ယခင်လများတွင် ဘတ်ဟိုး ဒီဇယ်အင်ဂျင် ၏ ဆီလိုင်းစနစ်တွင် ပါရှိသော ပစ္စည်းများ၏ လုပ်ဆောင်ချက် ဆောင်ရန် ရှောင်ရန်များကို ဖော်ပြခဲ့ရာ ယခုတစ်ပါတွင် အင်ဂျင်၏ အရေးကြီးဆုံး စနစ်တစ်ခုဖြစ်သည့် Lubrication System ချောဆီစနစ် အကြောင်းကို ဆွေးနွေးသွားပါမည်။ သံ၊ သတ္တု စသည့်မာကျောသော အရာဝတ္ထုများ ပွတ်တိုက်ရာတွင် ကြားခံ ချောဆီစနစ်မှာ မဖြစ်မနေ လိုအပ်ပါသည်။ ချောဆီအမြဲတစေ ရရှိစေရန် ကောင်းမွန်သော စနစ်တစ်ခုလိုအပ်သကဲ့သို့ အသုံးပြုသော ချောဆီအမျိုးအစားမှာလည်း အရည်အသွေးကောင်းမွန်ရန် အရေးကြီးလှပါသည်။ အင်ဂျင်အတွင်းရှိ ရွှေးလျားလှုပ်ရှားနေသော ပင်စတင်၊ ကွန်နတိန်း နှင့် ဂီယာ စသည်များစွာသော အင်ဂျင်အတွင်း အစိတ်အပိုင်းများ အဆင်ပြေ ချောမွေ့စွာလည်ပါတ်နိုင်ရေးအတွက် ချောဆီစနစ်ကောင်းမွန်ရန် အလွန့််အလွန်အရေးကြီးလှပါသည်။  ဒီဇယ် အင်ဂျင်တစ်လုံး၏ Lubrication System တွင် Oil Sump, Oil Pump, Oil Filter, Oil Line, Engine Oil Cooler နှင့် Engine Oil တို့ပါဝင်ပါသည်။ ချောဆီစနစ်တွင် အင်ဂျင်ဝိုင်မှ ချောမွေ့မှု့အတွက် ထောက်ပံ့သော အပိုပစ္စည်း အစိတ်အပိုင်းများမှာ Crankshaft main bearings, Big end bearings, Piston pins and small end bushes, Cylinder walls, Piston rings, Timing Gears, Camshaft and bearings, Valves, Tappets and push-rods, Oil pump parts, Water pump bearings, In-Line Fuel Injection Pump bearings, Turbocharger bearings (if fitted), Vacuum pump bearings (if fitted), Air-compressor piston and bearings (in commercial vehicles for air-brake) တို့ဖြစ်ပါသည်။

အင်ဂျင်ချောဆီစနစ်၏ အဓိကလုပ်ဆောင်ချက်များမှာ ရွေ့လျားအစိတ်အပိုင်း များ၏ အချင်းချင်းပွတ်တိုက်အား များကိုလျော့ချစေခြင်းဖြင့် အင်ဂျင်ပါဝါ ကျဆင်းမှု့ကို လျော့နည်း စေပါ သည်။ အင်ဂျင်အတွင်းရှိ လှုပ်ရှားနေသော အစိတ်အပိုင်းများ၏ ပွန်းစားမှု့၊ ချွန်ထက်ပျက်စီးမှု့ များ ကိုလျော့ချပေးပြီး၊ အင်ဂျင်အတွင်းရှိ ပူလောင်စွာလည်ပါတ်နေသော အင်ဂျင်ပစ္စည်းများကို အအေး ခံပေးပါသည်။ အင်ဂျင်၏တုန်ခါမှု့များကိုလျော့ကျစေရန် ကူရှင်ကဲ့သို့ လုပ်ဆောင်ပေးပြီး အင်ဂျင် အတွင်းရှိပစ္စည်းများကို သန့်ရှင်းစေရန်လည်းဆောင်ရွက်ပေးပါသည်။ ဆလင်ဒါအတွင်းမှ ပင်စတင် ရိန်း များကိုလည်း ပွတ်တိုက်မှု့ကြောင့်ဖြစ်ပေါ်လာသောဖိအားများကို လျော့ကျစေပါသည်။

Oil Sump – Engine Block နှင့် တွဲတပ်ဆင်ထားသော အင်ဂျင်အောက်ပိုင်းတွင် Engine Oil သိုလှောင်ထားသောကန် ကရိုးကစ်ဟု ခေါ်ကြပါသည်။ အပူဒဏ်ခံသည့် သတ္တုဖြင့်ပြုလုပ်ထားပြီး အင်ဂျင်ဝိုင်ဂိတ်တံနှင့် ကရိုင်းကစ်ဘရီသာ လိုင်းတို့ဖြင့်ချိတ်ဆက်နေပါသည်။ အင်ဂျင်ဝိုင် ယိုစိမ့်ပြီး ဆီခန်းကာ အင်ဂျင်ပျက်စီးနိုင်သည့်အတွက် ထိခိုက်မှု့မရှိရန် ဂရုပြုရပါမည်။

Engine Oil Pump – အင်ဂျင်တစ်ခုလုံး ချောမွေ့ညင်သာစွာလည်ပါတ်နိုင်ရန် အင်ဂျင်ဝိုင်ချောဆီ များကို လိုအပ်သော စိတ်အပိုင်းများသို့ ရိုက်တင်ပို့ဆောင်ပေးသော ပန့်ဖြစ်ပါသည်။ ဂီယာပန့်အမျိုး အစားဖြစ်ပြီး အင်ဂျင်ရှေ့ချမ်း ဂီယာများဖြင့် ပန့်ထိပ်ရှိဂီယာဖြင့် ချိတ်ဆက်ကာလည်ပါတ်ပြီး လိုအပ်သော အင်ဂျင်ဝိုင် ပရတ်ရှာကို ထုတ်ပေးပါသည်။ အင်ဂျင်ဝိုင်ပန့်ကြောင့် ဖြစ်ပေါ်တတ်သော ပြဿနာများမှာ အင်ဂျင်ဝိုင်ရောက်ရှိနည်းမှု့ကြောင့် အင်ဂျင်ဝိုင် ပရတ်ရှာ ကျဆင်းခြင်း၊ အင်ဂျင် တပ်ပတ် ဗားသံများဆူညံခြင်း၊ ဗားလစ်ပတာများမှ ထူးဆန်းသော ဆူညံသံများ ဖြစ်ပေါ်ခြင်း၊ အင်ဂျင် အိုဗာဟိ အပူချိန်တက်ခြင်းနှင့် အင်ဂျင်ဝိုင်ပန့်မှ ဆူညံသံများထွက်ပေါ်ခြင်းတို့ဖြစ်ပါသည်။ Engine Oil Pump အတွင်းတွင်ဂီယာများ၊ သတ္တုဖြင့်ပြုလုပ်ထားသော အထိုင်၊ ပရပ်ရှာထိမ်းဗျား၊ မောင်းနှင်သော ရှတ်ချောင်းများပါဝင်သည်။ အင်ဂျင်ဝိုင်ပန့်များမှာ အတွင်းဂီယာပွန်းစားမှု့ကြောင့် ဖိအားကျဆင်းတတ်ခြင်း၊ သတ္တုအထိုင်ဖြစ်၍ ပရပ်ရှာထိမ်းသော ရီလိဗားအထိုင်ပွန်းစားမှု့ကြောင်း ဖိအားကျဆင်းခြင်း ရှတ်များပွန်းစားမှု့ကြောင့်လည်းကောင်း အင်ဂျင်မှလိုအပ်သော အင်ဂျင်ဝိုင် ဖိအားကို မထုတ်ပေးနိုင်ခြင်းဖြစ်ပါသည်။ ချောဆီစနစ်ပုံမှန်အလုပ်မလုပ်သည့်အခါ အင်ဂျင်ဝိုင် ဖိအားကို ပရတ်ရှာဂိတ်ဖြင့် တိုင်းတာပြီး နည်းနေပါက အင်ဂျင်ဝိုင်ပန့်ကို ဖြုတ်ကာစစ်ဆေးပြီး အမြန်ဆုံးပြုပြင်ရန် လိုအပ်ပါသည်။ သို့မှသာ အင်ဂျင်ပျက်စီးခြင်းကို ကာကွယ်နိုင်ပြီး အင်ဂျင် ကိုချောမွေ့စွာပုံမှန်လည်ပါတ်နိုင်ကာ အင်ဂျင်သက်တန်းကို ကြာရှည်စေပါမည်။

Engine Oil Filter – အင်ဂျင်ဝိုင်ဖစ်တာသည် အင်ဂျင်ဝိုင်ထဲမှ အမှုန်အမွှားများအညစ်အကြေးများ ကိုအင်ဂျင်အတွင်း သို့မဝင်ရောက်စေရန် စစ်ထုတ်ကာကွယ်ခြင်းကို လုပ်ဆောင်ပေးပါသည်။ အင်ဂျင်ဝိုင်ဖစ်တာကို အင်ဂျင်ဝိုင်လဲလှယ်သည့်အခါတိုင်း လဲလှယ်ပေးရန် အရေးကြီးပြီး အများ အားဖြင့် နာရီ ၂၅၀ တစ်ကြိမ်လဲလှယ်ကြရပါသည်။ အင်ဂျင်ဝိုင်ဖစ်တာသည် အင်ဂျင်တစ်ခုလုံးကို ပျက်စီးမှု့မှ ကာကွယ်ပေးထားသော တစ်ခုတည်းသော အရာဖြစ်ပါသည်။ ချောဆီများကိုသန့်စင် ကာချောဆီစနစ်တစ်ခုလုံးကို အင်ဂျင်၏လိုအပ်သော နေရာများသို့ သန့်ရှင်းစွာ ရောက်ရှိနိုင်ရန် လုပ်ဆောင်ပေးပါသည်။ ဆီကြိုထည့်ခြင်းနှင့်ပါတ်သက်၍ ဖစ်တာများသည် မျက်နှာပြင်ပေါ်ရှိ ဆီပေါက်ငယ်များမှ ဆီဝင်ကာ စကာစက္ကူစစ်များကို ဖြတ်ကျော်ပြီး အလယ်တိုင်ပေါက်အကြီးမှ အင်ဂျင်ထဲသို့ အင်ဂျင်ဝိုင်ရောက်စေခြင်းဖြစ်သောကြောင့် အလယ်တိုင်ပေါက်ထဲသို့ ဆီတိုက်ရိုက် ထည့်ခြင်းသည် ဆီစစ်မစစ်စေဘဲ အင်ဂျင်ဝိုင်များကို အင်ဂျင်ထဲလည်ပါတ်စေခြင်းဖြစ်သောကြောင့် ဆီကြိုခြင်းသည် အမှုန်အမွှားများကို အင်ဂျင်အတွင်းသို့ တိုက်ရိုက်ရောက်စေပါသည်။ ဖစ်တာ အတွင်းတွင် အမှုန်အမွှား အမှိုက်များ ပိတ်ခြင်း၊ ဖစ်တာအတွင်းသား စက္ကူကိုယ်တိုက်က မကောင်း ၍ပိတ်ခြင်းတို့ကြောင့် ဖစ်တာသို့ဖြတ်သွားသော အင်ဂျင်ဝိုင်များသည် By Pass Valve မှတဆင့် အင်ဂျင်အတွင်းသို့ စစ်ထုတ်ခြင်းမရှိပဲတိုက်ရိုက်ဝင်ရောက်သွားသောကြောင့် အင်ဂျင်အတွင်းပစ္စည်း များပွန်းစားမှု့ပိုမြန်ပြီး အင်ဂျင်၏သက်တန်းကို တိုစေပါသည်။ ထို့ကြောင့် အင်ဂျင်ဝိုင်ဖစ်တာများကို ပုံမှန်လဲလှယ်ရန် လိုအပ်သကဲ့သို့ အရည်အသွေးကောင်းမွန်သောဖစ်တာအမျိုးအစား ကိုရွေးချယ် အသုံးပြုသင့်ပါသည်။

Engine Oil Cooler – အင်ဂျင်ဝိုင်ကူလာမှာ အင်ဂျင်၏ရေတိုင်ကီနှင့်မတူဘဲ အင်ဂျင်အထိုင်တွင် ကပ်လျက်တပ်ဆင်ထားသော အင်ဂျင်အအေးခံ တိုင်ကီအသေးလေးဖြစ်ပါသည်။ အင်ဂျင်ဝိုင်များ စီးဆင်းမှု့နှင့် အပူချိန်တစ်သတ်မတ်တည်းဖြစ်စေရန် ထိမ်းသိန်းထားခြင်းကိုလုပ်ဆောင်ပြီး အင်ဂျင် ဝိုင်များကို ပြင်ပမှရေဖြင့် အအေးခံထားသော အအေးကွိုင်များကို ဖြတ်သန်းစေခြင်းဖြင့် အေးစေပါ သည်။ ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် အင်ဂျင်၏သက်တန်းကို ကြာရှည်ခံစေပြီး အင်ဂျင်အပူများ ဟိတက်ခြင်းများကို ကာကွယ်ပေးပါည်။ အင်ဂျင်ဝိုင်ကူလာပိတ်ပါက အင်ဂျင်ဝိုင်အအေးခံစနစ်ကို ပျက်စီးစေကာ အင်ဂျင်ဟိတက်ခြင်းဖြစ်ပေါ်စေပါသည်။ အင်ဂျင်ဝိုက်ကူလာ ကွိုင်များသို့မဟုတ် အထိုင်ဆီးကွင်းများပေါက်ပါက အင်ဂျင်ဝိုင်နှင့်ရေရောခြင်းများလည်းဖြစ်ပေါ်နိုင်ပြီး အင်ဂျင်ဝိုင်ထဲ သို့ရေရောက်သောကြောင့် ဆီကျဲသွားကာ အင်ဂျင်ဟိတက်ခြင်းနှင့် ဆူညံသံထွက်ခြင်းတို့ကို ဖြစ်ပေါ် စေနိုင်ပါသည်။ ထို့ကြောင့် အင်ဂျင်ဝိုင်ကူလာများကိုထိခိုက်မှု့မရှိအောင်လည်း ဂရုပြုကြရပါမည်။

Engine Oil – တိုက်ရိုက်ထိတွေ့မှုအောက်ရှိသတ္တုမျက်နှာပြင်နှစ်ခုသည်တစ်ခုနှင့်တစ်ခု ရွေ့လျား သောအခါအပူဖြစ်ပေါ်စေသောပွတ်တိုက်အားဖြစ်ပေါ်စေသည်။ ထိုပွတ်တိုက်အားများမှရွေ့လျား အစိတ်အပိုင်းများအလွန်အကျွံ Wear and Tear ကိုဖြစ်ပေါ်စေသည်။ သို့သော်ချောဆီဆိုသော အရာ ၀တ္ထုတစ်ခုက ၎င်းတို့ကိုတစ်ခုနှင့်တစ်ခုခွဲထုတ်လိုက်သောအခါ၎င်းတို့သည်တစ်ဦး နှင့်တစ် ဦး ရုပ်ပိုင်း ဆိုင်ရာထိတွေ့မှု့အဆက်အသွယ်မရှိကြပါ။ ထို့ကြောင့်ချောဆီအရည်ကြည်သည်ရွေ့လျားနေသော အစိတ်အပိုင်း များကို၎င်းတို့ကြားရှိချောဆီအရည်များစီးဆင်းစေခြင်းဖြင့်ခွဲခြားသောလုပ်ငန်း စဉ်ဖြစ် သည်။ အဆိုပါချောဆီအရည်, ဓာတ်ငွေ့သို့မဟုတ်အစိုင်အခဲဖြစ်နိုင်ပါတယ်။ သို့သော်အင်ဂျင် ချောဆီကိုအရည်ကြည်စနစ်သည်သာကောင်းမွန်၍ အဓိကအားဖြင့်အရည်ချောဆီကိုသာ အသုံး ပြုကြပါသည်။ အင်ဂျင်ဝိုင်၏ အဓိကတာဝန်မှာ စဉ်ဆက်မပြတ်ပွတ်တိုက်နေသော အင်ဂျင်အစိတ် အပိုင်းများကို ချောမွေ့စွာလည်ပါတ် နိုင်စေရန် ကြားခံအနေဖြင့်လုပ်ဆောင်ပေးခြင်းဖြစ်ပါသည်။ ထို့ အပြင် အင်ဂျင်အတွင်းပစ္စည်းများ၏ ပွတ်တိုက်ပွန်းစားမှု့နှင့် ပျက်စီးမှု့များကိုလည်း လျော့ချပေးပါ သည်။ အင်ဂျင်၏လှုပ်ရှားနေသော အတွင်းပစ္စည်းများ ပွတ်တိုက်မှု့နှင့် မီးပေါက်ခန်းမှထွက်ပေါ်လာ သော အပူများကြောင့် စွမ်းအင်ဆုံးရှုံးမှု့များကို အင်ဂျင်ဝိုင်မှာ ကာကွယ်ပေးပါသည်။ အင်ဂျင်ဝိုင်မှ  Wear & Tear Parts များကို အညှိတက်ခြင်းမှ ကာကွယ်ပေးပြီး အင်ဂျင်၏စွမ်းဆောင်ရည်ကို ပိုမို ကောင်းမွန်စေပါသည်။ ရွှေးလျားနေသော အင်ဂျင်အတွင်းပစ္စည်းများကို သတ္တုအချင်းချင်း ပွတ်တိုက် မှု့ကို မဖြစ်ပေါ်စေရန် သေးငယ်သောဆီအလွှာပါး လေးဖြင့်ချောမွေ့စွာဆောင်ရွက်ပေးပါသည်။ ပွတ်တိုက်မှု့ကိုလျော့ကျစေခြင်းကြောင့် အင်ဂျင်၏စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာပြီး ဆီစားနှုန်း ကိုသက်သာစေပါသည်။ အင်ဂျင်ဝိုင်တွင်ပါဝင်သော ဒြပ်ပေါင်းပစ္စည်း Additive ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် Detergent မှ အင်ဂျင်အတွင်းဝင်လာသော အမှုန်အမွှားများကိုချေဖျက်ပေးပြီး  အင်ဂျင် အတွင်းပစ္စည်းများကိုသန့်ရှင်းအောင်ဆောင်ရွက်ပေးပြီး ကြီးမားသောပျက်စီးမှု့များမှ ကာကွယ် ပေးပါသည်။ ပင်စတင်နှင့် ဆလင်ဒါလိုင်နာ များကြားတွင် ချောမွေ့စွာအတက်အဆင်းပြု လုပ်နိုင်ရန် ကြားခံအလွှာတစ်ခုအဖြစ်ဆောင်ရွက်ပေးပြီး ၊ အင်ဂျင်အတွင်းပစ္စည်းများကို အေးစေခြင်း ဖြင့် အင်ဂျင်၏စွမ်းအင်ဆုံးရှုံးမှု့များ အင်ဂျင်ယိုယွင်းပျက်စီးဆုံးရှုံးမှု့များမှကာကွယ်ပေးပါသည်။

နောက်တစ်ပါတ်တွင် အင်ဂျင်၏ Electrical System များအကြောင်းကိုဆက်လက်ဖော်ပြပါအုံးမည်။

Aung Min Soe

Sales & Marketing Manager

Real Power Trading Company

Categories: Post

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *