စက်မှုစွမ်းအင် မှ လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးတဲ့ လျှပ်စစ်ဓာတ်အားပေးကိရိယာ ဖြစ်ပါသည်။ ယန္တရားကြီးများတွင် အင်ဂျင်၏လည်ပတ်မှုမှတဆင့် ပတ်တားကြိုး (Belt) ဖြင့် အော်တာနေတာ(Alternator) ကို မောင်းနှင်လည်ပတ်စေပါသည်။ အော်တာနေတာ
(Alternator) ၏ တည်ဆောက်ပုံမှာ အခြေခံအားဖြင့် Rotor, Stator နှင့် Rectifier တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ Rotor သည် ပူလီတပ်ဆင်ထားသော ရှပ်ချောင်း (Shaft) တွင် သံလိုက်များ၊ Coil ပတ်ထားသော ကြေးနန်းကြိုးများ ပါရှိပါသည်။ Stator တွင်လည်း Coil ပတ်ထားသော ကြေးနန်းကြိုးများ ပါရှိပါသည်။ Stator သည် Rotor ၏အပြင်ဘက်ပတ်ပတ်လည်အတိုင်းဖုံးအုပ်ထားလျှက် လည်ပတ်မှုမရှိပဲ တည်ရှိပါသည်။ အင်ဂျင်လည်ပတ်သည့်အခါတွင် Rotor သည် Stator ၏အတွင်း၌ အလွတ်လည်ပတ်၍ လျှပ်စစ်သံလိုက်စက်ကွင်း (Electro Magnetic Field) ကိုဖြစ်ပေါ်စေပါသည်။ Stator သည် လည်ပတ်နေသော ထိုလျှပ်စစ်သံလိုက်စက်ကွင်းအား လျှပ်စစ်စီးကြောင်း (Electric Current) အဖြစ် ပြောင်းလဲထုတ်လွှတ်ပေးပါသည်။ ထို Electric Current သည် Alternating Current (AC) ဖြစ်သဖြင့် အသုံးပြုရန်အတွက် Direct Current (DC) ရရှိရန် Rectifier မှပြောင်းလဲပေးပါသည်။ Rectifier သည် ဒိုင်အုတ်များ (Diodes) ဖြင့် ဖွဲ့စည်းထားပါသည်။ အော်တာနေတာ(Alternator) တစ်လုံးသည် ထိုကဲ့သို့ အဆင့်ဆင့်လုပ်ဆောင်၍ ယန္တရားကြီးများ၏ လျှပ်စစ်သုံးအစိတ်အပိုင်းများအသုံးပြုရန်နှင့် ဘတ္ထရီအားသွင်းရန်အတွက် လိုအပ်သော လျှပ်စစ်စွမ်းအားကို ထောက်ပံ့ပေးပါသည်။ ယန္တရားကြီးများတွင် သော့ဖွင့်လိုက်သည်နှင့် မော်နီတာတွင် ဘတ္ထရီပုံမီးလင်းနေပါမည်။ ထိုအချက်ပြမှုသည် အင်ဂျင်မနှိုးထားသဖြင့် ဘတ္ထရီအားသွင်းမှုမဝင်ကြောင်း အချက်ပြခြင်းဖြစ်ပါသည်။ အင်ဂျင်နိုးသည်နှင့် တပြိုင်နက် ဘတ္ထရီအားဝင်သည်နှင့် ထိုဘတ္ထရီ အချက်ပြမီးပျောက်သွားရပါမည်။ ထို့ကြောင့် အင်ဂျင်နှိုးပြီး နိုးသည်နှင့် ဘတ္ထရီအချက်ပြမီး မပျောက်လျှင် အော်တာနေတာ(Alternator) နှင့် ဘတ္ထရီအားသွင်းမှုစနစ်အား စစ်ဆေးရန် အရေးကြီးပါသည်။
တန် 20 Excavatorစက်ကြီးများအတွက် အရည်အသွေးကောင်းမွန်သော Alternatorများကို Real Power Tradingတွင် ဝယ်ယူရရှိနိုင်ပါသည်။