ယနေ့မျက်မှောက်ခေတ်ကာလတွင် တည်ဆောက်ရေးလုပ်ငန်းခွင် အမျိုးမျိုးအတွက် အသုံးပြုသော ယန္တရားများမှာ ဟိုက်ဒရောလစ် (အရည်) စွမ်းအားနည်းစနစ်ကို အသုံးပြုလျက်ရှိသည်။ အခြားသောနည်းစနစ်များ ဖြစ်ကြသည့် လျှပ်စစ်စွမ်းအား၊ လေစွမ်းအားနှင့် စက်မှုစွမ်းအားတို့ထက် ၎င်းနည်းစနစ်ကို ပိုမိုအသုံးပြုလာကြသည်။ အဘယ့်ကြောင့်ဆိုသော် စွမ်းအင်တစ်ခုမှ တစ်ခုသို့ လွှဲပြောင်းလုပ်ဆောင်ရာတွင် ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်သည် လွယ်ကူရိုးရှင်းခြင်းနှင့် စွမ်းအင်ဆုံးရှုံးမှုအနည်းဆုံးဖြစ်ခြင်းကြောင့်ဖြစ်သည်။
?? ဥပမာအားဖြင့် မြေတူးစက်တစ်စီး၏ စက်လက်တံများ လှုပ်ရှားခြင်း၊ ဂေါ်ခွက်ဖြင့်မြေတူးခြင်း၊ စက်အပေါ်ပိုင်း ကိုယ်ထည်လှည့်ရမ်းခြင်းနှင့် စက်တစ်စီးလုံး လမ်းလျှောက်ခြင်းတို့ လုပ်ဆောင်ရာတွင် ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်ကို အသုံးပြုထားပါသည်။ ထိုစနစ်ကို အသုံးချပြုလုပ်ထားခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ လူအင်အားဖြင့်မပြီးနိုင်သော အလုပ်များကိုဆောင်ရွက်နိုင်ခြင်း၊ ထိန်းသိမ်းပြုပြင်မှု စားရိတ်နည်းပါးခြင်းနှင့် စီးပွားရေးအရ တွက်ချေကိုက်ခြင်း စသည့်အကျိုးကျေးဇူးတို့ကို ရရှိစေပါသည်။
? အဆိုပါ ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်တွင် အဓိကကျသော ဟိုက်ဒရောလစ်အစိတ်အပိုင်းများမှာ ဆီ(အရည်)၊ ဆီတိုင်ကီ၊ ဆီစစ်၊ ဆီပန့်၊ ဗားအမျိုးမျိုး၊ မော်တာများ၊ ဆလင်ဒါများနှင့် ၎င်းပစ္စည်းများ တစ်ခုနှင့်တစ်ခုအကြား ဆက်သွယ်ပေးမည့်ဆီပိုက်များ ပါရှိရမည်။
အထက်ဖော်ပြပါ ပစ္စည်းအစိတ်အပိုင်းအားလုံး၏ အရည်အသွေးပေါ်မူတည်၍ ဟိုက်ဒရောလစ်နည်းစနစ်တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို ဖြစ်ပေါ်စေပါသည်။ ထိုသို့ဆိုလျှင် ဟိုက်ဒရောလစ်စွမ်းအင် စတင်ထုတ်လုပ်ပေးမည့် ဟိုက်ဒရောလစ်ပန့်အကြောင်းကို ဗဟုသုတအလို့ငှါ ရှင်းပြပါစေ။
ဟိုက်ဒရောလစ်စနစ်အဖြစ် အသုံးပြုနိုင်သော ပန့်အမျိုးအစားများမှာ (၁) Gear Pump ဂီယာပန့်၊ (၂) Vane Pump ဗိန်းပန့် (၃) Piston Pump ပစ္စတင်ပန့် ဟူ၍ သုံးမျိုးရှိပါတယ်။ ပန့်၏အလုပ်က သူ့ကိုလည်ပတ်မှုပေးရင် ဆီကို တွန်းပို့ပေးတဲ့ အလုပ်တစ်မျိုးတည်းကိုပဲ လုပ်ပါတယ်။ ပန့်တစ်ပတ်လည်ရင် ဆီပမမာဏ မည်မျှတွန်းထုတ်နိုင်သလဲ ဆိုတာ ပန့်ရဲ့ စွမ်းဆောင်ချက်ပါ။ (ပန့်ရဲ့ စွမ်းဆောင်ချက်ကို Cubic Centimeter per Revolution or cc/rev ဖြင့် ဖော်ပြလေ့ရှိသည်။) ဒါဆိုရင် အဆိုပါပန့်တွေကို လည်ပတ်ပေးမည့် အင်ဂျင်အပတ်ရေပေါ်မှာ မူတည်ပြီး ဆီပမာဏထွက်ရှိမှု ကွာခြားနိုင်သလို ပန့်အလုံးဆိုဒ် ကွာခြားချင်ပေါ်မှလည်း မူတည်နိုင်ပါတယ်။
ဒါပေမယ့် ယခုမျက်မှောက်ခေတ် စက်ယန္တရားများမှာတော့ Piston Pump with Regulator (ရက်ဂူလေတာထိန်းချုပ်မှုပါသော ပစ္စတင်ပန့်) များကိုသာ တပ်ဆင်အသုံးစွဲလာကြသည်။ ၎င်းပန့်ကို Variable Displacement Pump (ဘာရီအေးဘဲ ဒီစ်ပလေ့မန့်ပန့်) ဟုလည်းခေါ်ကြသည်။ အဆိုပါပန့်အလုပ်လုပ်ပုံမှာ အင်ဂျင်အပတ်ရေပေါ်မူတည်ပြီး ဆီပမာဏ အနည်းအများထုတ်ပေးခြင်းမဟုတ်တော့ပေ။ အင်ဂျင်အပတ်ရေ နည်းခြင်းများခြင်းအပေါ် တိုက်ရိုက်မပတ်သက်တော့ဘဲ စက်၏လုပ်ဆောင်မှုက ဝန်အနည်းအများ ဆောင်ရွက်ခြင်းအပေါ်မူတည်ပြီး ဆီပမာဏ အနည်းအများကို Regulator မှ လိုသလိုထိန်းချုပ် ပြောင်းလဲထုတ်ပေးနိုင်စွမ်းရှိသည်။ ဝန်နှင့်ထိတွေ့တဲ့အခါ ၎င်းဝန်ကိုရွေ့အောင် လုပ်ဆောင်နိုင်ခြင်း မနိုင်ခြင်းကတော့ အဆိုပါ ဟိုက်ဒရောလစ်စနစ်၏ အမြင့်ဆုံးဖိအားချိန်ညှိထားမှုအပေါ် မူတည်ပါသည်။
ဥပမာအနေဖြင့် ဟိုက်ဒရောလစ် မြေတူးစက်တစ်စီးသည် အင်ဂျင်အပတ်ရေအများဆုံးဖြင့် အမ်းနှင့်ဂေါ်ခွက်ကိုအသုံးပြုပြီး မြေတူးသောအခါတွင် မြေကြီးနှင့်ဂေါ်ခွက်မထိတွေ့မီ အလွန်မြန်သောနှုန်းဖြင့် လှုပ်ရှားနေပါမည် (ပန့်မှတွန်းထုတ်ပေးသော ဆီပမာဏများနေမည်)။ ၎င်းနောက် မြေကြီးနှင့်ဂေါ်ခွက်ထိတွေ့မှုအခြေအနေပေါ်မှုတည်ပြီး ယခင်လှုပ်ရှားမှုထက် နှေးသွားမည် (ပန့်မှတွန်းထုတ်ပေးသော ဆီပမာဏနည်းသွားမည်)။ သို့သော် ဟိုက်ဒရောလစ်စနစ်၏ သတ်မှတ်ဖိအားအောက်တွင် မြေကြီးကိုမူ တူးနိုင်စွမ်းရှိနေပါမည်။
ထိုသို့ အင်ဂျင်အပတ်ရေမပြောင်းလဲဘဲ ဆီတွန်းထုတ်နိုင်သော ပမာဏအနည်းအများကို အချိန်နှင့်အမျှ Regulator က ပြောင်းလဲပေးနိုင်သည်။ နောက်ဆက်တွဲ အကျိုးရလဒ်အဖြစ် ဝန်နှင့်မထိတွေ့ချိန်တိုင်းတွင် ဟိုက်ဒရောလစ်စနစ်တစ်ခုလုံးနှင့်တကွ အင်ဂျင်ကိုပါ သက်သာစေပြီး လောင်စာဆီစားနှုန်းကိုပါ လျော့ကျစေပါသည်။
Variable Displacement Hydraulic Pump ကောင်းတစ်လုံးဖြစ်ဖို့ဆိုတာ Regulator and Pump’s Inner Parts (ရက်ဂူလေတာနှင့်တကွ ပန့်အတွင်းပစ္စည်းများ) အပေါ် လုံးဝမူတည်နေပါသည်။ ၎င်းအမျိုးအစားပန့်များကို ဈေးကွက်အတွင်း အလွယ်တကူရနိုင်ပြီဆိုသော်လည်း အရည်အသွေးစိတ်ချရသော ပစ္စည်းဖြစ်ဖို့ သတိပြုစေချင်ပါသည်။
?? ကျွန်တော်တို့ Real Power Trading Company အနေနှင့်ကိုရီးယား နိုင်ငံထုတ် အရည်အသွေး စိတ်ချရသော”FLUTEK Brand” Hydraulic Pump and Hydraulic main pump parts များကိုသာ ရောင်းချလျှက်ရှိပါသည်။
?? လူကြီးမင်းတို့ သိရှိလိုသည်များကို
Yangon Office
No.64A, Naung Yoe St,Mayangone Tsp,
Hot Line: ?09 795 334 003,?09 795 334005
Mandalay Branch
No.72, 62nd St,Pyi Gyi Dagon Tsp.
Hot Line: ?09 785 334 003 ,?09 785 334005
?09 785 334 006
Taungyi Branch
No,102, Pyidaungsu Road, Ayethayar Myothit
Hot line 😕 09 8990 77772, ?09 957777 110
Myeik Branch
No,79 Sadarwut Beside Kywe Ku Road,
Myeik District, Tanintharyi Region
Hot line ?09 25 7777 319,? 09 8990 77773 သို့မေးမြန်းစုံစမ်းနိုင်ပါသည်။

Categories: Post

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *