Excavator တွင်တပ်ဆင်ထားသော Diesel Engine ၏အခြေခံလုပ်ဆောင်ချက်များ နှင့် ပြင်ဆင်မှု့ လိုအပ်ချက်များ။

Excavator တစ်စီးတွင် အဓိကပါဝင်သော System များမှာ Engine, Hydraulic, Electrical, Drive Train, Attachment, Chassis (Structure), Filter & Fluid, GET နှင့် Undercarriage တို့ဖြစ်ပါသည်။ ထိုစနစ်များအားလုံးအနက်မှ အင်ဂျင် အကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါသည်။ Excavator တစ်စီးတွင် အင်ဂျင်သည် စက်တစ်စီးလုံးမောင်းနှင်လည်ပတ် ရန် စွမ်းအင်စတင်ထုတ်ပေး သော အစိတ်အပိုင်းဖြစ်ပါသည်။ အင်ဂျင်၏ တာဝန်မှာ ဟိုက်ဒရောလစ်မိန်းပန့် ကိုမောင်းနှင်ပေးရန် သာဖြစ် ပါသည်။ Excavator များ၏ တန်အကြီးအသေးအလိုက် အင်ဂျင် အကြီး၊ အသေး Horsepower အများ၊ အနဲ ကွာခြားသွားပါသည်။ Engine များ၏သက်တန်းမှာ စက်မောင်းနှင်သူများ၊ စက်ကြုံခိုင်ရေးပြုလုပ်သူများ၏ ထိန်းသိမ်းစောင့် ရှောက်မှု့အပေါ်မူတည်၍ Warranty ကာလများအတွင်း ပြင်ဆင်ရသော အင်ဂျင်များ ရှိသကဲ့သို့ စက်နာရီ ၁၀,၀၀၀ မှ ၁၅,၀၀၀ ဝန်းကျင်ထိ အသုံးပြုနိုင်ပါသည့် အင်ဂျင်များနှင့် ချွင်းချက် အနေဖြင့် အချို့ အင်ဂျင်များမှာ နာရီ ၁၈,၀၀၀ သို့မဟုတ် ၂၀,၀၀၀ ကျော်သည်အထိ အသုံးပြုနိုင်သော Engine များလည်း တွေ့ဖူးပါသည်။

Engine အတွင်းသို့ ထည့်သွင်းသော Engine Oil များကို အရည်အသွေးကောင်းမွန်ရန် နှင့် Grade မှန်ကန်ရန်အရေးကြီးလှပြီး ကျွန်တော်တို့ မြန်မာနိုင်ငံတွင် SAE 15W 40 ကိုသာ အဓိက အသုံးပြုကြ ပါသည်၊ Engine အကျပိုင်းရောက်ပြီး သက်တန်းကြာမြင့်သော အင်ဂျင်အချို့ တွင်သာ ပိုပြစ်သော SAE 20W 50 အင်ဂျင်ဝိုင်ကို အသုံးပြုကြပါသည်။ အင်ဂျင်ဝိုင် Change Interval မှာ နာရီ ၂၅၀ မှ ၅၀၀ အတွင်းလှဲလှယ်ကြပြီး များသောအားဖြင့် သုံးစွဲသူအများစုမှာ တစ်လတစ်ကြိမ် လှဲလှယ်ကြပါသည်။ Mechanical Engine နှင့် Electronic Engine ဟု ၂ မျိုးရှိပြီး Mechanical Engine မှာ Inline Pump, Plunger & Nozzle Type ဖြစ်ပြီး Electronic Engine များမှာ Electronic Control Module, Supply Pump, Injector များပါဝင်သောအမျိုးအစားများဖြစ်ကြပါသည်။ Engine တွင် Air Inlet & Exhaust, Fuel, Lubrication, Electrical နှင့် Cooling System များဖြင့် အဓိ ကထားကာ ဖွဲ့စည်းထားပါသည်။

Air Inlet & Exhaust System တွင် Air Cleaner, Air Hose, Turbocharger, Inlet Manifold, Exhaust Manifold, Cylinder Head, After Cooler, After Cooler Hose နှင့် Exhaust Manifold တို့ပါဝင်ပါသည်။ Fuel System တွင် Fuel Tank, Fuel Line, Fuel Filter, Fuel Priming Pump (Auto Pump), Fuel Transfer Pump, Fuel Injection Pump (Supply Pump), Fuel Injection Line, Plunger, Delivery Valve, Nozzle (Injector) စသည်တို့ပါဝင်ပါသည်။ Lubrication System တွင် Oil Sump, Oil Pump, Oil Filter, Oil Line, Engine Oil Cooler တို့ပါဝင်ပါသည်။ Engine Electrical တွင် Electronic Control Module (ECM) or Electronic Control Unit (ECU), Wiring Harness, Sender, Sensor, Injector Harness စသည်တို့ ပါဝင်ပါသည်။ Cooling System တွင် Fan, Fan Belt, Fan Pump, Fan Motor, Water Pump, Water Hose, Thermostat, Reservoir Tank နှင့် Radiator တို့ပါဝင် ပါသည်။

Engine စတင်လည်ပါတ်ပုံမှာ သော့အုံမှ သော့ကို လှည့်လိုက်သည်နှင့် Start Motor လည်ပြီး Engine Flywheel Pinion ကို လှည့်ပါ သည်။ Flywheel လည်သောကြောင့် တစ်သားတည်းဖြစ်နေသော Crank Shaft လည်ပါသည်။ ထို့ကြောင့် ချိတ်ဆက် ထားသော Piston Assembly, Connecting Rod တို့ Cylinder Liner အတွင်းတွင်အတက်အဆင်းပြုလုပ်ပြီး Engine Head မှ Inlet Valve များပွင့်ပြီး Air Cleaner မှ လေကို Turbo Charger မှစုတ်ယူကာ Inlet Manifold မှတဆင့် Combustion Chamber ထဲသို့လေကိုဖိကျစ်ကာ ထည့်ပေးပါသည်။ Crank Shaft Gear လည်ပါတ်မှု့ကြောင့် Engine ၏ရှေ့ချမ်း Gear များလည်ပတ်မှု့ဖြင့် Fuel Transfer Pump (Fuel Injection Pump) လည်ပတ်ကာ ဆီတိုင်ကီမှ ဆီကိုစုတ်ယူ၍ Plunger များမှ တွန်းပို့ပြီး ဆီပိုက်လိုင်းများကိုဖြတ်သန်းကာ Nozzle (Injector) မှ Combustion Chamber ထဲသို့ဖြန်းပေးပါသည်။ Piston & Ring တို့၏ဖိကျစ်အား ကြောင့်အပူထွက်ပေါ်လာပြီး Combustion Chamber အတွင်းတွင် အပူ၊ဆီ၊လေ အရောနှောဖြင့် လောင်ကျွမ်းကာ Camshaft လည်ပတ်ပြီး Push Rod အတက်အဆင်းပြု လုပ် Exhaust Valve များကို ထိမ်းချုပ် ခြင်းဖြင့် Exhaust Gas များကို Exhaust Manifold, Turbine ကိုဖြတ်ကာ Exhaust Muffler မှတဆင့်ထုတ်လွှတ်စေပြီး Engine တစ်လုံးလည်ပါတ်ပါသည်။ Water Pump လည်ပတ်ချင်းဖြင့် Coolant များကို Radiator မှစုတ်ယူကာ Engine Block & Head Line များမှတဆင့် Piston Liner နောက်ကျောများကို အအေးခံစေပြီး Engine Oil Pump မှ Engine Lubrication အတွင် လုပ်ဆောင်ပါသည်။ Engine သည် Mechanical Energy ကိုထုတ်ပေးပါပြီး Engine Flywheel နှင့် Hydraulic Main Pump Shaft ကို Coupling Assembly ဖြင့် ချိတ်ဆက်ထားကာ Hydraulic Main Pump ကို လည်ပါတ်စေသည်။

Engine တွင် Engine Block, Engine Head, Flywheel, Crankshaft, Camshaft, Gear, Piston & Ring, Liner,Filter, Connecting Rod, Inlet & Exhaust Valve, Lifter, Push Rod, Bearing, Injection Pump, Alternator, Turbo, Fan, Alternator, Start Motor, Gasket & Seal စသည်ဖြင့် အစိတ်အပိုင်းများစွာပါဝင်ပါသည်။ Engine Overhaul ပြုလုပ်ရာတွင်Engine Parts များကို Level ၃ မျိုးခွဲခြားထားပြီး level 1 Parts များမှာ ပျက်စီးလွယ် သော Gasket & Seal, Bearing, Valve Seal, Valve Guide, Piston Ring နှင့် Filters တို့ဖြစ်ပါသည်။ Level 2 ပစ္စည်းများမှာ Piston, Valve, Valve Guide, Valve Seat, Spring, Liner, Piston Pin, Push Rod, Gear စသည်တို့ ဖြစ်ကြပါသည်။

Engine ကို အထက်ဖွင့်ခြင်း Head Rebuilt ပြုလုပ်ခြင်း ၊ အထက်ဖွင့် အောက်ဖွင့် ပြုလုပ်ရာတွင် Level 1 & Level 2 ပစ္စည်းများကို လှဲလှယ် ကြရပါသည်။ Engine Block, Engine Head, Flywheel, Crankshaft, Camshaft စသည်တို့မှာ Life Time Parts များဖြစ်ကြပြီး Engine Error ( Problem) ဖြစ်ပေါ်မှသာ လှဲလှယ်ကြရခြင်း ဖြစ်ပါသည်။ Engine Oil စားခြင်း (ခဏခဏဖြည့်ရခြင်း)၊ Engine ဆူညံသံများ ထွက်ခြင်း၊ အင်ဂျင်သံမမှန်ခြင်း၊ မီးခိုးမဲခြင်း၊ မီးခိုးဖြူခြင်း၊ Load ဆွဲမနိုင်ခြင်း (အားမရှိခြင်း)၊ Engine Overheat ဖြစ်ခြင်း၊ အင်ဂျင် ဝိုင်ထဲသို့ ဒီဇယ်ရောက်ခြင်း၊ အင်ဂျင်ဝိုင်ထဲသို့ ရေရောက်ခြင်း၊ ရေတိုင်ကီထဲသို့ ဒီဇယ် ရောက် ခြင်း အင်ဂျင်ဝိုင်ရောက်ခြင်း၊ အင်ဂျင်နှိုးမရခြင်း၊ နှိုးရခက်ခဲ ခြင်း၊ Engine Blow By များခြင်း ဘရီသာမှ အင်ဂျင်ဝိုင်များ မှုတ်ထုတ်ခြင်း၊ Engine ထိုးရပ်ခြင်း (Stalling)၊ Coolant အမြဲလျော့ နည်းနေခြင်း စသည်များစွာသော ပြဿနာများကြောင့် အင်ဂျင်များကို (Engine Overhaul) ပြင်ဆင်မှု့ပြုလုပ်ကြရပါသည်။

Engine Oil Consumption Too Much (အင်ဂျင်ဝိုင် စားခြင်း)- Engine Oil လျော့နည်းချင်း၊ ပျောက်ခြင်း စသော ပြဿနာတွင် Engine Oil အရည်အသွေးနိမ့်ခြင်း Grade မမှန်ကန်ခြင်း၊ Piston & Ring ပွန်းစားမှု့များ လွန်းခြင်း၊ Piston Ring ဂုဏ်သတ္တိ ကျဆင်းခြင်း Ring ဟာခြင်းကြောင့် Engine အတွင်းမှ Engine Oil များကို Combustion Chamber မီးပေါက်ခန်းထဲသို့ ရောက်ရှိစေခြင်း၊ Cylinder Liner ကွဲအက်ခြင်း၊ Head Gasket ပါက်ခြင်း၊ Valve Seal, ဘားကွင်း၊ Valve Guide များမှ ယိုစိမ့်ခြင်း၊ ဆီအယိုအစိမ့်များခြင်း၊ Valve Cover Seal တိုက်ပစ်ဆီး များမှယိုစိမ့်ခြင်း၊ အင်ဂျင်ရှေ့ဂုတ်ဆီး နောက်ဂုတ်ဆီးများမှ ဆီယိုစိမ့်ခြင်း၊ Turbo Shaft Seal ဆီယိုစိမ့်ခြင်း (တာဗို အင်ဂျင်ဝိုင်လိုက်ခြင်း)၊ Fuel Injection Lubrication Line များမှယိုစိမ့်ခြင်း၊ အင်ဂျင်ဝိုင်ကန် မှ ဆီယိုစိမ့်ခြင်းနှင့် အင်ဂျင် ဘရီသာမှတဆင့် အင်ဂျင်ဝိုင်များ မှုတ်ထုတ်ခြင်း အင်ဂျင်အကျဘက် ရောက်လာခြင်း တို့ကြောင့် အင်ဂျင်ဝိုင် စားခြင်းဖြစ်ပေါ်နိုင်ပါသည်။ အင်ဂျင်ဝိုင်စားခြင်းကို အဓိက ပြင်ဆင်ရသည့်အပိုင်းမှာ Engine Head (အပေါ်) ပိုင်း ပြင်ဆင်ခြင်းပြုလုပ်လိုက်လျှင် အဆင်ပြေသည်ကများပါသည်။ထိုသို့ဖြစ်ပေါ်ပါက ပြစ်ချက်အကြောင်းအရင်းများကို သေချာစွာရှာဖွေရန်လိုအပ်ပြီး ပျက်စီးသောပစ္စည်းများအသစ်လှဲလှယ်ခြင်း နှင့် ပြင်ဆင်ခြင်းတို့ကို ပြုလုပ်ရပါမည်။

Noisy From Engine – Engine မှဆူညံသံများထွက်ခြင်းမှာ အများအားဖြင့် အင်ဂျင်ဝိုင် နဲခြင်း ကြောင့် Engine Oil Pressure ကျဆင်းခြင်း၊ ပန်ကာကြိုး လျော့ခြင်း ပွန်းစားမှု့များခြင်း၊ ပန်ကာလက်ပဲ့ခြင်း၊ Engine Valve Train များ ချောင်ခြင်း နှင့် Valve Timing ချိန်ညှိရန်လိုအပ်ခြင်း၊ Front Gear များပွန်းစား၍ရိုက်ခတ်ခြင်း ဂီယာများ ချောင်ခြင်း၊ Alternator, Air Con Compressor များ၏ Pulley & Bearing များပွန်းစားခြင်း၊ Engine အထိုင်တုံးများချောင်ခြင်း၊ Engine Head အတွင်းမှ Inlet or Exhaust Valve မျက်နှာပြင်တစ်ခု ပဲ့ခြင်း၊ Piston ထိပ်ပိုင်း များပဲ့ခြင်း၊ Cylinder Liner ပဲ့ခြင်း၊ Engine Head ကွဲခြင်း၊ Head Gasket ပြတ်ခြင်း၊ Turbo အတွင်းမှ Impeller သို့မဟုတ် Turbine Wheel များ ပဲ့ခြင်း၊ Push Rod ကောက်ခြင်း၊ Valve Lifter များချိတ်ပြုတ်ခြင်း စသည်တို့ အဖြစ်များပါသည်။ Engine ဆူညံသံဖြစ်ပေါ်ပါက အရေးအကြီးဆုံး Warning ဖြစ်၍ စက်ကို ချက်ချင်းရပ်ဖို့လိုအပ်ပြီး အင်ဂျင်၏ ချို့ရွင်းချက်ကို ရှာဖွေ ပြင်ဆင်ရပါမည်။ သို့မှသာ ဆက်စပ်ပစ္စည်းများစွာ ပျက်စီးနိုင်သော အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

နောက်တစ်ပါတ်တွင် ဆက်လက်ရေးသားဖော်ပြပါအုံးမည်။ အားလုံးကိုကျေးဇူးတင်စွာဖြင့်….

Aung Min Soe Sales & Marketing Manager Yangon

Categories: Post

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *