Engine တစ်လုံး၏ လုပ်ဆောင်ချက် ကောင်းမွန်မှု့ကို သတ်မှတ်ထားသောအင်ဂျင် RPM ပြည့်မပြည့် နှင့် လက်ကိုင် ကွန်ထရိုးတစ်ခုခု ဉပမာ အမ်း သို့မဟုတ် ဘွန်း လက်ကိုင် ကွန်ထရိုးတစ်ခုကို အဆုံး ဆွဲလိုက်ပါက Load အပြည့်ဂိတ်ဆုံးမောင်းနှင်ချိန်တွင် သတ်မှတ်ထားသော အင်ဂျင် Stall RPM ရှိ မရှိ၊ မိးခိုးမဲ မီးခိုးပြာ မီးခိုးဖြူများစွာထွက်မထွက်၊ အင်ဂျင်သံမှန်မမှန် စသည်တို့ကို ကြည့်ရှု့ကာ အကြမ်အားဖြင့်သိနိုင်ပါသည်။ အင်ဂျင်တွင် မည်သည့်အပိုင်းက လက် ရှိ ချို့ယွင်းမှု့ဖြစ်ပေါ်နေသည်ကို သိရှိနိုင်ရန် တည်ဆောက်ထားသော အင်ဂျင်ပစ္စည်းများ၏ အခြေခံလုပ်ဆောင်ချက်များကို သိရှိထားရန် လိုအပ်လှပါသည်။ တစ်ခုခြင်းအခြေခံ လုပ်ဆောင်ချက်များကို နောက်ပိုင်းတွင် ဖော်ပြသွားမည် ဖြစ်ပြီး ယခင်အပါတ်မှ အဆက်ဖြစ်သော ပြင်ဆင်မှု့လိုအပ်ချက်များကို ဆက်လက်တင်ပြသွားပါမည်။

            Black Smoke Problem (မီးခိုးမဲ ထွက်ခြင်း) – အင်ဂျင်မီးခိုးမဲထွက်ခြင်း၏ အဓိက အကြောင်းအရင်းမှာ Combustion Chamber ထဲတွင် ချို့ယွင်းချက် တစ်ခုခုကြောင့် မီးပေါက်အား မမှန်ကန်ခြင်း Complete Combustion မဖြစ်ခြင်း၊ ဒီဇယ်ဆီ လေ အချိုးမမှန်ကန်ခြင်း ကြောင့် ဖြစ်ပါသည်။ အခြေခံ အကြောင်းအရာများမှာ နော်ဇယ် (အင်ဂျတ်တာ) ဆီဖြန်းနှုန်း မမှန်ကန်ခြင်း၊ ‌နော်ဇယ် ဆီသီးခြင်း၊ ဗားတိုင်မင် မမှန်ခြင်း၊ ဗားချိန်ညှိမှု့ မမှန်ကန်ခြင်း၊ ပလမ်ချာ ဖြတ်ဗား နော်ဇယ် ကျခြင်း (ပွန်းစားမှု့ များခြင်း)၊ ဒီဇယ် အင်ဂျတ်တာ မကောင်းခြင်း၊ အင်ဂျတ်တာ ဝါယာထုတ်များ မကောင်းခြင်း၊ Supply Pump မကောင်းခြင်း၊ Fuel Pressure နဲခြင်း၊ ရေဖစ်တာ ဒီဇယ်ဖစ်တာ ပိတ်ခြင်း၊ ဒီဇယ်ဆီ မကောင်းခြင်း အမှုံအမွှားများပါခြင်း တို့ကြောင့်ဖြစ်ပါသည်။

            အခြားသော အကြောင်းအရာများမှာ Air Cleaner ပိတ်ခြင်း ဖုံ အမှိုက် များဖြင့် ပိတ်နေခြင်း၊ လေပိုက်များပေါက်ခြင်း ပိတ်ခြင်း၊ တာဗိုမကာင်းခြင်း၊ After-Cooler များပေါက်ခြင်း၊ ပင်စတင်ထိပ် လိုင်နာနံရံများ မီးပေါက်ခန်းထဲတွင် ကာဗွန် ချိုးများစွာရှိနေခြင်း၊ အိတ်ဇော ပိုက် သို့မဟုတ် အိတ်ဇော ပေါက်ခြင်း၊ အင်ဂျင်ညှစ်ရုံးနေရခြင်း အင်ဂျင်နှင့် load မမျှခြင်း နှင့် အင်ဂျင် ဟတ်ကွဲခြင်းတို့ကြောင့် မီးခိုးမဲ များစွာ ထွက်ပေါ်တတ်ပါသည်။ မပျက်စီးခင် ပြင်ဆင်ခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း နှင့် အင်ဂျင်အတွင်း ဆက်စပ်ပစ္စည်းများကို ပျက်စီးစေမှု့ မရှိခြင်းတို့ကြောင့် မီးခိုးမဲများ အင်ဂျင်မှ ထွက်လာပြီဆိုလျှင် အထက်ပါ အကြောင်းအရာများကို စစ်ဆေး လှဲလှယ် ပြင်ဆင်သင့်ပါသည်။

            Blue Smoke Problem ( မီးခိုးပြာထွက်ခြင်း) – အပြာရောင်မီးခိုးများစွာထွက်ခြင်း အဓိက အကြောင်းအရင်းမှာ Combustion Chamber အတွင်းတွင်အင်ဂျင်ဝိုင်များကို လောင်ကျွန်းရခြင်း၊ အင်ဂျင် အတွင်းပိုင်းပစ္စည်းများပျက်စီးခြင်း၊ တာဗို ပျက်စီးခြင်းတို့ ကြောင့်ဖြစ်ပါသည်။ အေးသော ရာသီဉတုများတွင် အင်ဂျင် စတင်နှိုးသော အချိတ်တွင်လည်း မီးခိုးပြာ ထွက်တတ်ပါသည်။ ဗားဆီး ဗားဂိုက် ပွန်းစားခြင်းကြောင့် အင်ဂျင်ဝိုင်များ မီးပေါက်ခန်းထဲသို့ရာက်ခြင်း၊ ဆလင်ဒါ လိုင်နာများပွန်းစားခြင်း နှင့် ပင်စတင် ရိန်းများ ပွန်းစားခြင်း ရိန်းအလုပ်ဖြစ်သည့် လိုင်နာ အပေါ်ပိုင်းရှိ အင်ဂျင်ဝိုင်များကို အောက်သို့ ဆွဲချသွားမပေးနိုင်ခြင်းတို့ကြောင့် အင်ဂျင်ဝိုင်များ မီးပေါက်ခန်းထဲသို့ ရောက်ရှိခြင်း၊ တာဗို ဆီပြန် (Drain) ပိုက်ပိတ်ခြင်းကြောင့် Intake ထဲသို့ အင်ဂျင်ဝိုင်များ ရောက်ရှိခြင်း၊ အင်ဂျင်ဝိုင်(ဆီ) ထုပါးလွန်း (ကျဲလွန်း) သောကြောင့် ပင်စတင်ရိန်း ဘားဂိုက်များမှ အင်ဂျင်ဝိုင်ဆီကျော်ခြင်း၊ ကရိုင်းကစ်ထဲတွင် အင်ဂျင်ဝိုင် အလွန်များလွန်းခြင်း၊ အင်ဂျင်ဟတ်ထဲမှ Drain လိုင်းများပိတ်ခြင်းနှင့် ကရိုင်းကစ်ဘရီသာ ပိတ်သောကြောင့် ကရိုင်းကစ်အတွင်းတွင် ဆီဖိအားများနေခြင်းတို့ကြောင့် အင်ဂျင်မှ အပြာရောင်မီးခိုးများစွာ ထွက်နိုင်ပါသည်။

            White Smoke Problem (မီးခိုးဖြူ ထွက်ခြင်း) – ၁၀ ဒီဂရီအောက် လျော့နည်းသော ရာသီဉတုရှိသည့် ဒေသများတွင် အင်ဂျင်များစတင်နှိုးရာတွင် မီးခိုးဖြူ ထွက်တတ်ပါသည်။ အခြေခံအကြောင်းအရာများမှာ နော်ဇယ် (အင်ဂျတ်တာ) မကောင်းခြင်း၊ Glow Plug မကောင်းခြင်း၊ အင်ဂျတ်တာ ဝါယာထုတ်များ မကောင်းခြင်း၊ Compression ကျခြင်း ပင်စတင် ရိန်း လိုင်နာ ကွဲအက်ခြင်း သို့မဟုတ် မကောင်းခြင်း၊ ပင်စတင်ရိန်း ကြိုးပဲ့ခြင်း၊ ပထမ ရိန်း ဒုတိယရိန်း တတိယရိန်းတို့ကိုတပ်ဆင်ရာတွင် မမှန်ကန်ခြင်း၊ ဒီဇယ်ဆီ ထဲတွင် Oil တစ်ခုခုရောနေခြင်း၊ ဆီအရည်သွေးမကောင်းခြင်း ဂရိတ် မမှန်ကန်ခြင်း၊ဒီဇယ်ဆီ ဖိအားနဲခြင်း ဆီလိုင်းတွင် ပန့် ပလန်ချာ ဖြတ်ဗား စသည်တို့ မကောင်းခြင်း၊ ဒီဇယ်ဆီ မသန့်ခြင်း ရေ အင်ဂျင်ဝိုင်စသည်တို့ ဒီဇယ်ထဲတွင် ပါဝင်နေခြင်း၊ တာဗို ဝေ့စ်ဂိတ် မကောင်းခြင်း၊ ဆလင်ဒါထဲတွင် ဆီလောင်ကျွန်းမှု့ မမှန်ကန်ခြင်း၊ ဒီဇယ်ပန့် တိုင်မင် မှားနေခြင်း၊ အင်ဂျင် ဟတ် ဘို့နတ်များလျော့ခြင်း၊ ပွတ်ရော့ ကောက်ခြင်းသို့မဟုတ် ပွတ်ရော့ ကျိုးခြင်း၊ ဂါဗနာ ချိန်ညှိမှု့မမှန်ကန်ြခင်းတိုကို တွေ့ရှိရပါသည်။ မီးခိုဖြူထွက်သော အင်ဂျင်များကို ဆက်လက်မောင်းနှင့် အသုံးပြုခြင်း မပြုလုပ်ရပါ ချက်ခြင်းရပ်ပြီးလျှင် ပြစ်ချက်ကို သေချာစွာ ရှာဖွေ၍ ပြင်ဆင်မှု့ ပြုလပ်ရန် လွန်စွာ အရေးကြီးလှပါသည်။

            Engine Low Power (အင်ဂျင်အားမရှိခြင်း ဝန်မရုံးနိုင်ခြင်း) – အင်ဂျင်တစ်လုံးသည် လည်ပတ်မှု့မမှန်ကန်ခြင်း၊ ဝန်မနိုင်ခြင်း၊ အင်ဂျင်အပတ်ရေ မမှန်ကန်ခြင်းတို့ ကြောင့် စွမ်းအားကျဆင်းမှု့ဖြစ်ပေါ်ပါသည်။ လေပိုင်းလိုင်း တွင် အပေါက်သို့မဟုတ် ကလစ်ပြုတ်နေခြင်း လေမလုံခြင်းကြောင့် သန့်စင်သောလေကို အင်ဂျင်အတွင်း ဖိကျစ်မသွင်းနိုင်သောကြောင့် အင်ဂျင်အားနည်းနိုင်ပါသည်။ ဆီလိုင်း ဆီပိုက်တို့တွင် လေဝင်ခြင်း ဆီလေခိုခြင်းကြောင့်လည်း အင်ဂျင်အားနည်းနိုင်ပြီး၊ လေလိုင်း လေစစ် ပိတ်ဆို့ခြင်း၊ အင်ဂျင်ဝိုင် ဖိအားဆင်စာ မကောင်းခြင်း၊ ဖလိုင်းဝှီးဆင်စာ (သံလိုက် စပိဆင်ဆာမကောင်းခြင်း) တို့ကြောင့်လည်း အင်ဂျင်စွမ်းအားကျဆင်းနိုင်ပါသည်။ ရေဖစ်တာ ဒီဇယ်ဖစ်တာ ပိတ်ခြင်း နော်ဇယ် ပလမ်ချာ (အင်ဂျတ်တာ) မကောင်းခြင်း ဒီဇယ်ပန့်မကောင်းခြင်း ပန့်တိုင်ပင်များ မမှန်ကန်ခြင်းတို့ကြောင့်လည်း အင်ဂျင် အားမရှိခြင်း ဖြစ်နိုင်ပါသည်။

            EGR မကောင်းခြင်း ဒီဇယ်မသန့်ပဲ အမှုန်အမွှားများစွာ ပါခြင်း စသည်တို့ကြောင့်လည်း စွမ်းအား ကျဆင်းပါသည်။ အင်ဂျင်အတွင်းပစ္စည်း တစ်ခုခု ချို့ယွင်းနေပါခြင်းကြောင့်လည်းကောင်း၊ တာဗို အတွင်းပစ္စည်းများပွန်းစားခြင်း တာဗို လုပ်ဆောင်မှု့စွမ်းအား ကျဆင်းခြင်းတို့ကြောင့် လည်း အင်ဂျင် အားမရှိခြင်း ဖြစ်ပေါ်နိုင်ပါသည်။ အင်ဂျင် မီးပေါက်အား ကျဆင်းခြင်း၊ အိတ်ဇော ပိတ်ခြင်း၊ တိုင်မင် ဆင်ဆာ ဒီဇယ် ပရတ်ရှာဆင်ဆာ လေလိုင်းဆင်ဆာများ မကောင်းခြင်း၊ အင်ဂျင်တစ်ခုလုံးကို ထိမ်းချုပ်သော အင်ဂျင်ကွန်ထရိုလာ မကောင်းခြင်းကြောင့်လည်း အင်ဂျင် စွမ်းအား ကျဆင်းနိုင်ပါသည်။ အော်တိုလီဘာ မကောင်းခြင်း ပန့်ဂါဘနာ မမှန်ခြင်း လီဘာတင်သော ခလုပ်နှင့် ဝါယာများ မကောင်းခြင်း ဟိုက်ဒရောလစ် မိန်းပန့် Flow များလွန်းနေခြင်းတို့ကြောင့် အင်ဂျင်ဝတ်ခြင်း အားမရှိခြင်း ဖြစ်ပေါ်နိုင်ပါသည်။ Rocker Arm ကြိုးခြင်း၊ ဗားချိန်သော အကွာဝေးမမှန်ကန်ခြင်း၊ Camshaft မကောင်းခြင်း အင်ဂျင် ဟတ်ဂတ်စကတ် နှင့် အင်ဂျင်ဟတ် ကွဲခြင်းတို့ ကြောင့်လည်း အင်ဂျင်အားမရှိခြင်း ဝန်မရုံးနိုင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

            Engine Overheat (အပူချိန် မြင့်မားခြင်း) – အင်ဂျင်အပူချိန်တက်ခြင်းမှာ အင်ဂျင်အအေးခံစနစ် တစ်ခု ချို့ယွင်းခြင်းနှင့် အင်ဂျင်ခန်းအတွင်းမှ အပူကို ပြင်ပသို့ မဖယ်ရှားပေးနိုင်ခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ ပန်ကာလက်မကောင်းသောကြောင့် လေအပြည့်အဝ မစုတ်ယူနိုင်ခြင်း၊ ပန်ကာကြိုးပွန်းစား၍ ချော်သောကြောင့် လည်သင့်သော အင်ဂျင်အပတ်ရေမမှီခြင်း၊ ရေတိုင်ကီ ပိတ်ခြင်း ပေါက်ခြင်း၊ ရေတိုင်ကီ အဖုံးမကောင်းခြင်း၊ ရေတိုင်ကီသွားပြန်ပိုက် အထူးသဖြင့် အောက်ဘက်ပိုက် မကောင်းခြင်း၊ ရေပြန်ဘူးမကောင်းခြင်း၊ ရေအေးဆီ Coolant အရည်အသွေးမကောင်းခြင်း၊ သာမိုစတတ် မကောင်းခြင်း၊ ရေပန့် အတွင်းပွန်းစားမှု့ကြောင့် ရေအပြည့်အဝ မလည်ပေးနိုင်ခြင်း တို့ကြောင့် အင်ဂျင် အပူချိန်တက်ခြင်း ဖြစ်ပေါ်စေပါသည်။ ဒီဇယ်ပန့် တိုင်မင် နောက်ကျခြင်း၊ တိုင်မင်မြင့်နေခြင်း (မီးများနေခြင်း) အင်ဂျင်ဝိုင်မလဲတာ ကြာပြီး အရည်အသွေး မကောင်းခြင်း နှင့် အင်ဂျင်ဝိုင် နဲလွန်းခြင်းတို့ကြောင့် အင်ဂျင် အပူချိန်တက်နိုင်ပါသည်။ အင်လတ်နှင့် အိတ်ဇောဗားများပဲခြင်း၊ အင်ဂျင် ဟတ်ဂတ်စကတ် မကောင်းခြင်း၊ အင်ဂျင်ဝိုင် ကူလာမကောင်းခြင်း နှင့် အင်ဂျင် ဟတ်ကွဲခြင်းတို့ကြောင့်လဲ အင်ဂျင် အပူချိန်တက်နိုင်ပါသည်။ ဟိုက်ဒရောလစ်အားဖြင့် ပန်ကာကိုလည်စေသော အင်ဂျင်အကြီးများတွင် Fan Motor, Fan Pump တို့မကောင်းခြင်းကြောင့်လည်း အပူချိန်တက်နိုင်ပါသည်။ အိပ်ဇောပိတ်၍ တာဗိုရဲခြင်း၊ အကြောင်းတစ်ခုခုကြောင့် မီးပေါက်ခန်းမလုံခြင်း ဒီဇယ်လေ မီးပေါက်အားအချိုးမမှန်ကန်ခြင်းနှင့် အင်ဂျင် ရေတိုင်ကီကြားနံရံများတွင် ဖော့ကြားခံများ မရှိဘဲ အပူတိုက်ရိုက်ထိတွေ့ခြင်းတို့ကြောင့်လဲ အင်ဂျင်များ အပူချိန်မြင့်မားနိုင်ပါသည်။ အထက်ပါအခြေခံကြလွယ်ကူတသော အကြာင်းအရာလေးများသည် သတိမထားမိပါက အင်ဂျင် အပူချိန်မြင့်မားခြင်းကိုသာမက အင်ဂျင်ပျက်စီးခြင်းကိုပါဖြစ်ပေါ်လာနိုင်ပါသဖြင့် အထူးသတိထားပြင်ဆင်မောင်းနှင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

ဆက်လက်ရေးသား ဖော်ပြပါအုံးမည်။ အားလုံးကို ကျေးဇူးတင်စွာဖြင့်

Aung Min Soe

Sales & Marketing Manager

Real Power Trading Company

Categories: Post

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *