၁၀ ဒီဂရီအောက် လျော့နည်းသော ရာသီဉတုရှိသည့် ဒေသတွေမှာ အင်ဂျင် စတင်နှိုးရာတွင် မီးခိုးဖြူ ထွက်တတ်ပါသည်။ အခြေခံအကြောင်းအရာများမှာ Nozzle၊Injector မကောင်းခြင်း၊ Glow Plug မကောင်းခြင်း၊ Injector ဝါယာထုတ်များ မကောင်းခြင်း၊ Compression ကျခြင်း၊ Piston၊ Ring၊ Liner ကွဲအက်ခြင်း သို့မဟုတ် မကောင်းခြင်း၊ Piston Ring ကြိုးပဲ့ခြင်း၊ ပထမ Ring၊ ဒုတိယ Ring ၊ တတိယ Ring တို့ကိုတပ်ဆင်ရာတွင် မမှန်ကန်ခြင်း၊ ဒီဇယ်ဆီ ထဲတွင် ဆီ တစ်ခုခုရောနေခြင်း၊ ဆီအရည်သွေးမကောင်းခြင်း၊ Grade မမှန်ကန်ခြင်း၊ဒီဇယ်ဆီ ဖိအားနည်းခြင်း၊ ဆီလိုင်းတွင် Pump၊ Plunger Delivery Valve (ဖြတ်ဗား) စသည်တို့ မကောင်းခြင်း၊ ဒီဇယ်ဆီ မသန့်ခြင်း၊ ရေ၊အင်ဂျင်ဝိုင် စသည်တို့ ဒီဇယ်ထဲတွင် ပါဝင်နေခြင်း၊ Turbo Waste Gate မကောင်းခြင်း၊ Cylinder ထဲတွင် ဆီလောင်ကျွမ်းမှု မမှန်ကန်ခြင်း၊ Diesel Pump Timing မှားနေခြင်း၊ Engine Head Bold Nut များလျော့ခြင်း၊ Head Gasket ပျက်စီးခြင်း၊ Push Rod ကောက်ခြင်း သို့မဟုတ် Push Rod ကျိုးခြင်း၊ Governor ချိန်ညှိမှုမမှန်ကန်ခြင်းတိုကို တွေ့ရှိရပါသည်။ မီးခိုးဖြူထွက်သော အင်ဂျင်များကို ဆက်လက်မောင်းနှင့် အသုံးပြုခြင်း မပြုလုပ်ရပါ။ ချက်ခြင်းရပ်ပြီးလျှင် ပြစ်ချက်ကို သေချာရှာဖွေ၍ ပြင်ဆင်မှု ပြုလုပ်ရပါမည်။သို့မှသာ ဆက်စပ်ပစ္စည်းများစွာ ပျက်စီးနိုင်သော အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။
𝗥𝗲𝗮𝗹 𝗣𝗼𝘄𝗲𝗿 𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗖𝗼.,𝗟𝘁𝗱 တွင် ဂျာမနီနိုင်ငံထုတ် 𝗠𝗔𝗛𝗟𝗘 𝗕𝗿𝗮𝗻𝗱 ဖြင့် 𝗘𝗻𝗴𝗶𝗻𝗲 𝗢𝘃𝗲𝗿𝗵𝗮𝘂𝗹 𝗣𝗮𝗿𝘁𝘀 များကို ဝယ်ယူရရှိနိုင်ပါပြီ