသည် Spring များ၏ ကန်အားဖြင့် Friction plate များနှင့် Separation plate များကို ပြန်လည်ဖမ်းကပ်သွားစေပါသည်။ ဤနည်းဖြင့် Swing parking brake ကို ခွာပေးခြင်း၊ ပြန်လည်ဖမ်းကပ်ခြင်း လုပ်ဆောင်ပါသည်။ Swing Parking Brake Solenoid ပါဝင်သောစက်များတွင် Swing Brake ခွာပေးခြင်း၊ ပြန်လည်ဖမ်းခြင်းကို Machine Controller မှ Solenoid သို့ Signal Comman ပေးပြီး ဘရိတ်ပိုင်းလော့လိုင်းကို ဖွင့်ပေးခြင်း ပိတ်ပေးခြင်း တို့ကိုလုပ်ဆောင်ပါသည်။
Swing Motor အတွင်းတွင် Motor Shaft ၌ပါရှိသော Spline အသွားများနှင့်ချိတ်ဆက်ကာ Cylinder block ကိုတပ်ဆင်ထားပါသည်။ Cylinder block ၏ပြင်ပကိုယ်ထည်ပေါ်တွင်လည်း Brake ဖမ်းရန်အတွက် Friction plate များတပ်ဆင်ရန် Spline အသွားများပါရှိပါသည်။ ၎င်း Cylinder block အတွင်းတွင် Pistons & Shoes များပါရှိပါသည်။ Main Pump မှ ထုတ်လွှတ်လိုက်သည့် Pressure ရှိသော ဟိုက်ဒြောလစ်ဆီများသည် Swing Motor အတွင်းသို့ ဝင်ရောက်လာသောအခါ Piston များကို Pressure ဖြင့်တွန်းပါသည်။ ထိုအခါ Piston နှင့် shoe များ၏အောက်ရှိ Swash plate သည် အစောင်းဖြစ်နေသည့်အတွက် Piston များသည် Swash plate ၏အစောင်းအတိုင်းလျှောဆင်းသွားပြီး Cylinder block ကိုလည်ပတ်မှု ဖြစ်စေပါသည်။ Cylinder block လည်ပတ်သောအခါ ၎င်းနှင့်ချိတ်ဆက်ထားသည့် Motor shaft ကိုပါလည်စေသည်။ ထို့နောက် Swing Motor ၏လည်အားကိုယူ၍ Swing reduction gear box အတွင်းမှ Reduction Sun Gear ထိုမှ Planetary Gear Set, First Stage & Second Stage Carrier Assembly များကိုလည်စေပြီး နောက်ဆုံး Swing Reduction Output Shaft လည်ကာ Undercarriage ပိုင်းနှင့်အသေတွဲထားသော Swing Ring Gear အသွားများပေါ်တွင် လှည့်လည်သောအားဖြင့် Hydraulic Excavator Upper Structure ကြီးတစ်ခုလုံးကို ဘယ်ညာလှည့်ရမ်းလည်ပတ်ခြင်းကို လုပ်ဆောင်စေပါသည်။

တန် 20, တန် 30 Excavator စက်များအတွက် အရည်အသွေးမြင့် 𝗦𝘄𝗶𝗻𝗴 𝗠𝗼𝘁𝗼𝗿 𝗜𝗻𝗻𝗲𝗿 𝗣𝗮𝗿𝘁𝘀 များကို 𝗥𝗲𝗮𝗹 𝗣𝗼𝘄𝗲𝗿 𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗖𝗼.,𝗟𝘁𝗱 တွင် ဝယ်ယူရရှိနိုင်ပါပြီ

🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။

☎️09-267 777 810၊ 09-795 334 005

🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

☎️09-267 777 820 ၊ 09-785 334 005

🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။

☎️09-267 777 840

🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။

☎️09-267 777 850

🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။

☎️09- 267 777 830

🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။

☎️09-899 077 773၊ 09-257 777 317

Categories: PostSocial