လုပ်ငန်းရှင် Customer ကြီးများအနေဖြင့် မိုးရာသီ လုပ်ငန်းခွင် ရပ်နားထားမည်ဆိုပါက မိမိတို၏ လုပ်ငန်းသုံးယန္တရားကြီးများကို လုပ်ငန်းများ ပြန်စသည့်အခါ အဆင်သင့်ဖြစ်နေစေရန် သေချာပြုပြင်ထိန်းသိမ်းရန် လိုအပ်ပါသည်။ ထိုမှသာ လုပ်ငန်းများစတင်လည်ပတ်သည့် အခါတွင် ယန္တရားကြီးများကို အဆင်သင့် စိတ်ချလက်ချအသုံးပြုနိုင်မည်ဖြစ်ပါသည်။ လူကြီးမင်းတို၏လုပ်ငန်းများကို လွယ်ကူချောမွေ့စွာပြန်လည် စတင်နိုင်ရန် ယန္တရားကြီးများကို ရပ်နားထားချိန်တွင် အခြေခံအားဖြင့် အောက်ပါအချက်များအတိုင်း Maintenance ပြုလုပ်ထားသင့်ပါသည်။

၁။ အောက်ပိုင်း (Undercarriage) ရှိ Roller များ၊ ချိန်းဆစ်များ၊ Sprocket များ၊ Track shoe ပြားများကို သဲများ၊ ရွံများ ကပ်မနေစေရန် သန့်ရှင်းရေးပြုလုပ်ထားရန် လိုအပ်ပါသည်။ သန့်ရှင်းရေးပြုလုပ်ထားခြင်းမရှိပါက လုပ်ငန်းများပြန်လည် လည်ပတ်သည့် အခါတွင် ကပ်နေသည့် သဲများ၊ ရွံများမှာ ခြောက်နေသောကြောင့် Roller များ၊ Sprocket များသည် ချောမွေ့စွာ လည်ပတ်နိုင်ခြင်းမရှိပဲ ပွန်းစားမှုကို ပိုဖြစ်စေနိုင်ပါသည်။ ထိုအပြင် လဲလှယ်ရန်လိုအပ်သည့် အစိတ်အပိုင်းများကိုပါ လုပ်ငန်းမစတင်မီတခါတည်းလဲလှယ်တပ်ဆင်ထားနိုင်လျှင် ပိုကောင်းပါသည်။

၂။ ဟိုက်ဒြောလစ်ပိုက်များကို အယိုအစိမ့် ရှိ/မရှိ စစ်ဆေးပြီး လိုအပ်ပါက အသစ်လဲလှယ်တပ်ဆင်ထားသင့်ပါသည်။ အယိုအစိမ့်မရှိသော်လည်း ပိုက်သားများဆွေးနေပြီး အတွင်းရှိသံအလွှာပေါ်နေသောပိုက်များတွေ့ရှိပါကလည်း အသစ်လဲလှယ်တပ်ဆင်ထားသင့်ပါသည်။ အကယ်၍ လုပ်ငန်းခွင်အတွင်းအလုပ်လုပ်နေစဉ် အခါမှ ပိုက်ပေါက်ခဲ့လျှင် အလုပ်နှောင့်နှေး နိုင်ပါသည်။

၃။ ဟိုက်ဒြောလစ်အစိတ်အပိုင်းများဖြစ်သော Main Pump, Main Control Valve, Swing Motor, Travel Motor, Cylinder များ မှ ဆီအယိုအစိမ့် ရှိ/မရှိ စစ်ဆေးပြီး ဆီအယိုအစိမ့် ရှိပါက Seal များကိုကြိုတင်လဲလှယ်ထားသင့်ပါသည်။

၄။ စက်နာရီအလိုက် လဲလှယ်ရမည့် Filter များနှင့် Air Cleaner များကို လဲလှယ်ရမည့် နာရီနီးကပ်နေပြီဆိုပါက လုပ်ငန်းမစတင်မီလဲလှယ်ထားသင့်ပါသည်။ သိုသော် စက်ကိုကာလရှည်ရပ်နားထားမည်ဆိုပါက ကြိုတင်မလဲလှယ်သေးပဲ စက်ကိုရပ်နားထားပြီး ပြန်လည်စတင်လည်ပတ်မည့် အချိန်နီးမှသာ လဲလှယ်သင့်ပါသည်။

၅။ အင်ဂျင်ဝိုင်၊ ဟိုက်ဒြောလစ်ဆီ၊ ဂီယာဝိုင်များကိုလည်း လဲလှယ်ရမည့် နာရီနီးကပ်နေပြီဆိုပါက လုပ်ငန်းမစတင်မီလဲလှယ်ထားသင့်ပါသည်။ သိုသော် စက်ကိုကာလရှည်ရပ်နားထားမည်ဆိုပါက ကြိုတင်မလဲလှယ်သေးပဲ စက်ကိုရပ်နားထားပြီး ပြန်လည်စတင်လည်ပတ်မည့် အချိန်နီးမှသာ လဲလှယ်သင့်ပါသည်။

၆။ စက်ကိုရပ်နားထားရာတွင်လည်း မြေပြင်ညီပေါ်တွင် Front Attachmentကို မြှောက်မထားပဲ မြေပြင်ပေါ်သိုချထားသင့်ပါသည်။

၇။ စက်ကိုရပ်နားထားသည့်အချိန်တွင် စက်၏ ဘတ္ထရီ Main Switch ကို ပိတ်ထားသင့်ပါသည်။ သိုမဟုတ် ဘတ္ထရီ အနှုတ်(-)ကြိုးကိုဖြုတ်ထားသင့်ပါသည်။

🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။

☎️09-267 777 810၊ 09-795 334 005

🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

☎️09-267 777 820 ၊ 09-785 334 005

🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။

☎️09-267 777 840

🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။

☎️09-267 777 850

🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (28)၊ ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။

☎️09- 267 777 830

🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲

အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။

☎️09-899 077 773၊ 09-257 777 317

Categories: PostSocial