
Excavator များ၏ Swing drive နှင့် Final Drive များတွင် Hydraulic motor ၏ Drive shaft လည်အားကို Reduction gear box ဖြင့် gear ratio ပြောင်းလဲ၍ လိုအပ်သည့် လိမ်အား (Torque) ကိုရရှိစေပါသည်။ Excavator များ၏ Gear box များတွင် Planetary Gear Set ဟု အသိများသော 𝗘𝗽𝗶𝗰𝘆𝗰𝗹𝗶𝗰 𝗚𝗲𝗮𝗿 𝗧𝗿𝗮𝗶𝗻 အမျိုးအစားကို အသုံးပြုထားပါသည်။ Planetary Gear Set ၏အားသာချက်မှာ Gear box သေးသေးလေးထဲမှာ Gear Reduction ကြီးကြီးမားမားပြောင်းလဲပေးနိုင်ခြင်းဖြစ်ပါသည်။ Planetary Gear Set ကို ဂရိလူမျိုးများမှ ဂြိုဟ်ပတ်လမ်းကြောင်းများကို နမူနာယူ၍ စတင်တီထွင်ခဲ့ခြင်းဖြစ်ပါသည်။ ကျနော်တို့ Solar system ကြီးထဲတွင် နေ (Sun) ကို ဗဟိုပြု၍ ဂြိုဟ်ကြီးများ (Planets) ကလှည့်ပတ်နေသည်ကို ဥပမာယူ၍ Gear set ၏ အလယ်ရှိ Gear ကို Sun gear ဟု ခေါ်ဆိုပြီး ဘေးပတ်ပတ်လည်မှ လည်ပတ်နေသော Gear များကို Planetary gear ဟု ခေါ်ပါသည်။ Gear ratio ပြောင်းလဲရာတွင် Gear box အတွင်းရှိ Gear များ၏ 𝗦𝗶𝘇𝗲 နှင့် အသွားအရေအတွက်မှာ အရေးကြီးပါသည်။ ရေရှည်အသုံးပြုရမည့် ပစ္စည်းဖြစ်သည့်အတွက် အရည်အသွေးကောင်းမွန်ရန်လည်းလိုအပ်ပါသည်။
🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
☎️09-267 777 810၊ 09-795 334 005
🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
☎️09-267 777 820 ၊ 09-785 334 005
🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။
☎️09-267 777 840
🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။
☎️09-267 777 850
🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။
☎️09- 267 777 830
🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။
☎️09-899 077 773၊ 09-257 777 317