What is Hydraulic Breaker? (ဟိုက်ဒရောလစ်ဘရိကာ ဆိုတာ ဘာလဲ)

ဟိုက်ဒရောလစ်ဘရိကာ ဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကွန်ကရစ်များ ဖျက်စီးရာတွင်လည်းကောင်း၊ သတုရှာဖွေရေးလုပ်ငန်းခွင်တွင် ကျောက်တောင် ကျောက်တုံးများ ဖြိုခွဲရာတွင်လည်းကောင်း ဟိုက်ဒရောလစ် မြေတူးစက်၏ မြေတူးခွက်နေရာတွင် အစားထိုးတပ်ဆင် အသုံးပြုသော ဟိုက်ဒရောလစ် စွမ်းအားသုံး (ရိုက်အားမြင့်ပြီး အကြီမ်ရေများများရိုက်နိုင်သည့်) chisel စို့ပါတပ်ဆင်ထားသည့် တူအမျိုးအစား တစ်ခုဖြစ်ပါသည်။ အဆိုပါ ဟိုက်ဒရောလစ် ဘရိကာ တပ်ဆင်အသုံးပြုနိုင်ရန်အတွက် ယနေ့ခေတ်ပေါ် ဟိုက်ဒရောလစ် မြေတူးစက်များတွင် ဟိုက်ဒရောလစ်စနစ် အပိုတစ်ခု ထည့်သွင်းထားပြီးဖြစ်ပါသည်။ အထူးသဖြင့် လူအားဖြင့် မစွမ်းနိုင်သော အဆောက်အဦးများဖျက်စီးရာတွင် ၎င်းကို အသုံးပြုခြင်းဖြင့် အန္တရာယ်ကင်းရှင်းပြီး အချိန်တိုအတွင်း အလုပ်ပြီးစီးပါသည်။

Three type of Hydraulic Breakers (ဟိုက်ဒရောလစ်ဘရိကာ သုံးမျိုး)

၁။ Gas Type ဓါတ်ငွေ့ဖိအားမြင့် တစ်မျိုးတည်းဖြင့် ရိုက်အားသုံးသာ ဘရိကာ
၂။ Oil Type ဟိုက်ဒရောလစ်ဖိအား တစ်မျိုးတည်းဖြင့် ရိုက်အားသုံးသာ ဘရိကာ
၃။ Gas Assisted Type ဓါတ်ငွေဖိအားရော ဟိုက်ဒရောလစ်ဖိအားပါ အသုံးပြုသော ဘရိကာ။
(သတိပြုရန်မှာ ဓါတ်ငွေ့ဖိအား အသုံးပြုထားလျှင် တစ်ပါတ်တစ်ကြိမ်ခန့် ဓါတ်ငွေ့ဖိအားကို ပြန်လည်စစ်ဆေးပေးရမည်။)

Hydraulic Breaker Selection & Installation (ဟိုက်ဒရောလစ်ဘရိကာ တပ်ဆင်ရာတွင် သတိပြုရမည့် အချက် သုံးချက်)

၁။ Weight (အလေးချိန်)
တပ်ဆင်မည့် ဟိုက်ဒရောလစ်ဘရိကာ၏ အလေးချိန်သည် ၎င်းတပ်ဆင်မည့် မြေတူးစက်၏ သယ်မနိုင်သော စုစုပေါင်းအလေးချိန်ထက်(မြေတူးဂေါ်ခွက်အလေးချိန် + အများဆုံးပါရှိသော မြေသား သို့မဟုတ် ကျောက်သား အလေးချိန်ထက်) လျော့နည်းရမည်။ {Total attachment weight ≤ 80% at least of carrier tipping load}
၂။ Hydraulic Oil Flow (ဟိုက်ဒရောလစ်ဆီ စီးနှုံး)
တပ်ဆင်မည့် ဟိုက်ဒရောလစ် ဘရိကာ၏ ရိုက်ချက် ပြည့်မီရန် ၎င်းအတွက် လိုအပ်သော (တစ်မိနစ်အတွင်း) ဟိုက်ဒရောလစ်ဆီ စီးနှုံးသည် အဆိုပါဘရိကာ တပ်ဆင်မည့် မြေတူးစက်၏ မိန်းပန့်မှ တွန်းထုတ်နိုင်သော (တစ်မိနစ်အတွင်း) ဟိုက်ဒရောလစ်ဆီ စီးနှုံးထက် (Liters per minute ထက်) လျော့နည်းရမည်။ {Rated attachment oil flow ≤ 100% of Main pump discharge flow}
၃။ Operating Hydraulic Oil Pressure, Bar (လုပ်ငန်းဆောင်ရွက်ရန် လိုအပ်သော ဟိုက်ဒရောလစ်ဆီ ဖိအား၊ ဘားဖြင့်နှိုင်းယှဉ်ရန်)
ဟိုက်ဒရောလစ်ဘရိကာဖြင့် အန္တရာယ်ကင်းရှင်းစွာ အလုပ်လုပ်ရန်အတွက် အန္တရာယ်ကင်းရှင်းရေး ဟိုက်ဒရောလစ်ဆီ ဖိအားဗား (Relief Valve Setting) ကို ချိန်ညှိရာတွင် ဟိုက်ဒရောလစ်ဘရိကာအတွက် လိုအပ်သော သတ်မှတ်ဆီဖိအားဘားထက် လေးဆယ်ဘားခန့် ထပ်ဆောင်းပိုးပြီး ချိန်ပေးရမည်။ {Relief setting pressure bar = (Operating pressure bar + 40 bar)}

Hydraulic Breaker Operations (ဟိုက်ဒရောလစ်ဘရိကာလုပ်ဆောင်ရာတွင် သတိပြုသင့်သော အချက်များ)

Maintenance (ထိန်းသိမ်းပြုပြင်ရေးဆောင်ရွက်ရန် အချက်များ)

၁။ နှစ်နာရီခြား တစ်ခါ Between Chisel & Bushing (စို့နှင့် ၎င်းအထိုင်ဘွတ်ကြား) Grease (အမဲဆီထိုးပေးရန်)။ အမဲဆီထိုးလျှင် စို့ကို မြေပြင်တွင် ထောင်လိုက် ထောက်ထားသော အနေအထားဖြင့် အမဲဆီအဟောင်း ထွက်လာသည်ထိ ထိုးရန်။
၂။ ဟိုက်ဒရောလစ်ဆီနှင့် ဖစ်တာတို့ကို ပုံမှန်လဲလှယ်ရမည့်အချိန်၏ ထက်ဝက်ခန့်တွင် ကြိုတင်လဲပေးရန်။
၃။ Chisel, Retaining Pin & Bushing (စို့၊ စို့အထိန်းပင်နှင့် ၎င်းအထိုင်ဘွတ်)တို့၏ ပွန်းစားမှုနှုံးကို သတိပြု စစ်ဆေးရန်။ လိုအပ်လျှင် အသစ်လဲရန်။

ကျွန်တော်တို့ Real Power Trading Company အနေနှင့် အရည်အသွေး စိတ်ချရသော Korea နိုင်ငံထုတ် TGP Brand Hydraulic Breaker များကိုသာ ရောင်းချလျှက်ရှိပါသည်။

လူကြီးမင်းတို့ သိရှိလိုသည်များကို

Yangon Office  
No.64A, Naung Yoe St,Mayangone Tsp,  
Hot Line: 09 795 334 003,09 795 334005  
 
Mandalay  Branch  
No.72, 62nd St,Pyi Gyi Dagon Tsp.  
Hot Line: 09 785 334 003 ,09 785 334005  
09 785 334 006  
 
Taungyi Branch  
No,102, Pyidaungsu Road, Ayethayar Myothit
Hot line : 09 8990 77772, 09 957777 110  
 
 
Myeik Branch  
No,79 Sadarwut  Beside Kywe Ku Road,  
Myeik District, Tanintharyi Region  
Hot line 09 25 7777 319, 09 8990 77773  

ဆက်သွယ်စုံစမ်းနိူင်ပါသည်…

Categories: Post

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *