Machinery Talk Show ကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြတဲ့ စက်ပိုင်ရှင်ကြီးတစ်ယောက်ရဲ့ တကယ့် စကားသံ၊ တကယ့်ခံစားချက်တွေ ကို နားဆင်ခံစားနိုင်ဖို့ Feedback Video လေးကို တင်ဆက်လိုက်ပါတယ်။ ဒီ Video ထဲမှာ စက်ပိုင်ရှင်ကြီးအတွက် လုပ်ငန်းမှာ ဘယ်လိုအကျိုးရှိစေခဲ့လဲ ဆိုတာကြည့်ရှုရင်း မိတ်ဆွေတို့အတွက်ရော Machinery Talk Show အစီအစဉ်ကနေ ဘယ်လို အကျိူးကျေးဇူးတွေရရှိစေခဲ့လဲဆိုတာ Comment မှာ မန့်ခဲ့ပေးဦးနော်
တပို့တွဲလရဲ့ အစဉ်အလာမပျက်ရအောင် Real Power ထမနဲလက်ဆောင်
တပို့တွဲလမှာ ကျင်းပလေ့ရှိတဲ့ မြန်မာ့ရိုးရာ ထမနဲပွဲဟာ မြန်မာလူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပျော်ရွှင်မှုတွေကို ဖော်ကျူးတဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်ပါတယ် ဒီလို ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ တပို့တွဲလရဲ့ အစဉ်အလာမပျက်ရအောင် Real Power ၏ ရန်ကုန်ရုံးချုပ်ရှိ ဝန်ထမ်း မိသားစုများမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ရိုးရာ ထမနဲပွဲအား အတူတကွ စည်းလုံးညီညွတ်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်