စက်ယန္တရား ကြီးများတွင် အများအားဖြင့် Unit Injectorများကို Common Rail Type, Hydraulically Electronic Unit Injector Type, Mechanically Unit Injector နှင့် Electronic Unit Injector Type ဟူ၍ ၄ မျိုးရှိပါသည်။ အဆိုပါ Injector များမှ Electronic Unit Injector typeဆိုသည်မှာ Injection pump နှင့် nozzleကို Componentတစ်ခုတည်းတွင် ပေါင်းစပ်ထားပြီး Electronicဖြင့် ထိန်းချုပ်ထားသော စနစ်ဖြင့်တည်ဆောက်ထားသော Injector အမျိုးအစားဖြစ်ပါသည်။ Unit Injector များကို Engine Combustion Chamberများ၏ အထက် Engine Cylinder Headတွင် တိုက်ရိုက်တပ်ဆင်ထားပြီး Engine Cylinderတစ်လုံးချင်းစီအတွက် Unit injector တစ်လုံးစီပါရှိပြီး Engine Cam Shaftဖြင့် တိုက်ရိုက်မောင်းနှင်၍ဆီဖြန်းပေးခြင်းဖြစ်ပါသည်။ Fuel Feed Pumpမှ ပေးပို့သော လောင်စာဆီများသည် Fuel Main Filter ကိုဖြတ်၍ Engine Cylinder Headရှိ Fuel Rail မှတဆင့် Injectorများသို့ရောက်ရှိနေပါသည်။

Cylinder Head Fuel Rail အတွင်းရှိ လောင်စာဆီများ၏ Feed pressureကို Over Flow Valve မှ Controlလုပ်ပါသည်။ လောင်စာဆီများသည် Cylinder Head Fuel Railတွင် လိုအပ်သည့် Feed Pressure ထက်ကျော်လွန်လာပါက Over Flow Valve မှ Filter Housingသို့ Returnပြန်ပေးပါသည်။ Unit Injectorများတွင် Pump section, Valve section နှင့် Spray Atomizer sectionဟူ၍ ၃ ပိုင်းပါရှိပါသည်။ Engine cam shaft သည် Unit injectorများ၏ Pump section ရှိ Plungerများကို အလှည့်ကျဖိချ၍ လောင်စာဆီကိုတွန်းထုတ်ပေးပါသည်။ ထိုအခါ Valve sectionရှိ Waste valve နှင့် Needle valveတို့၏ Solenoid coil များမှအလုပ်လုပ်ပါသည်။ Solenoid coilများ အလုပ်လုပ်ရန် E-ECU မှ Control လုပ်ပါသည်။ E-ECU မှပေးပို့သော Current (mA)မရသေးချိန်တွင် Waste valveပွင့်ပြီး Injectorထဲမှ လောင်စာဆီလိုင်းထဲတွင် Pressureမဖြစ်စေပဲ လောင်စာဆီများသည် Fuel railထဲသို့ ပြန်သွားပါသည်။ E-ECU မှပေးပို့သော Current (mA) ရသည့်အခါ Waste valve solenoid coilသည် Waste valveကိုပိတ်ပေးသည့်အတွက် Injectorအတွင်းရှိ ဆီလိုင်းထဲတွင် Pressure မြင့်တက်လာပြီး Needle valve solenoid coilသည်လည်း Nozzle pinကိုနောက်သို့ရွေ့စေပြီး Needle valveကို ဖွင့်ပေးလိုက်ပါသည်။ ထိုအခါ Spray Atomizer မှတဆင့် Pressure အလွန်ပြင်းသော လောင်စာဆီအမှုန်အမွှားများကို Engine combustion chamberအတွင်းသို့ ဖြန်းပေးလိုက်ပါသည်။ Electronic Unit Injector typeအသုံးပြုထားသော အင်ဂျင်ကို VOLVO EC360B, EC460B, EC480DL, CAT345 C,D, CAT 365C, 374FL Excavator များနှင့် CAT 730, 740 Dump Truck များတွင်တွေ့နိုင်ပါသည်။

Excavatorများ၏ 𝗨𝗻𝗶𝘁 𝗜𝗻𝗷𝗲𝗰𝘁𝗼𝗿 များကို 𝗥𝗲𝗮𝗹 𝗣𝗼𝘄𝗲𝗿 𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗖𝗼.,𝗟𝘁𝗱.တွင် ရရှိနိုင်ပြီဖြစ်ပါသည်။

🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။

☎️09-267 777 810၊ 09-795 334 005

🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

☎️09-267 777 820 ၊ 09-785 334 005

🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။

☎️09-267 777 840

🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။

☎️09-267 777 850

🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။

☎️09- 267 777 830

🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။

☎️09-899 077 773၊ 09-257 777 317

Categories: PostSocial